ငလျင်ကြောင့် တိုင်းနှင့်ပြည်နယ် (၄) ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပမည်

၂၀၂၅ ခုနှစ်၊ မတ်လ (၂၈) နေ့တွင် လှုပ်ခတ်ခဲ့သော ပြင်းထန်ငလျင်ကြောင့် ကချင်၊ စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်တို့တွင် စစ်ဆေးခဲ့သည့် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများ ပျက်စီးခဲ့ရသည့်အတွက် အဆိုပါဒေသများသည် ဇွန်လတွင် စာမေးပွဲ ပြန်လည်ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးတက္ကသိုလ်တွင် စာစစ်လုပ်ငန်းများ ဆောင်ရွက်နေစဉ် ကချင်၊ စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်တို့မှ အဖြေလွှာစာရွက်များ မီးလောင်ပျက်စီးခဲ့သည့်အတွက် အဆိုပါဒေသများအတွက် တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန်လ (၁၆) ရက်နေ့မှ (၂၁) ရက်နေ့အထိ ကျင်းပပါမည်။

၂၀၂၅ ခုနှစ်၊ မတ်လအတွင်း စစ်ဆေးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာရပ်အားလုံး ဖြေဆိုခဲ့သူများသာ ပြန်လည်ဖြေဆိုခွင့်ရှိမည်ဖြစ်ပြီး ဖြေဆိုခွင့်ရရှိသူများစာရင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးရုံးများနှင့် စာစစ်ဌာနများတွင် ကြေညာပေးမည်ဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အထက(မင်းကင်း)၊ အထက(ပန်ဆက်)၊ အထက(၁)တမူး၊ အထက(၂)ရွှေဘို၊ အထက(၁)ရေဦး၊ အထက(ဗန်းမောက်)၊ အထက(ဝန်းသို)၊ အထက(မော်လိုက်)၊ အထက(ကင်းတပ်)နှင့် အထက(အရာတော်) စာစစ်ဌာနများတွင် ဖြေဆိုခဲ့သူများသည် စာ‌မေးပွဲပြန်လည်ဖြေဆိုရန်မလိုပါ။

အောက်ဖော်ပြပါ စာစစ်ဌာနများတွင် ဖြေဆိုခဲ့သူများသည် ယှဉ်တွဲဖော်ပြထားသော ပြောင်းလဲဖြေဆိုရမည့် စာစစ်ဌာနများတွင် ဖြေဆိုရမည်ဖြစ်ပြီး ဤဇယားတွင် မပါဝင်သော ကျန်စာစစ်ဌာနများသည် မူလစာစစ်ဌာနများတွင်သာ ဖြေဆိုရပါမည်။

ယခုကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ဖြေဆိုခွင့်ကတ်ပြားများကို မိမိတို့ဖြေဆိုရမည့် စာစစ်ဌာနများတွင် ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ တိုက်ရိုက်ထုတ်ယူနိုင်ကြောင်း ထုတ်ပြန်ထားသည်။  

Source - မြန်မာနိုင်ငံစာစစ်ဦးစီးဌာန

=====================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News Read 176 times