Sales Hotline : 09448001653       Download App



US မှာ (၅) ပတ်တာ ကျောင်းတက်ပြီး အတွေ့အကြုံသစ်တွေကို ရရှိနိုင်မယ့် Free Program

မြန်မာနိုင်ငံက ကျောင်းသား/ကျောင်းသူတွေအနေနဲ့ The Young Southeast Asian Leaders Initiative (YSEALI) ဆိုတဲ့ အဖွဲ့အစည်းကို မစိမ်းလောက်ဘူး ထင်ပါတယ်။ သူက အရှေ့တောင်အာရှနိုင်ငံရှိ လူငယ်တွေအတွက် Education နဲ့ Personal Development Skills တွေ တိုးတက်ဖို့ Exchange Program တွေ စီစဉ်လုပ်ဆောင်ပေးလျက်ရှိတဲ့ အဖွဲ့အစည်းပါ။ အခုချိန်မှာ ဒီအဖွဲ့အစည်းနဲ့ အမေရိကန်အစိုးရတို့ ပူပေါင်းပြီး ၂၀၂၄ ခုနှစ် YSEALI ACADEMIC FELLOWSHIP PROGRAM အတွက် သင်တန်းသားတွေ စတင်ခေါ်ယူနေပြီဖြစ်ပါတယ်။

 

YSEALI ACADEMIC FELLOWSHIP PROGRAM ဆိုတာဘာလဲ?

အမေရိကန်နိုင်ငံရှိ သတ်မှတ်ထားတဲ့ တက္ကသိုလ်တွေမှာ Fully Funded နဲ့ ကာလတို သင်တန်းတက်ခွင့်ရမယ့် အစီအစဉ်ဖြစ်ပါတယ်။ သင်တန်းကာလကတော့ ငါးပတ်တာ ကြာမြင့်မှာဖြစ်ပြီး ကိုယ့်ရဲ့ ခေါင်းဆောင်မှုစွမ်းရည်ကို မြှင့်တင်နိုင်မယ့်အပြင် တခြားသော အရှေ့တောင်အာရှနိုင်ငံက လူငယ်တွေနဲ့ တွေ့ဆုံခွင့်ရပြီး အတွေအကြုံအသစ်တွေကို ဖလှယ်နိုင်မှာဖြစ်ပါတယ်။ 

 

မှတ်ချက်။ ။ အခြေအနေအရ Program အတွက် အမေရိကန်နိုင်ငံကို သွားစရာမလိုဘဲ အွန်လိုင်းကနေ သင်ယူရတာမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။ 

 

ဒီနှစ် Fellowship မှာ အဓိကပါဝင်မယ့် အကြောင်းအရာ (၃) ခုနဲ့ အချိန်ကာလ

- Civic Engagement (September 28 to October 30, 2024.)
- Environmental Issues (August 21 to September 25, 2024. )
- Social Entrepreneurship and Economic Development (October 1 to November 4, 2024. )


အပေါ်က ဖော်ပြထားတဲ့ အကြောင်းအရာ (၃) ခုထဲက ကိုယ်စိတ်ဝင်စားတဲ့ (၁) ခုကို ရွေးချယ်လျှောက်ထားနိုင်တယ်။ 

 

ငါးပတ်တာ သင်တန်းကာလမှာ ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်လဲ?

  • Seminar discussions
  • Readings
  • Group presentations
  • Lectures
  • Educational study tour 
  • Leadership activities
  • Volunteer opportunities

 

ဘယ်သူတွေ လျှောက်ထားလို့ရလဲ?

  • အာဆီယံနိုင်ငံသားဖြစ်ရပါမယ်။
  • အသက် ၁၈ ကနေ ၂၅ နှစ်ဖြစ်ရပါမယ်။
  • အင်္ဂလိပ်ဘာသာစကား အရေး၊ အဖတ်၊ အပြော ကျွမ်းကျင်ပိုင်နိုင်ရပါမယ်။
  • တက္ကသိုလ်တက်နေဆဲ (သို့) ဘွဲ့ရပြီးသက်တမ်း ငါးနှစ်အောက်ရှိသူဖြစ်ရပါမယ်။
  • သက်ဆိုင်ရာ Activity တွေမှာ ပြီးဆုံးတဲ့အထိ တက်တက်ကြွကြွ ပါဝင်ရပါမယ်။

 

လျှောက်ထားပုံအဆင့်ဆင့်

  • အောက်မှာ ဖော်ပြထားတဲ့ Application Form ကို ဧပြီလ (၃၀) ရက်နေ့မတိုင်ခင် ဖြည့်စွက်ရပါမယ်။

>> https://docs.google.com/forms/d/e/1FAIpQLSfq_xkWhuV3iMF2As1e1Mgcx90MWNhrEQzfuMJKQfdiF45FpA/viewform?fbzx=5360179068050404037

  • စာလုံးရေ ၂၅၀ ကနေ ၃၅၀ အတွင်းရှိတဲ့ Coverletter တစ်စောင် ရေးပေးရပါမယ်။
  • ထောက်ခံစာနှစ်စောင် တင်ပြရပါမယ်။

 

Program အကြောင်း အသေးစိတ်ဖတ်ရှုရန်

>> https://mm.usembassy.gov/education-culture/yseali/academic-fellowship-announcement/?fbclid=IwAR3mNzhkQopJJDinfakACi-PMnNfpjcpWf5NyHjKNTK_DGUAFzxBOnI4PqY_aem_AczY57os0_SzXcve2edKMJ124hBntvgsRm9c24-s5w8Q1VaOIRwabj8mb10VrZz0yWH2yB9rQ8X8cOX77PYV8Xiw

Latest Post International Read 531 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176