ကယ်လီဖိုးနီးယား Westcliff University တွင် တစ်နှစ်စာ ကျောင်းလခ၏ ၁၅ရာခိုင်နှုန်း ပညာသင်ဆုပေးအပ်

ကယ်လီဖိုးနီးယား Westcliff University တွင် တစ်နှစ်စာ ကျောင်းလခ၏ ၁၅ရာခိုင်နှုန်း ပညာသင်ဆုပေးအပ်

Westcliff University တွင် မျက်မှောက်ကာလ ပညာရေး၊ စီးပွားရေးနယ်ပယ်တွင် ၀င်ရောက်ပြီး တိုးတက်အောင် လုပ်ဆောင်နိုင်သည့် အရည်အချင်းကောင်းတဲ့ ကျောင်းသားများ မွေးထုတ်ပေးရန်အတွက် ၁၉၉၃ တွင် College of Business နှင့် College of Education တို့ကို ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။

ယင်းအောက်တွင် Program အများအပြားပါဝင်သည့် Certificate level မှစ၍ ဘွဲ့ကြိုနှင့် ဘွဲ့လွန်အထိ ပါဝင်ပြီး စီးပွားရေးအရေးပေါ်လိုအပ်ချက်အရ Theory အခြေခံသော လက်တွေ့လုပ်ဆောင်ချက်များ မွမ်းမံသင်ကြားပေးသည့် တက္ကသိုလ်ဖြစ်ကြောင်း သိရပါတယ်။

College of Business အောက်တွင် BBA, MBA, DBA အစရှိသည်တို့ကို သင်ကြားပေးကြောင်း သိရပါတယ်။ ကျောင်းသားများအနေဖြင့် College of Business တက်ရောက်စဉ်တွင် Communication skills, Presentation နှင့် Discussion များစွာ ပြုလုပ်ရသည်။ ထိုကဲ့သို့ ပါဝင်ခြင်းဖြင့် အတန်းကြီး ကျောင်းသားများနှင့် ဆွေးနွေး၍ Project များ အသေးစိတ်ဝေဖန်ပိုင်းခြားပြုလုပ်ရမည်ဟုလည်း သိရပါတယ်။

Westcliff University တွင် Certificate of TESOL, MA, TESOL အစရှိသည့် program များရှိပြီး Admission Requirement အနေဖြင့် IELTS 6.5 သို့မဟုတ် TOEFL 550 ရရှိရန် လိုအပ်ကြောင်း သိရပါတယ်။

ယင်းအမှတ်များ မရရှိပါက Westcliff University တွင် English as a Second Language ကို တက်ရောက်နိုင်ပြီး Practical Training- Internship ဆင်းလိုပါကလည်း ဘွဲ့ရပြီးချိန်တွင် Internship ဆင်းနိုင်ကြောင်း သိရပါတယ်။

ကျောင်းတက်ရန် SAT/ GMAT/GRE ရမှတ်များ မလိုအပ်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားသားများ ၀င်ရောက်လာသည်နှင့်အမျှ International ကျောင်းများ အများအပြား ပေါ်ပေါက်လျှက်ရှိရာ မြန်မာဆရာ/ဆရာမများ လုပ်ငန်းခွင်ဝင်ရန် အလုပ်အကိုင်အခွင့်အလမ်း အများဆုံး စာရင်းတွင် ပါဝင်ကြောင်း သိရပါတယ်။

Intakes မှာ January, May, August တို့ဖြစ်ပြီး ကျောင်းစရိတ်မှာ တစ်နှစ်ကို US$ 12,000 ဖြစ်ပြီး နေထိုင် စားသောက်စားရိတ်မှာ တစ်လလျှင် US$ 700 နှင့် 1,000 ကြားမိမိသုံးသည့် facilities ပေါ်မူတည်ပြီး အပြောင်းအလဲရှိကြောင်းလည်း သိရပါတယ်။

Source: Internet Journal

International Read 1668 times