အထက်တန်းအောင်ပြီးသူတိုင်း လျှောက်ထားနိုင်တဲ့ ကမ်းခြေမြို့လေးတစ်ခုက ပညာသင်ဆု

 

Bachelor Degree ကို USA မှာ နေထိုင်စားသောက်စရိတ်အပါ ပညာသင်စရိတ်အပြည့်အ၀နဲ့ သင်ယူနိုင်မယ်၊ ကျောင်းစာတွေ လုပ်ရလွန်းလို့ စိတ်ပင်ပန်းလာပြီဆိုရင် အပန်းဖြေဖို့ အမိုက်စား ပင်လယ်ကမ်းခြေကလည်း အဆင်သင့်ပဲဆိုတော့ Study လုပ်ရင်း Chill လို့ရမယ့် Scholarship တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။   

 

သန့်ရှင်းလှပလွန်းတဲ့ ပင်လယ်ပြင်ကြီးရယ်၊ စိမ်းစိုအေးမြနေတဲ့ အုန်းပင်ကြီးတွေရယ်၊ ကမ်းခြေတစ်လျှောက်က ပြည့်စုံလွန်းတဲ့ Night life ပွဲတော်တွေရယ်၊ မီးရောင်အောက်က Night Party တွေရယ် မပြတ်ရှိနေတဲ့ Miami မြို့မှာ ပညာသင်ဆုလျှောက်ထားပြီး Bachelor Degree ရယူနိုင်မယ့် University of Miami Stamps Scholarship လေးတစ်ဖန်ပြန်ရောက်လာပါပြီ။ 

 

လက်ရှိမှာ ဆယ်တန်းအောင်ထားတဲ့သူတွေ၊ တက္ကသိုလ်တက်ရောက်ဆဲသူတွေ၊ ဘွဲ့မရသေးတဲ့သူတွေ လျှောက်ထားလို့ရပါတယ်။ ပညာတော်သင်ဆုအနေနဲ့ ၁၀၀ ရာခိုင်နှုန်း ပညာသင်စရိတ် အပြည့်အဝပေးအပ်မှာဖြစ်ပြီး တစ်ခြားသော အကျိုးကျေးဇူး ခံစားခွင့်တွေကလည်း အများကြီးပေးထားပါသေးတယ်။ ရွေးချယ်နိုင်တဲ့ Major အနေနဲ့ တက္ကသိုလ်မှာရှိတဲ့ Undergraduate Program တွေအားလုံးကို လျှောက်ထားလို့ရပါတယ်။

 

Funding Type: Fully funded

Region: USA

Host University - University of Miami

Deadline: November 1, 2024

Opportunity Type: Undergraduate scholarship

 

လျှောက်ထားနိုင်တဲ့ ဘာသာရပ်များ

  • Art & Design
  • Business
  • Communication
  • Economics
  • Education
  • Engineering
  • Finance/Accounting
  • Government/Political Science
  • Health Science
  • Liberal Arts
  • Music
  • Nursing
  • Performing Arts
  • Research
  • Science
  • Social Science
  • Technology
  • Visual Arts


လျှောက်ထားသူသည် - 

- University of Miami မှာ အွန်လိုင်းဝင်ခွင့်လျှောက်ထားရပါမယ်။

- ထူးချွန်တဲ့ ပညာရေးမှတ်တမ်းရှိရပါမယ်။

- TOEFL သို့မဟုတ် IELTS အင်္ဂလိပ်စာ စာမေးပွဲရမှတ်များ ရှိထားရပါမယ်။

 

လျှောက်ထားဖို့ ပြင်ဆင်ထားရမယ့် စာရွက်စာတမ်းများ

- ပတ်စ်ပို့

- အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှုလက်မှတ် 

- ပညာရေးအောင်လက်မှတ်များ

- အမှတ်စာရင်းများ

- Recommendation Letter

- ကိုယ့်အကြောင်းကို ရေးသားစီကုံးထားတဲ့ Personal statement (စာလုံးရေ ၆၅၀)

- ကျောင်းကို ဘာလို့လျှောက်ချင်လဲဆိုတဲ့အကြောင်း စာစီစာကုံး (စာလုံးရေ  ၂၅၀)

- School Report (အထက်တန်းကျောင်းမှ အမှတ်ပေးမှုနှင့် အချက်အလက်မှတ်တမ်း)

- Educational Activities (ပညာတော်သင်ဆု မလျှောက်မီ လက်ရှိမိမိနိုင်ငံမှ အထက်တန်းကျောင်းပြီးဆုံးပြီး ကြားကာလအတွင်း ပညာရေးနဲ့ပတ်သက်ပြီး လုပ်ဆောင်ချက်၊ လှုပ်ရှားမှုများရှိရင် အထောက်အထားတင်ပြပေးရန်)

- International Financial Certification Form (ငွေကြေးပိုင်းဆိုင်ရာ ထောက်ခံချက်လက်မှတ်)

- Financial Aid Documents (မိသားစုဝင်ငွေ၊ ဘဏ်စရင်းနှင့် အခွန်ငွေ)

 

Admission အတွက် အသေးစိတ်ဖတ်ရှုရန် >> https://admissions.miami.edu

 

ရရှိနိုင်မယ့်အကျိုးခံစားခွင့်များ

- ကျူရှင်ကြေး 

- ကျောင်းဝင်းအတွင်းနေထိုင်မှု

- အစားအသောက်စရိတ်

- ကျန်းမာရေးအာမခံကြေး

- Laptop နှင့် ဖတ်စာအုပ် ထောက်ပံ့မှု

- သုတေသန၊ လစာမဲ့အလုပ်သင်ပရိုပရမ်များနှင့် တခြားပညာရေးလိုအပ်ချက်များအတွက် ထောက်ပံ့ကြေး  $12,000

 

အခြားသော အကျိုးခံစားခွင့်များအနေနဲ့ကတော့ Stamps Scholars တွေရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ခွင့်ရခြင်း၊ ပညာရေးနှင့်သိပ္ပံသုတေသနဆိုင်ရာ ပရောဂျက်များတွင် အထောက်အပံ့ရရှိခြင်း၊ ယဉ်ကျေးမှုနှင့် ဦးဆောင်မှုဆိုင်ရာ ပရိုဂရမ်များတွင် အတွေ့အကြုံရနိုင်ခြင်း၊ နိုင်ငံရပ်ခြားတွင် ပညာလေ့လာမှုနှင့်ဆိုင်သော ညီလာခံများ၊ ကွန်ယက်ချိတ်ဆက်မှုများ စတဲ့အခွင့်အလမ်းတွင် ဖိတ်ကြားခံရခြင်း စတဲ့ အခွင့်အလမ်းတွေကို ရရှိမှာပဲဖြစ်ပါတယ်။ 

 

Online Form လျှောက်ထားရန် >> https://apply.commonapp.org/

Scholarship အကြောင်း အသေးစိတ်ဖတ်ရှုရန် >> https://admissions.miami.edu

 

International Latest Post Read 10453 times