သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) တွင် စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုမဟာဘွဲ့ (MBA) သင်တန်း၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပညာ မဟာဘွဲ့ (MPA) သင်တန်းနှင့် အသုံးချသုတေသနပညာ မဟာဘွဲ့ (MAR) သင်တန်းများကို Online ဖြင့် ဖွင့်လှစ်သင်ကြားမည်ဖြစ်သည်။
အဆိုပါ သင်တန်းကာလမှာ (၂) နှစ်ကြာမြင့်မည်ဖြစ်ပြီး အပတ်စဥ် စနေ၊ တနင်္ဂနွေ၊ နံနက် (၉) နာရီမှ ညနေ (၅) နာရီအထိ အွန်လိုင်းမှ တက်ရောက်ရပါမည်။
အောက်ပါအရည်အချင်းနှင့် ကိုက်ညီသူများလျှောက်ထားနိုင်ပါသည်-
(က) အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရပြီးသူဖြစ်ရမည်။
(ခ) တက္ကသိုလ်တစ်ခုခုတွင် အခြားသင်တန်းတစ်ခုခု တက်ရောက်နေသူ မဖြစ်စေရ။
(ဂ) ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲ၏ သင်တန်းသို့ တက်ရောက်ခွင့်ပြုကြောင်း ထောက်ခံစာ ပါရှိရမည်။
(ဃ) သတ်မှတ်ထားသော သင်ရိုးအတိုင်း အချိန်ပြည့်မီစွာ တက်ရောက်နိုင်သူဖြစ်ပြီး Online သင်တန်း ဖြစ်သည့်အတွက် လိုအပ်သော နည်းပညာများအား ကောင်းစွာ အသုံးပြုနိုင်သူ ဖြစ်ရမည်။
မှတ်ချက်။ အနည်းဆုံး လုပ်သက် (၃) နှစ်ရှိပြီး လုပ်ငန်းအတွေ့အကြုံရှိသည့် အရည်အသွေးပြည့်မီသူများကို ဦးစားပေး ရွေးချယ်သွားမည်ဖြစ်ပါသည်။
သင်တန်းလျှောက်ထားမှုပုံစံ
သင်တန်းနှင့်သက်ဆိုင်သော လျှောက်လွှာပုံစံများကို မိမိလျှောက်ထားလိုသည့် သင်တန်းအတွက် အောက်ပါလင့်ခ်မှဖြစ်စေ (သို့မဟုတ်) သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ သင်တန်းရေးရာဌာနသို့ လူကိုယ်တိုင် ဖြစ်စေ (၁၈-၁-၂၀၂၅) ရက်မှစတင်၍ ထုတ်ယူနိုင်ပြီး (၉-၃-၂၀၂၅) ရက် နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်။
MBA > https://www.ucmsonlinestudy.org/?
MPA > https://www.ucmsonlinestudy.org/?
MAR > https://www.ucmsonlinestudy.org/?
လိုအပ်သည့်စာရွက်စာတမ်းများ
လျှောက်လွှာနှင့်တကွ အောက်ဖော်ပြပါ စာရွက်စာတမ်းများ၏ မူရင်းကို Scan ဖတ်ထားသော မိတ္တူများကို Email (သို့မဟုတ်) Viber ဖြင့် ပူးတွဲပေးပို့ရပါမည်။
(က) ဘွဲ့လက်မှတ်(သို့) ယာယီဘွဲ့ထောက်ခံစာ
(ခ) တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်
(ဂ) နိုင်ငံသားစိစစ်ရေးကတ်
(ဃ) ပညာအရည်အချင်းထောက်ခံချက်နှင့် လုပ်ငန်းအတွေ့အကြုံလုပ်ဆောင်ချက်
(င) ပတ်စ်ပို့ဓာတ်ပုံ(၄)ပုံ
ဝင်ခွင့်စာမေးပွဲ အချိန်စာရင်း
ဝင်ခွင့်ရေးဖြေစာမေးပွဲကို (၁၆-၃-၂၀၂၅) ရက် (တနင်္ဂနွေနေ့)တွင် Online မှ နံနက် (၉) နာရီမှ (၁၂) နာရီအထိ ဖြေဆိုရမည်ဖြစ်ပြီး ရေးဖြေအောင်စာရင်းနှင့် လူတွေ့ အချိန်စာရင်းကို (၁၉-၃-၂၀၂၅) ရက်တွင် ထုတ်ပြန်ပါမည်။
ဆက်သွယ်ရန်ဖုန်းနံပါတ်နှင့် အီးမေးလ်များ
(က) MBA သင်တန်းအတွက် စီမံခန့်ခွဲမှုပညာဌာန
ဖုန်း-၀၇၂-၂၀၂၃၀၂၃၊ ၀၉-၈၉၇၇၅၂၀၄၆၊ ၀၉-၆၇၆၈၃၅၉၉၉
Email- [email protected]
သင်တန်းရေးရာဌာန ဖုန်း-၀၉-၄၅၈၀၃၁၅၉၅၊ ၀၇၂-၂၀၂၃၀၁၅
Email- [email protected]
MPA သင်တန်းအတွက် သမဝါယမပညာဌာန
ဖုန်း-၀၇၂-၂၀၂၃၀၁၂ ၊ ၀၉-၈၉၇၇၅၁၇၄၂ ၊ ၀၉-၂၅၀၈၀၄၈၂၀၊ ၀၉-၆၉၉၀၆၅၃၃၁
[email protected], [email protected]
သင်တန်းရေးရာဌာန ဖုန်း-ဝ၉-၄၅၈၀၃၁၅၉၅၊ ၀၇၂-၂၀၂၃၀၁၅
Email- [email protected]
MAR သင်တန်းအတွက် စာရင်းအင်းပညာဌာန
ဖုန်း-၀၇၂-၂၀၂၃၀၂၁ ၊ ၀၉-၈၉၇၇၅၂၀၄၇ ၊ ၀၉-၆၇၃၃၅၈၂၂၄
သင်တန်းရေးရာဌာန ဖုန်း-ဝ၉-၄၅၈၀၃၁၅၉၅ ၊ ၀၇၂-၂၀၂၃၀၁၅
Email- [email protected]
လျှောက်ထားမှုနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို https://www.ucmsonlinestudy.org/ နှင့် Facebook Page: University of Co-operative and Management, Sagaing တို့တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။