UoPeople အွန်လိုင်းတက္ကသိုလ်မှာ Scholarship လျှောက်ပြီး ဘွဲ့ယူကြမယ်

သင်က ငွေကြေးကုန်ကျမှု မရှိဘဲ အွန်လိုင်းကနေ နိုင်ငံတကာအဆင့်မီ Bachelor (သို့) Master ဘွဲ့ကို လိုချင်တယ်ဆိုရင် အမေရိကန်အွန်လိုင်းတက္ကသိုလ်ကြီးဖြစ်တဲ့ University of The People မှာ ပညာသင်ဆု လျှောက်လို့ရပါတယ်။

Uopeople ဆိုတာ နိုင်ငံတကာက ကျောင်းသားတွေအတွက် အမြတ်အစွန်း မယူဘဲ ပညာဆက်လက်သင်ယူနိုင်ဖို့ ထောက်ပံ့ပေးနေတဲ့ ကမ္ဘာ့ပထမဆုံး အွန်လိုင်းတက္ကသိုလ်တစ်ခု ဖြစ်ပါတယ်။ Uopeople ဟာ အမေရိကန်ပညာရေးဝန်ကြီးဌာနက အသိအမှတ်ပြုထားတဲ့ အဝေးသင်ပညာရေးကော်မရှင် (DEAC) က အသိအမှတ်ပြုခံထားရတဲ့အပြင် ဒေသဆိုင်ရာအသိအမှတ်ပြုအေဂျင်စီတစ်ခုဖြစ်တဲ့ WASC Senior College and University Commission (WSCUC) အဖွဲ့အစည်းရဲ့ အသိအမှတ်ပြုမှုကိုလည်း ရထားပါတယ်။ 

Uopeople မှာ တက်ရောက်နိုင်တဲ့ ပရိုဂရမ်တွေကတော့ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါတယ်။

Bachelor’s Degree

  • Business Administration
  • Computer Science
  • Health Science

Master's Degree

  • Business Administration
  • Information Technology
  • Education

Associate’s Degree

  • Business Administration
  • Computer Science
  • Health Science

Certificate Programs

  • Business Administration
  • Computer Science
  • Health Science
  • English as a Second Language (ESL)

Uopeople က Tuition-Free တက္ကသိုလ်ဖြစ်တဲ့အတွက် သူ့ဆီမှာ ပညာသင်မယ်ဆိုရင် အောက်ဖော်ပြပါအတိုင်း Assessement Fee နဲ့ Application Fee သာ ကုန်ကျမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစရိတ်တွေကိုလည်း အခက်အခဲရှိလို့ ကုန်ကျမခံနိုင်ဘူးဆိုရင် ပညာသင်ဆု လျှောက်လို့ရပါတယ်။  

Assessment Fees:

Certificates: $200

ESL: $130

Undergraduates: $140

Graduates: $350 ~ $400

Application Fee:

All programs: $60

ပညာသင်ဆု လျှောက်ထားပုံကို UoPeople Myanmar Students Page ဖော်ပြချက်အရ တင်ပြထားပါတယ်။
ပညာသင်ဆုမလျှောက်ခင် ပထမဆုံးလုပ်ရမှာကတော့ ကျောင်းဝင်ခွင့် လျှောက်ရပါမယ်။ ကျောင်းဝင်ခွင့်လျှောက်ဖို့ရာ လိုအပ်ချက်တွေကတော့ ကျောင်းလျှောက်မယ့်သူက အသက် (၁၆) နှစ် ပြည့်ဖို့ လိုအပ်ပြီး တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မူရင်း၊ အမှတ်စာရင်းမူရင်းနဲ့ Notary ရှိဖို့လိုပါတယ်။ 

နောက်ဆုံးတစ်ခုအနေနဲ့ကတော့ English Proficiency Test (e.g. IELTS, TOEFL, Duolingo, English Score from British Council) ဖြေထားပါက ကျောင်းလျှောက်ရာမှာ အသုံးပြုပြီး English Composition I ကို ကျော်လို့ရပါတယ်။ 

English Proficiency Test မရှိတဲ့သူတွေကတော့ English Composition I ကို (၁၀) ပတ် တက်ရောက်ပြီး စာမေးပွဲဖြေဆို အောင်မြင်ပါက ကျောင်းစတင် တက်ရောက်နိုင်ပါပြီ။

ပထမဆုံး ကျောင်းလျှောက်ဖို့ကို https://apply.uopeople.edu/ ထဲဝင်ပြီး ကိုယ်ရေးအချက်အလက်တွေနဲ့ တက်ရောက်လိုတဲ့ Program ကို ဖြည့်သွင်းလိုက်ပါ။ ဖြည့်သွင်းပြီးပါက Great New! ဆိုပြီးတော့ Application fee $60 သွင်းဖို့ ပြောပါတယ်။

ဒီအဆင့်ကို ရောက်ပြီဆိုရင်တော့ Mail မှာ Confirm Email Address ဆိုတာလေးကို နှိပ်လိုက်ပြီး Password သတ်မှတ်ပေးရမှာပါ။ Mail address နဲ့ ခုနက Password လေးကို အသုံးပြုပြီး https://portal.uopeople.edu/login UoPeople Portal ထဲမှာ ကိုယ်ရေးအချက်အလက်တွေကို ပြည့်စုံမှန်ကန်စွာ ဖြည့်ပေးရမှာပါ။

ဒီအဆင့်တွေပြီးသွားရင်တော့ [email protected] ကို လိပ်မူပြီး Application Fee အတွက် ငွေကြေးထောက်ပံ့မှု ရယူလိုပါကြောင်း Mail ပို့ပေးရမှာပါ။ Application Fee ကင်းလွတ်ခွင့် ရပြီဆိုရင် Assessment Fee အတွက် ပညာသင်ဆု လျှောက်လို့ရပါပြီ။

Assessment Fee ပညာသင်ဆု လျှောက်ရာမှာ ပိုက်ဆံဘယ်လောက်ကုန်ကျခံနိုင်သလဲ မေးတာကို Full Scholarship ရယူလိုပါက 0 ဆိုတာကို ဖြည့်သွင်းရမှာ ဖြစ်ပါတယ်။ 

နောက်ပြီး မိမိကိုယ်ရေးအကျဥ်းနဲ့ ဘာကြောင့် ပညာသင်ဆု လိုအပ်လဲဆိုတာကို Character (၁၀၀၀) မကျော်ဘဲ Essay တစ်ပုဒ် ရေးရမှာပါ။ Assessment Fee ပညာသင်ဆုမှာ တစ်နှစ်စာ Course (၁၀) ခုစာအတွက် ရရှိမှာဖြစ်ပြီး နောက်နှစ်တွေအတွက် ဆက်လက်လျှောက်ထားလိုပါက GPA ကောင်းဖို့ လိုပါတယ်။
 
ဒီပညာသင်ဆုက ပုံမှန်လို တစ်နှစ်မှာ တစ်ကြိမ်တည်း လျှောက်လို့ရတာ မဟုတ်ဘဲ Term (၅) ခုရှိတဲ့အတွက် Academic Calendar အရ ကိုယ်တက်ရောက်လိုတဲ့ အချိန်ကာလအလိုက် အဆင်ပြေတဲ့ Deadline ကို ရွေးပြီး လျှောက်ထားနိုင်ပါတယ်။ 

လောလောဆယ်မှာတော့ ဧပြီ (၁၀) ရက်နေ့ စမယ့် Term  (4) အတွက် မတ်လ (၂၀) ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ပြီး ဇွန် (၁၉) စမယ့် Term (5) အတွက် မေ (၂၉) အထိ နောက်ဆုံးထား လျှောက်ထားနိုင်ပါတယ်။

တက္ကသိုလ်ပညာရေး တစ်ပိုင်းတစ်စနဲ့ ရပ်နားထားရတဲ့သူတွေအတွက် အချိန်တိုတိုအတွင်း ဘွဲ့လိုချင်တယ်ဆိုရင် Credit Transfer လုပ်ပြီးလည်း ဆက်လက် တက်ရောက်နိုင်ပါတယ်။

အသေးစိတ်ဖတ်ရှုရန် > transferring-credits/

Uopeople Official Website > https://www.uopeople.edu

==========================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

 

International Latest Post Read 343 times