ဩစတေးလျအစိုးရက ပေးအပ်တဲ့ (Australia Awards) ပညာသင်ဆုများကို စတင် လျှောက်ထားနိုင်ပါပြီ

မြန်မာဘွဲ့ရကျောင်းသားတွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Australia Awards ပညာသင်ဆုကို ၂၀၂၆ ခုနှစ်အတွက် စတင်လျှောက်ထားနိုင်ပြီဖြစ်ပြီး ဒီနှစ်မှာ ထူးထူးခြားခြား အစီအစဉ်တစ်ရပ်အနေနဲ့ မဲခေါင်-သြစတြေးလျ မိတ်ဖက်အစီအစဉ် (Mekong-Australia Partnership - MAP) ပညာသင်ဆုကိုလည်း ထပ်တိုး ပညာသင်ဆုတစ်ခုအဖြစ် စတင် ပေးအပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

Australia Awards Scholarship - AAS

AAS ဆိုတာ မြန်မာဘွဲ့ရကျောင်းသားတွေအတွက် ဩစတေးလျမှာ မာစတာတန်းကို ငွေကြေးကုန်ကျမှု မရှိဘဲ အဆင်ပြေပြေ တက်ရောက်နိုင်ဖို့ ဩစတေးလျအစိုးရက ပညာသင်စရိတ် ထောက်ပံ့ပေးတဲ့ ပညာသင်ဆုဖြစ်ပါတယ်။

 

ဦးစားပေး လျှောက်ထားနိုင်တဲ့ ဘာသာရပ်နယ်ပယ်များ

 

အကျိုးခံစားခွင့်များ

  • အပြန်လေယာဉ်လက်မှတ်
  • အခြေချစရိတ်
  • ကျောင်းလခ
  • နေထိုင်စရိတ်
  • သက်ဆိုင်ရာ ပရိုဂရမ်အတွက် အကြိုသင်ကြားရေး
  • သင်ထောက်ကူပစ္စည်းများ
  • ကျန်းမာရေး အာမခံကြေး
  • သုတေသနအတွက် ကုန်ကျစရိတ်

 

အရည်အချင်းသတ်မှတ်ချက်များ

  • မြန်မာနိုင်ငံသားဖြစ်ရပါမယ်။
  • ဘွဲ့ရပြီးသူဖြစ်ရပါမယ်။
  • အနည်းဆုံး အလုပ်အတွေ့အကြုံ (၄) နှစ် ရှိရပါမယ်။ (အချိန်ပြည့်/အချိန်ပိုင်း/စေတနာ့ဝန်ထမ်း)
  • လေ့လာသင်ယူဖူးသမျှ မှတ်တမ်းကို ဖော်ပြနိုင်ရပါမယ်။
  • လျှောက်မယ့်ပရိုဂရမ်နဲ့ တူညီတဲ့ မာစတာဘွဲ့ ရရှိဖူးသူ မဖြစ်ရပါ။
  • သက်တမ်းမကုန်သေးတဲ့ ပတ်စပို့ ရှိရပါမယ်
  • ကျောင်းသားဗီဇာ ရရှိဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ လိုအပ်ချက်တွေကို ပြည့်မီရပါမယ်။

 

အင်္ဂလိပ်စာ အရည်အချင်း လိုအပ်ချက်

မြန်မာကျောင်းသားတွေအနေနဲ့ ပညာသင်ဆု လျှောက်တဲ့အချိန်မှာ IELTS အမှတ် တင်ပြစရာ မလိုသေးပါဘူး။ ပထမအဆင့် ရွေးချယ်ခံရသူတွေကသာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ (၁) ရက်နေ့ နောက်ပိုင်းမှာ ဖြေဆိုထားတဲ့ IELTS စာမေးပွဲအမှတ်ကို တင်ပြရမှာဖြစ်ပြီး အနည်းဆုံး အမှတ် 6.0 ရရှိထားရပါမယ်။ 

သတ်မှတ်ရက်အရင်က ဖြေဆိုထားတဲ့သူတွေကတော့ အင်တာဗျူးမဖြေခင် IELTS စာမေးပွဲ ထပ်ဖြေရမှာ ဖြစ်ပြီး စာမေးပွဲ ကုန်ကျစရိတ်ကို အဖွဲ့အစည်းဘက်က ပေးအပ်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် IELTS အမှတ် 6.0 ရရှိထားတဲ့ ကျောင်းသားတွေအတွက် တက္ကသိုလ်ဝင်ခွင့် လိုအပ်ချက်ကို ပြည့်မီဖို့ အင်္ဂလိပ်ဘာသာစကားသင်တန်းကိုလည်း ထပ်မံ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။

 

လိုအပ်တဲ့ စာရွက်စာတမ်းများ

  • မှတ်ပုံတင်
  • ပတ်စ်ပို့
  • ဘွဲ့လက်မှတ်နဲ့ အမှတ်စာရင်း
  • IELTS အမှတ်စာရင်း
  • ထောက်ခံချက် (၂) စောင်
  • ကိုယ်ရေးအချက်အလက် CV (Template ရှိ)
  • Development Impact Plan (Template ရှိ)
  • သုတေသနအဆိုပြုချက်

 

နောက်ဆုံးလျှောက်ထားရမယ့် ရက်

30 April 2025 (11:59 PM AEST)

 

အွန်လိုင်းလျှောက်လွှာ > https://oasis.dfat.gov.au/

အသေးစိတ်ဖတ်ရှုရန် > https://www.dfat.gov.au/sites/default/files/australia-awards-myanmar-information-for-intake.pdf


Mekong-Australia Partnership (MAP)

၂၀၂၆ ခုနှစ်မှာ စတင် ပေးအပ်သွားမယ့် ပညာသင်ဆုအသစ်ဖြစ်ပြီး ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအိုနဲ့ မြန်မာနိုင်ငံက ကျောင်းသားတွေအတွက် မာစတာတန်း တက်ရောက်ဖို့ ပညာသင်စရိတ် ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ 

ပညာသင်ဆုအတွက် ရွေးချယ်ခံရသူတွေက မဲခေါင်-ခေါင်းဆောင်များကွန်ရက် (Mekong-Leaders Network) မှာ ပါဝင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ ခေါင်းဆောင်တွေနဲ့အတူ မဲခေါင်ဒေသခွဲတို့မှာ လက်ရှိနဲ့ ပေါ်ပေါက်လာမယ့် စိန်ခေါ်မှုတွေကို အတူတကွ ဖြေရှင်းပြီး ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားမှုတွေမှာလည်း လက်တွဲလုပ်ဆောင်ခွင့်ရမှာပါ။

 

လျှောက်ထားလို့ရမယ့် ဘာသာရပ်နယ်ပယ်များ

 

MAP ပညာသင်ဆုရဲ့ အကျိုးခံစားခွင့်နဲ့ ပညာသင်ဆု လျှောက်ထားရမယ့် လုပ်ငန်းစဉ်က Australian Awards ပညာသင်ဆုနဲ့ အတူတူပဲ ဖြစ်ပါတယ်။ လျှောက်ထားသူတွေဟာ Australian Awards ပညာသင်ဆုနဲ့ MAP ပညာသင်ဆု နှစ်ခုလုံးကို ရွေးချယ် လျှောက်ထားနိုင်ပါတယ်။ 

MAP ပညာသင်ဆုကို စိတ်ဝင်စားသူတွေက လျှောက်လွှာမှာ MAP ပရိုဂရမ်အတွက် အရည်အချင်းပြည်မီကြောင်းကို မီးမောင်းထိုးပြ ရေးသားပေးရမှာ ဖြစ်ပါတယ်။ MAP ပရိုဂရမ်က လျှောက်ထားသူတွေရဲ့ ပညာရေးနောက်ခံ၊ ကိုယ်ပိုင်အရည်အချင်း၊ ပရော်ဖက်ရှင်နယ်ပိုင်းတို့ကို ကြည့်ပြီး ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

 

နောက်ဆုံးလျှောက်ထားရမယ့်ရက်

30 April 2025 (11:59PM AEST)

 

အွန်လိုင်းလျှောက်လွှာ > https://oasis.dfat.gov.au/

အသေးစိတ်ဖတ်ရှုရန် >> https://www.dfat.gov.au/people-to-people/australia-awards/mekong-australia-partnership?
 

ပညာသင်ဆု လျှောက်ထားရန် လမ်းညွှန်ချက် > https://www.dfat.gov.au/sites/default/files/oasis-applicant-user-guide.pdf?

စုံစမ်းရန် အီးမေးလ် > [email protected]

=======================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

International Latest Post Read 21 times