ကျောင်းစရိတ်အပြင် နေစားစရိတ်ပါ ထောက်ပံ့ပေးမယ့် စင်္ကာပူ ပညာသင်ဆု

ဒီတစ်ပတ်အတွက် စင်္ကာပူနိုင်ငံမှာ ဘွဲ့ကြိုပညာသင်ယူချင်တဲ့ မြန်မာကျောင်းသားတွေအတွက် ပညာသင်စရိတ်အပြင် နေစားစရိတ်ပါ ရရှိမယ့် ပညာသင်ဆုတစ်ခုကို မျှဝေပေးသွားပါမယ်။ ဒီပညာသင်ဆုကတော့ စင်္ကာပူနိုင်ငံရဲ့ အစိုးရတက္ကသိုလ်တစ်ခုဖြစ်တဲ့ Singapore University of Social Sciences (SUSS) ကနေ အာဆီယံကျောင်းသားတွေကို ပေးအပ်ချီးမြှင့်တဲ့ ပညာသင်ဆု ဖြစ်ပါတယ်။

 

သင်ကြားနိုင်မယ့် ဘာသာရပ်များ

  • Bachelor of Accountancy
  • Bachelor of Arts in Chinese Studies
  • Bachelor of Early Childhood Education
  • Bachelor of Human Resource Management
  • Bachelor of Public Safety and Security
  • Bachelor of Science in Business Analytics
  • Bachelor of Science in Finance
  • Bachelor of Science in Information and Communication Technology
  • Bachelor of Science in Marketing
  • Bachelor of Science in Psychology
  • Bachelor of Science in Supply Chain Management
  • Bachelor of Social Work

အသေးစိတ် လေ့လာရန် > https://www.suss.edu.sg/full-time-undergraduate/international-students

 

ပညာသင်ဆု အမျိုးအစား

SUSS က အာဆီယံကျောင်းသားတွေကို ASEAN Undergraduate Scholarship နဲ့ Temasek Foundation Sunburst Scholarship ဆိုပြီး ပညာသင်ဆု (၂) မျိုး ပေးထားတာဖြစ်တဲ့အတွက် ကြိုက်ရာ ပညာသင်ဆုကို လျှောက်ထားနိုင်ပါတယ်။

 

ASEAN Undergraduate Scholarship အကျိုးခံစားခွင့်

  • Tuition Fee - 100%
  • Living Allowance -  $5,800 (Per AY)
  • Accommodation Allowance    - $3,000 (Per AY)
  • Computer Allowance - $1,750 (once-off upon enrolment)

 

Temasek Foundation Sunburst Scholarship အကျိုးခံစားခွင့်

  • Tution Fees - S$18,800 per year
  • Allowance - S$6,000 per year

 

ဘယ်သူတွေ လျှောက်ထားနိုင်လဲ?

  • အာဆီယံနိုင်ငံသား ဖြစ်ရပါမယ်။
  • GCE A Level (သို့) IGCES A level (သို့) ACT (သို့) SAT (သို့) IB တို့ကို ဖြေဆိုအောင်မြင်ထားရပါမယ်။
  • ပညာရေးမှတ်တမ်းအပြင် သင်ရိုးပြင်ပလှုပ်ရှားမှု မှတ်တမ်းလည်း ကောင်းမွန်ရပါမယ်။
  • လူထုအကျိုးပြုလုပ်ငန်းတွေမှာ တက်ကြွစွာ ပါဝင်လှုပ်ရှားသူဖြစ်ရပါမယ်။
  • IELTS (သို့) TOEFL တို့လို အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲ ဖြေဆိုထားရပါမယ်။

 

လျှောက်ထားရမယ့်ပုံစံ

အွန်လိုင်းကနေတဆင့် ကိုယ်တက်ရောက်လိုတဲ့ ပရိုဂရမ်ကို ရွေးချယ်ပြီး တက္ကသိုလ်ဝင်ခွင့်ကို အရင် လျှောက်ထားရမှာ ဖြစ်ပါတယ်။ ဝင်ခွင့်လျှောက်ထားပြီးတော့မှ အောက်ကလင့်ခ်တွေကနေတဆင့် ၂၀၂၅ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့ နောက်ဆုံးထားပြီး ပညာသင်ဆု အမျိုးအစားအလိုက် လျှောက်လွှာတင်ရမှာ ဖြစ်ပါတယ်။ အင်တာဗျူးဖြေရမယ့် ပထမအဆင့် ရွေးချယ်ခံရသူတွေကို မေလကုန်မှာ အကြောင်း‌ကြားပေးမှာ ဖြစ်ပါတယ်။

 

ASEAN Undergraduate Scholarship လျှောက်လွှာ > https://sims1.suss.edu.sg/ASEAN-SCH-FT

Temasek Foundation Sunburst Scholarship လျှောက်လွှာ >  https://sims1.suss.edu.sg/TFSS(A)
 
SUSS တက္ကသိုလ်ဝင်ခွင့် လိုအပ်ချက်များ ဖတ်ရှုရန် > undergraduate/admissions/eligibility

ပညာသင်ဆုအကြောင်း ဖတ်ရှုရန် > https://www.suss.edu.sg/

==========================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

International Latest Post Read 12 times