စက်မှုသင်တန်းကျောင်း (သာဂရနှင့် မကွေး) တို့မှ ဖွင့်လှစ်မည့် စက်မှုကျွမ်းကျင်သင်တန်းများ

အမှတ် (၃) စက်မှုသင်တန်းကျောင်း (သာဂရ) နှင့် အမှတ် (၅) စက်မှုသင်တန်းကျောင်း (မကွေး) တို့တွင် စက်မှုကျွမ်းကျင် (၁) နှစ်သင်တန်းများကို ၂၀၂၅ ခုနှစ် မေလတွင် ဖွင့်လှစ်မည်ဖြစ်ပါသဖြင့် ပညာအရည်အချင်း (၁၀) တန်း တက်ရောက်ဖူးသူများမှစ၍ လျှောက်ထားနိုင်ပြီဖြစ်သည်။

 

စက်မှုသင်တန်းကျောင်း (သာဂရ) တွင် ဖွင့်လှစ်မည့် သင်တန်းများ

အောက်ပါသင်တန်းများကို စာတွေ့ (၃၀%)၊ လက်တွေ့ (၇၀%) သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းအမျိုးအစားတစ်ခုတွင် လူဦးရေ (၃၀) ဦးသာ လက်ခံသင်ကြားပေးမည်ဖြစ်သည်။

  • စက်ရုံပစ္စည်းပညာသည်သင်တန်း (Machinery Course)
  • ကွန်ပျူတာသုံးဒီဇိုင်း/ထုတ်လုပ်မှုသင်တန်း (CAD/CAM Course)
  • လျှပ်စစ်ပညာသည်သင်တန်း (Electrician Course)
  • အီလက်ထရောနစ်ပညာသည်သင်တန်း (Electronics Course)
  • သတ္တုရည်ကျိုပညာသည်သင်တန်း (Foundry Course)

 

သင်တန်းဖွင့်လှစ်မည့်နေရာ

အမှတ် (၃) စက်မှုသင်တန်းကျောင်း (သာဂရ)၊ သာဂရစက်မှုနယ်မြေ၊ ရေတာရှည်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး။

 

သင်တန်းကာလ

၂၀၂၅ ခုနှစ်၊ မေလ (၁၉) ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ ဧပြီလ (၈) ရက်နေ့အထိ

 

လျှောက်ထားလိုသူများတွင် ရှိရမည့် သတ်မှတ်အရည်အချင်းများ

  • စနစ်ဟောင်း (၁၀) တန်းဖြေဆိုဖူးသူ (သို့) စနစ်သစ် (၁၂) တန်း ဖြေဆိုဖူးသူ
  • သင်တန်းစတင်ဖွင့်လှစ်မည့် မေလ (၁၉) ရက်နေ့တွင် အသက် (၁၇) နှစ်ပြည့်ပြီး (၂၅) နှစ်ထက် မကျော်လွန်သူ
  • ပြည်ထောင်စုမြန်မာနိုင်ငံသား (ကျား/မ)
  • အိမ်ထောင်မရှိသူ (လူပျို/အပျို)
  • ကျန်းမာရေးကောင်းမွန်ပြီး စက်မှုဝါသနာပါသူ
  • သင်တန်းစည်းကမ်းများကို လိုက်နာပြီး သင်တန်းပြီးဆုံးအောင် တက်ရောက်နိုင်သူ

 

သင်တန်းလျှောက်ထားခြင်း

သင်တန်းဝင်ခွင့်လျှောက်လွှာများကို အောက်ပါနေရာများတွင် ရယူလျှောက်ထားနိုင်ပြီး ၂၀၂၅ ခုနှစ်၊ မတ်လ (၂၅) ရက်နေ့၊ နေ့လည် (၄) နာရီတွင် နောက်ဆုံးထား ပြန်လည်ပေးပို့ရပါမည်။ ထို့အပြင် သတ်မှတ်လျှောက်လွှာ ပုံစံအား https://industry.gov.mm ဝက်ဘ်ဆိုက်ဒ်နှင့် No.3 Industraial Training Center - Thagaya Facebook Page တို့တွင်လည်း Download ရယူနိုင်ပါသည်။

  • အမှတ် (၃) စက်မှုသင်တန်းကျောင်း (သာဂရ)၊ သာဂရစက်မှုနယ်မြေ၊ ရေတာရှည်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး။ ဖုန်း - ၀၉-၄၂၀၇၃၁၅၄၉၊ ၀၉-၄၂၀၇၃၁၅၄၇
  • သင်တန်းကျောင်းများကြီးကြပ်ရေးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀)၊ နေပြည်တော်။ ဖုန်း - ၀၆၇ ၃၄၀၅၀၅၁


လျှောက်လွှာမူရင်းနှင့်အတူ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ

  • နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ (၁) စောင်
  • လိုင်စင်ဓာတ်ပုံ (၃) ပုံ
  • ရပ်ကွယ်ထောက်ခံစာ (သို့) ရဲစခန်းထောက်ခံစာ မူရင်း (၁) စောင်
  • ကျန်းမာရေးထောက်ခံစာ မူရင်း (၁) စောင်
  • (၁၀) တန်း (သို့) (၁၂) တန်း တက်ရောက်ဖူးကြောင်း ထောက်ခံစာ မူရင်း (သို့) (၁၀) တန်း (သို့) (၁၂) တန်း အောင်လက်မှတ် မိတ္တူ (၁) စောင်
  • ကိုဗစ်-၁၉ ရောက်ဂါကာကွယ်ဆေးထိုးပြီးကြောင်း ဆေးမှတ်တမ်း မိတ္တူ (၁) စောင်

 

သင်တန်းဝင်ခွင့်စာမေးပွဲများ

လူတွေ့နှုတ်မေး ဖြေဆိုခွင့် ရရှိသူများစာရင်းကို အမှတ် (၃)၊ စက်မှုသင်တန်းကျောင်း (သာဂရ) တွင် ကြေညာထားမည်ဖြစ်ပြီး ၂-၄-၂၀၂၅ ရက်နေ့မှ ၄-၄-၂၀၂၅ ရက်နေ့အထိ အင်္ဂလိပ်စာအခြေခံ၊ သင်္ချာအ‌ခြေခံနှင့် စက်မှုဗဟုသုတများကို ဖြေဆိုရပါမည်။

လူတွေ့စစ်ဆေးမှုကို အမှတ် (၃)၊ စက်မှုသင်တန်းကျောင်း (သာဂရ) တွင် ပြုလုပ်မည်ဖြစ်ပြီး  နိုင်ငံသားစိစစ်ရေးကတ် (မူရင်း) နှင့် (၁၀) တန်း (သို့) (၁၂) တန်း တက်ရောက်ဖူးကြောင်း ထောက်ခံစာ (သို့) (၁၀) တန်း (သို့) (၁၂) တန်း အောင်လက်မှတ် (မူရင်း) တို့ကို တစ်ပါတည်း ယူဆောင်သွားရပါမည်။  

 

ထောက်ပံ့ကြေး

လူတွေ့နှုတ်ဖြေစစ်ဆေးခြင်းကာလတွင် နေထိုင်ရေး၊ စားသောက်ရေးနှင့် သွားလာရေးကိစ္စများကို မိမိအစီအစဉ်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ပြီး သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း သင်တန်းသားများအတွက် ကျောင်အဆောင်များတွင် နေရာချထားပေးပါမည်။ လစဉ် စားစရိတ်အဖြစ် သင်တန်းတစ်ဦးကို (၄၅,၀၀၀) ကျပ် ရရှိမည်ဖြစ်ပြီး ယူနီဖောင်းနှစ်စုံကြေး (၄၀,၀၀၀) ကျပ်ကိုလည်း ထောက်ပံ့ပေးမည်ဖြစ်သည်။

 
အောင်လက်မှတ်ချီးမြှင့်ခြင်း

သင်တန်းကာလ ပြီးဆုံးအောင် တက်ရောက်၍ အောင်မြင်သော သင်တန်းသားများအား သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပေးပြီး အောင်လက်မှတ်ချီးမြှင့်ပါမည်။

 

Related Article :  စက်မှုသင်တန်းကျောင်း (မန္တလေး) တွင် ဖွင့်လှစ်မည့် သင်တန်း (၆) ခု


စက်မှုသင်တန်းကျောင်း (မကွေး) တွင် ဖွင့်လှစ်မည့် သင်တန်းများ

အောက်ပါသင်တန်းအမျိုးအစားများကို စာတွေ့ (၃၀%)၊ လက်တွေ့ (၇၀%) သင်ကြားပို့ချမည်ဖြစ်ပြီး မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းမှု သင်တန်းများတွင် လူဦးရေ (၁၃၀) ဦးနှင့် ကွန်ပျူတာဒီဇိုင်းရေးဆွဲ/ထုတ်လုပ်မှုသင်တန်းတွင် လူဦးရေ (၃၀) ဦး လက်ခံသင်ကြားပေးသွားမည်ဖြစ်သည်။

၁။ မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းမှု သင်တန်း (Automobile Maintenance Course)

  • အင်ဂျင်ပြုပြင်ထိန်းသိမ်းခြင်း (Engine Maintenance Module)
  • မော်တော်ယာဉ်လျှပ်စစ်နှင့် အီလက်ထရောနစ် (Electricity & Electronic Module)
  • ထရန်စမစ်ရှင်းနှင့် ယာဉ်အောက်ပိုင်းပြုပြင် ထိန်းသိမ်းခြင်း (Transmission and Chassis Module)
  • မော်တော်ယာဉ်ကိုယ်ထည်ပြုပြင်ခြင်းနှင့် ဆေးမှုတ်ခြင်း (Body Repair & painting Module)

၂။ ကွန်ပျူတာဒီဇိုင်းရေးဆွဲ/ထုတ်လုပ်မှုသင်တန်း (CAD/CAM Course)

 

သင်တန်းဖွင့်လှစ်မည့်နေရာ

အမှတ် (၅) စက်မှုသင်တန်းကျောင်း (မကွေး)၊ မကွေးစက်မှုနယ်မြေ၊ မကွေးမြို့နယ်၊ မကွေးတိုင်းဒေသကြီး။

 

သင်တန်းကာလ

၂၀၂၅ ခုနှစ်၊ မေလ (၁၂) ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ မတ်လ (၂၀) ရက်နေ့အထိ

 

လျှောက်ထားလိုသူများတွင် ရှိရမည့် သတ်မှတ်အရည်အချင်းများ

  • စနစ်ဟောင်း (၁၀) တန်း သင်ယူ/ဖြေဆိုဖူးသူ (သို့) စနစ်သစ် (၁၂) တန်း သင်ယူပြီးမြောက်ပြီးသူ
  • သင်တန်းစတင်ဖွင့်လှစ်မည့် မေလ (၁၂) ရက်နေ့တွင် အသက် (၁၇) နှစ်ပြည့်ပြီး (၂၅) နှစ်ထက် မကျော်လွန်သူ
  • ပြည်ထောင်စုမြန်မာနိုင်ငံသား (ကျား/မ)
  • အိမ်ထောင်မရှိသူ (လူပျို/အပျို)
  • ကျန်းမာရေးကောင်းမွန်ပြီး စက်မှုဝါသနာပါသူ
  • သင်တန်းစည်းကမ်းများကို လိုက်နာပြီး သင်တန်းပြီးဆုံးအောင် တက်ရောက်နိုင်သူ

 

သင်တန်းလျှောက်ထားခြင်း

သင်တန်းဝင်ခွင့်လျှောက်လွှာများကို အောက်ပါနေရာများတွင် ရယူလျှောက်ထားနိုင်ပြီး ၂၀၂၅ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့၊ နေ့လည် (၄) နာရီတွင် နောက်ဆုံးထား ပြန်လည်ပေးပို့ရပါမည်။ ထို့အပြင် သတ်မှတ်လျှောက်လွှာ ပုံစံအား https://www.industry.gov.mm ဝက်ဘ်ဆိုက်ဒ်နှင့် "Itc Magway" Facebook Page တို့တွင်လည်း Download ရယူနိုင်ပါသည်။

  • အမှတ် (၅) စက်မှုသင်တန်းကျောင်း (မကွေး)၊ မကွေးစက်မှုနယ်မြေ၊ မကွေးမြို့နယ်၊ မကွေးတိုင်းဒေသကြီး။
  • သင်တန်းကျောင်းများကြီးကြပ်ရေးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀)၊ နေပြည်တော်။ ဖုန်း - ၀၆၇ ၃၄၀၅၀၅၁၊

 

လျှောက်လွှာမူရင်းနှင့်အတူ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ

  • နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ (၁) စောင်
  • လိုင်စင်ဓာတ်ပုံ (၃) ပုံ
  • ရပ်ကွယ်ထောက်ခံစာ (သို့) ရဲစခန်းထောက်ခံစာ မူရင်း (၁) စောင်
  • ကျန်းမာရေးထောက်ခံစာ မူရင်း (၁) စောင်
  • (၁၀) တန်း (သို့) (၁၂) တန်း တက်ရောက်ဖူးကြောင်း ထောက်ခံစာ မူရင်း (သို့) (၁၀) တန်း (သို့) (၁၂) တန်း အောင်လက်မှတ် မိတ္တူ (၁) စောင်
  • ကိုဗစ်-၁၉ ရောက်ဂါကာကွယ်ဆေးထိုးပြီးကြောင်း ဆေးမှတ်တမ်း မူရင်း (၁) စောင်

 

သင်တန်းဝင်ခွင့်စာမေးပွဲများ

လူတွေ့နှုတ်မေး ဖြေဆိုခွင့် ရရှိသူများစာရင်းကို အမှတ်(၅) စက်မှုသင်တန်းကျောင်း (မကွေး) တွင် ကြေညာထားမည်ဖြစ်ပြီး ၂-၄-၂၀၂၅ ရက်နေ့မှ ၄-၄-၂၀၂၅ ရက်နေ့အထိ အင်္ဂလိပ်စာအခြေခံ၊ သင်္ချာအ‌ခြေခံနှင့် စက်မှုဗဟုသုတများကို ဖြေဆိုရပါမည်။

လူတွေ့စစ်ဆေးမှုကို အမှတ် (၅)၊ စက်မှုသင်တန်းကျောင်း (မကွေး) တွင် ပြုလုပ်မည်ဖြစ်ပြီး  နိုင်ငံသားစိစစ်ရေးကတ် (မူရင်း) နှင့် (၁၀) တန်း (သို့) (၁၂) တန်း တက်ရောက်ဖူးကြောင်း ထောက်ခံစာ (သို့) (၁၀) တန်း (သို့) (၁၂) တန်း အောင်လက်မှတ် (မူရင်း) တို့ကို တစ်ပါတည်း ယူဆောင်သွားရပါမည်။  

 

ထောက်ပံ့ကြေး

လူတွေ့နှုတ်ဖြေစစ်ဆေးခြင်းကာလတွင် နေထိုင်ရေး၊ စားသောက်ရေးနှင့် သွားလာရေးကိစ္စများကို မိမိအစီအစဉ်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ပြီး သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း သင်တန်းသားများအတွက် ကျောင်အဆောင်များတွင် နေရာချထားပေးပါမည်။ လစဉ် စားစရိတ်အဖြစ် သင်တန်းတစ်ဦးကို (၄၅,၀၀၀) ကျပ် ရရှိမည်ဖြစ်ပြီး ယူနီဖောင်းနှစ်စုံကြေး (၄၀,၀၀၀) ကျပ်ကိုလည်း ထောက်ပံ့ပေးမည်ဖြစ်သည်။

 

အောင်လက်မှတ်ချီးမြှင့်ခြင်း

သင်တန်းကာလ ပြီးဆုံးအောင် တက်ရောက်၍ အောင်မြင်သော သင်တန်းသားများအား သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပေးပြီး အောင်လက်မှတ်ချီးမြှင့်ပါမည်။

==============================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

 

Latest Post Local News Read 122 times