အမျိုးသမီးများအတွက် အခမဲ့ သက်မွေးပညာရပ်သင်တန်း (၅) ခု

 

အခြေခံပညာ အလယ်တန်း (သို့) အထက်တန်း သင်ကြားပြီးတဲ့ အမျိုးသမီးတွေအတွက် ကိုယ်ပိုင်ဝင်ငွေနဲ့ ရပ်တည်နိုင်ဖို့ SheWorks သက်မွေးပညာသင်တန်းကျောင်းမှ အထူးသင့်လျော်တဲ့ သက်မွေးသင်တန်းတွေကို အခမဲ့ ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။ 

 

ဖွင့်လှစ်သွားမယ့် သက်မွေးပညာသင်တန်း (၅) ခု 

  • မှိုစိုက်ပျိုးရေးနှင့် မှိုစားသောက်ကုန် ထုတ်လုပ်ရေးပညာ (Mushroom Cultivation and Value-added)
  • မြေဆွေးပြုလုပ်ခြင်းနှင့် ပျိုးပင်စိုက်ပျိုးရေးပညာ (Agriculture and Home Gardening) 
  • အလှအပနှင့် ဆံသပညာ (Hair and Beauty)
  • အစားအစာနှင့် အဖျော်ယမကာ ဧည့်ခံကျွေးမွေးရေးပညာ (Food and Beverage)
  • အိပ်ခန်းဆောင် ထိန်းသိမ်းရေးပညာ (Housekeeping) 

 

သင်တန်းတွေအားလုံးကို လက်တွေ့သင်ကြားပေးမှာ ဖြစ်တဲ့အတွက် ပြင်ပလုပ်ငန်းခွင် အတွေ့အကြုံကို ရရှိနိုင်ပါတယ်။ သင်တန်းချိန်ကို ၁၀၀% မပျက်မကွက် တက်ရောက်ပြီးရင် သင်တန်းပြီးဆုံးတာနဲ့ သင်တန်းအောင်လက်မှတ်ကို ရရှိနိုင်ပါတယ်။  

 

ကိုယ်တက်ရောက်လိုတဲ့ သင်တန်းအလိုက် အောက်မှာ ဖော်ပြထားတဲ့ ဖောင်တွေကို ရွေးချယ် ဖြည့်‌စွက်နိုင်ပြီး တစ်ဦးကို သင်တန်းတစ်ခုသာ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ 

 

မှိုစိုက်ပျိုးရေးနှင့် မှိုစားသောက်ကုန် ထုတ်လုပ်ရေးပညာ

သင်တန်းကာလ - ၃ ရက်

သင်တန်း အချိန် - မနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ

သင်ကြားမည့်နေရာ - ရန်ကုန်မြို့

Google Form Link - https://forms.gle/54M5CpiaFmMAEYXM6

PDF Form Link - https://drive.google.com

 

မြေဆွေးပြုလုပ်ခြင်းနှင့် ပျိုးပင်စိုက်ပျိုးရေးပညာ

သင်တန်းကာလ - ၂ ရက်

သင်တန်း အချိန် - မနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ

သင်ကြားမည့်နေရာ - ရန်ကုန်မြို့ 

Google Form Link - https://forms.gle/tu9Uti1CcTRsMmzR6

PDF Form Link -   https://drive.google.com

 

အလှအပနှင့် ဆံသပညာ (Hair and Beauty)

သင်တန်းကာလ - ၆ ပတ် 

သင်တန်း အချိန် - မနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ

သင်ကြားမည့်နေရာ - ရန်ကုန်မြို့

Google Form Link - https://forms.gle/XiScJj48hcAB2o656

PDF Form Link - https://drive.google.com

 

အစားအစာနှင့် အဖျော်ယမကာ တည်းခင်းခြင်းပညာ (Food and Beverage)

သင်တန်းကာလ - ၇ ရက်

သင်တန်း အချိန် - မနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ

သင်ကြားမည့်နေရာ - ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်

Google Form Link - https://forms.gle/Xgmp87jJw1kEqPs2A

PDF Form Link - https://drive.google.com

 

အိပ်ခန်းဆောင် ထိန်းသိမ်းရေးပညာ သင်တန်း (Housekeeping) 

သင်တန်းကာလ - ၇ ရက်

သင်တန်း အချိန် - မနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ

သင်ကြားမည့်နေရာ - ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်

Google Form Link - https://forms.gle/2FY9xaZzJMT7Mwjd8

PDF Form Link -  https://drive.google.com

 

Google Form ဖြည့်စွက်ဖို့ အဆင်မပြေတဲ့သူတွေကတော့ PDF File ကို နှိပ်ပြီး ဒေါင်းလုပ်ရယူပါ။ ပြီးရင် Print ထုတ်ဖြေဆိုပြီး ဓါတ်ပုံရိုက်ကာ Viber နံပါတ်တွေဖြစ်တဲ့ 09798897010 (သို့) 09740915559 ကို ပေးပို့ လျှောက်ထားနိုင်ပါတယ်။ 

 

သင်တန်းလျှောက်လွှာတွေကို ၂၀၂၄ ခုနှစ်၊ နို၀င်ဘာလ (၈) ရက်နေ့အထိ နောက်ဆုံးထား လျှောက်ထားနိုင်ပြီး ရွေးချယ်ခံရသူတွေက ဖုန်း (သို့မဟုတ်) လူကိုယ်တိုင် အင်တာဗျူး ဖြေဆိုရမှာပါ။ 

 

သင်တန်းတစ်ခုချင်းစီအလိုက် သင်ကြားရမယ့်ဘာသာရပ်တွေနဲ့ သင်တန်းအချက်အလက် အသေးစိတ်ကို သိရှိလိုပါက Page Messenger ၊ Viber နှင့် ဖုန်းနံပါတ်များ 09798897010၊ 0940915559၊ 09740915553 ကို ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါတယ်။ 

 

Source - SheWorks - Vocational Training Programs

===============================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

 

Latest Post Local News Vocational Read 673 times