Web Development ကို အခြေခံမှ စသင်ချင်သူတွေအတွက် အခမဲ့သင်တန်း

Web Development ပိုင်းကို စိတ်ဝင်စားလို့ဖြစ်ဖြစ်၊ Web Developer တစ်ယောက်အနေနဲ့ အသက်မွေးဝမ်းကျောင်းပြုချင်လို့ဖြစ်ဖြစ် သင်တန်းကြေးအခမဲ့နဲ့ တက်ရောက်နိုင်တဲ့ Web Development Foundation အတန်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 


Web Development ပိုင်းကို အခြေခံကနေစပြီး လေ့လာချင်ပေမဲ့ ဘယ်ကစရမှန်းမသိဘူးဆိုရင် Data Land Technology ကနေ အွန်လိုင်းမှတဆင့် အခမဲ့သင်ကြားပေးမယ့်  Web Development Foundation အတန်းလေးကို တက်ရောက်သင့်ပါတယ်။

 

Data Land Technology က Web Development Foundation အတန်းလေးကို ပညာဒါနပြုခဲ့တာ အခုဆိုရင် Batch 11 ကို ရောက်ရှိနေပါပြီ။ တက်ရောက်ရမယ့်ပုံစံကတော့ Zoom ကနေ ဆရာနဲ့ တိုက်ရိုက်သင်ရမှာဖြစ်ပြီး အချိန်ကိုလည်း ညပိုင်း စီစဉ်ပေးထားတာဖြစ်တဲ့အတွက် အလုပ်တစ်ဖက်နဲ့ မအားတဲ့သူတွေလည်း တက်ရောက်နိုင်ပါတယ်။ 

 

သင်တန်းမှာ ဘာတွေ သင်ရမလဲ?

  • HTML 5
  • CSS 3
  • JavaScript (Basic + Intermediate)
  • Bootstrap 5
  • jQuery (Introduction)
  • Useful Third Party Libraries
  • Github

 

သင်တန်းတက်ဖို့ ဘာတွေလိုမလဲ?

  • Programming သင်တန်းဖြစ်လို့ Laptop (သို့) Desktop ရှိဖို့ လိုအပ်ပါတယ်။
  • ကွန်ပျူတာအခြေခံအသုံးပြုနည်းနှင့် စာစီစာရိုက်ကျွမ်းကျင်ရပါမယ်။
  • Web Development ပိုင်းကို စိတ်ဝင်စားပြီး ကြိုးစားမှုရှိရပါမယ်။ 

 

ဘယ်လိုသင်ပေးမှာလဲ ?

Zoom Application ကို အသုံးပြုပြီး LIVE Code ဖြင့် ကိုယ်တိုင်အတူတူ Codes တစ်ကြောင်းချင်းစီကို Trainer နှင့်အတူတကွ သင်ယူရင်း လိုက်ရေးသွားရမှာဖြစ်ပါတယ်။ 

 

လျှောက်ထားလိုပါက နာမည်၊ အသက်၊ နေထိုင်ရာမြို့နဲ့ Gender တို့ကို DLT Page Messenger မှာ လွယ်လွယ်ကူကူ ပေးပို့လျှောက်ထားနိုင်ပါတယ်။ 

 

သင်တန်းကြေးမှာ ၁၀၀% အခမဲ့ဖြစ်ပြီး လာမယ့် ဇူလိုင်လ (၂၃) ရက်နေ့မှာ စတက်ရမှာပါ။ သင်တန်းကာလကတော့ (၃) လခွဲဖြစ်ပြီး အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး (၄) ရက် တက်ရောက်ရမှာဖြစ်ပါတယ်။ သင်တန်းချိန်ကတော့ ရုံးချိန်လွတ် ည (၇) နာရီခွဲကနေ (၉) နာရီ (၁၅) မိနစ်အထိ Zoom Class နဲ့ သင်ရမှာပါ။  

 

အသေးစိတ်အချက်အလက်တွေကို သိရှိလိုပါက 09 4220 42225 ကို ရုံးချိန် (9AM to 4PM , Sunday Off ) အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ 

Fb Page >> https://www.facebook.com/datalandtechnology

 

 

Latest Post Vocational Read 785 times