ပညာသင်ဆုသည် ၂၀၁၇ ခုနှစ် ၊ စက်တင်ဘာလ တွင် ဖွင့်လှစ်သော Bachelor နှင့် Master အချိန်ပြည့်တက်ရောက်လိုသောသူများအတွက် ရရှိမည်ဖြစ်ပါသည်။
ပညာသင်ဆုပေးမည့် ဘာသာရပ်များမှာ Business school နှင့် School of Computing and Engineering ဖြစ်ပြီး အင်္ဂလန်နိုင်ငံတွင် တက်ရောက်ရမည်ဖြစ်သည်။
လျောက်ထားလိုသူများမှာ အစိုးရထောက်ပံ့ငွေ သို့ ကုမ္ပဏီမှ ထောက်ပံ့ငွေရရှိထားသူများအကြုံးမ၀င်ပါ။ ပညာထက်မြက်သူများလည်း ပါဝင်လျောက်ထားသင့်ပါသည်။ လျောက်ထားသူများမှာ မြန်မာနိုင်ငံသား ကျောင်းသားများဖြစ်ရပါမည်။
ထိုတက္ကသိုလ်သည် ကောင်းမွန်သော သင်ကြားမှု ၊ နိုင်ငံတကာ အဆင့်မှီမှု ၊ ကျောင်းသား ၊ ကျောင်းသူများ
လွယ်ကူစွာ လေ့လာနိုင်ရန် ၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရန်အတွက် တက္ကသိုလ်ကို
အမြင့်ဆုံးကြယ်ငါးပွင့်အဆင့်နဲ့အတူ ကြယ်လေးပွင့်အဆင့် တက္ကသိုလ်အဖြစ် QS Star မှ
သတ်မှတ်ပေးထားပါသည်။
လျှောက်ထားလိုသူများသည် IELTS ဘာသာရပ် ၄ ခုပေါင်းအနက် အနည်းဆုံး ၅.၅ ရရှိရမည်ဖြစ်ပြီး ပျမ်းမျှအားဖြင့် ၆.၀ သတ်မှတ်ထားပါသည်။
လျောက်ထားလိုသူများမှာ-
၁. တက္ကသိုလ်မှ ကျောင်းလက်ခံ (offer letter) သည့်စာရရှိရမည်ဖြစ်သည်။
၂. CV တင်ရမည်။
၃. Application Letter ပါဝင်ရမည်။ ယင်း Letter တွင် ဘာကြောင့် ပညာသင်ဆုရရှိသင့်ကြောင်း၊ ဒီပညာသင်ဆု ရရှိပြီးပါက မိမိ ရည်ရွယ်ချက်၊ ပတ်ဝန်းကျင်နှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ကို ဘယ်လိုအကျိုးပြုနိုင်ကြောင်း စတဲ့အချက်အလက်တွေပါဝင် ရပါမည်။
၎. အထက်ပါ Applications များကို a.ludley-at-hud.ac.uk (Andrew Ludley) သို့ ပို့ပေးနိုင်ပါသည်။
ထိုပညာသင်ဆုအတွက် လျှောက်ထားလိုသူများသည် ၂၀၁၇ ခုနှစ် ၊ ဇွန်လ ၃၀ ရက်နေ့တွင် လျှောက်လွှာပိတ်မည် ဖြစ်ပါသည်။
အဆိုပါ ပညာသင်ဆုအတွက် IELTS သင်တန်းများကို တက်ရောက်လိုပါက ဒီ Link မှာ နှိပ်ပြီး ရှာနိုင်ပါသည်။