အနောက်နိုင်ငံတွင် ဘွဲ့ကြို ကျောင်းသားများအတွက် ရွေးချယ်နိုင်သည့် အထူးပြု မေဂျာပေါင်း ၄၅ခု နှင့် အခြားတွဲဖက်ဘာသာရပ်များစွာ ရှိသည့်အတွက် ကျောင်းသားများသည် ၎င်းတို့၏ ပညာရေးလမ်းကြောင်းကို စိတ်ကြိုက် ရွေးချယ်နိုင်သည့် အခွင့်အရေးကို ပိုင်ဆိုင်ထားကြခြင်း ဖြစ်သည်။
တက္ကသိုလ်မှ သင်ကြားပို့ချသည့် သင်တန်းများသည် ကျောင်းသားများ ရွေးချယ်ထားသည့် ဘာသာရပ်များ အပြင် ပြင်ပမှ သင်ယူနိုင်သည့် သင်ခန်းစာများကိုပါ လေ့လာနိုင်သည့် အခွင့်အရေးကို ပေးထားပါသည်။
ထို့အပြင် ကျောင်းသားများနှင့် အတူ ပညာရေးဆိုင်ရာ စည်းကမ်းများကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းပေးနေသည့် သက်ဆိုင်ရာ ဌာနများ ပူးပေါင်း၍ ဝေဖန်ပိုင်းခြားနိုင်သည့် ဉာဏ်ရည်မြင့်မားစေရန် ရည်ရွယ်သည့် စိတ်ဝင်စားဖွယ်ကောင်းသည့် ခေါင်းစဉ်များကို အချိန်နှင့် တစ်ပြေးညီ သင်ကြားပို့ချနေပြီ ဖြစ်သည်။
တက္ကသိုလ် မှ ပို့ချမှုသင်တန်းများသည် ကျောင်းသားများကို စာရေးခြင်း နှင့် နှုတ်ဖြင့် ပြောဆို ဆက်သွယ်ခြင်း စသည့် အဓိကကျသည့် ကျွမ်းကျင်မှုများကို တိုးတက်စေမည့် အထွေထွေပညာရေး အစီအစဉ်များ ဖြစ်သည်။ ၎င်းတို့ အပြင် သိပ္ပံနည်းကျ ဆင်ခြင်နိုင်ခြင်း၊ ဝေဖန်ဆန်းစစ်နိုင်ခြင်း၊ ဆင်ခြင်နိုင်စွမ်းမြင့်မားစေခြင်း အစရှိသည့် လူမှုဘဝတွင်လိုအပ်သည့် စွမ်းရည်များပါ လေ့ကျင့်သင်ကြားပေးသော နေရာဖြစ်သည်။
အဓိက ရည်ရွယ်ချက်မှာ အထက်ပါ စွမ်းဆောင်ရည်များကို အသိဉာဏ် အသစ်များဖြင့် ပိုမိုတိုးတက်စေရန် အခွင့်အလမ်းများဖော်ဆောင်ပေးထားပြီး ကျောင်းသားများ၏ သက်ဆိုင်ရာ နယ်ပယ်တွင်သာမက ပြင်ပပတ်ဝန်းကျင်တွင်ပါ ကောင်းမွန်စွာ အသုံးချနိုင်စေရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
The University Liberal Arts program အတွက်လိုအပ်သည့် သင်ကြားပို့ချမှုများကို အောက်ပါတက္ကသိုလ် ငါးခုတွင် သင်ကြားနိုင်ပြီး တစ်နှစ်လျှင် ကျောင်းသားပေါင်း ၃၀၀၀ ခန့်ကိုလက်ခံထားပြီး ဖြစ်သည်။
၎င်းကျောင်းများမှာ Parsons School of Design, Eugene Lang College of Liberal Arts, The New School for Social Research, the Schools of Public Engagement, and the College of Performing Arts တို့ဖြစ်ပါသည်။
နှစ်စဉ်နှစ်တိုင်း လျှောက်လွှာခေါ်ဆိုရာတွင် သင်ကြားခြင်းနှင့် ဆိုင်သည့် သင်တန်းများမှာ စိတ်ဝင်စားမှုအများဆုံးဖြစ်ပြီး ထိုသင်တန်းအတွက် စာသင်နှစ် တစ်ခုလျှင် ခေါင်းစဉ်မှာ ၁၂ခု ခန့် ပါဝင်ပါသည်။
ထိုသင်တန်းများသည် ကျောင်းသားများ၏ သုတေသနလုပ်ငန်းများကို တက္ကသိုလ်အသိုင်းအဝိုင်းတွင် ဝေမျှနိုင်သည့် ပလက်ဖောင်းလည်းဖြစ်ပါသည်။ ရွေးချယ်ထားသည့်ဆရာများသည်ကျောင်းသား ၂၀၀ အထိသင်ကြားပို့ချပေးလေ့ရှိပြီး ကျောင်းသား ၂၅ယောက်မပိုသည့် အဖွဲ့ငယ်များဖွဲ့ကာ လက်ထောက်များဖြင့် စနစ်တကျ သင်ကြားပေးသည်။
By Myanmar Education Guide
Ref: The New School