အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်/မန္တလေး) မှ ပထမနှစ်သင်တန်းများ

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်နှင့် မန္တလေး) တို့တွင် ပထမနှစ်သင်တန်းသားများ ခေါ်ယူလျက်ရှိပါသည်။ ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့် ပြဇာတ် ပထမနှစ်သင်တန်းများကို ၂၀၂၄ ခုနှစ် ဇူလိုင်လမှစ၍ နိုဝင်ဘာလအထိ သက်ဆိုင်ရာကျောင်းတွင် လျှောက်လွှာပုံစံထုတ်ယူပြီး လျှောက်ထားနိုင်ပါသည်။   

 

Related Article : နိုင်ငံတကာနှစ်သစ်ကူးနေ့နှင့် တရုတ်နှစ်သစ်ကူးနေ့ကို ပိတ်ရက်အဖြစ် စတင်သတ်မှတ်

>> https://www.edge.com.mm/article/public-holidays.html


အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)တွင် အောက်ပါပထမနှစ်သင်တန်းများကို  ဖွင့်လှစ်ပါမည်။ 

  • ဂီတပညာအထူးပြု ဝိဇ္ဇာဘွဲ့ (ဂီတ) ၄ နှစ်
  • သဘင်ပညာအထူးပြု ဝိဇ္ဇာဘွဲ့(သဘင်) ၄ နှစ်
  • ပန်းချီပညာအထူးပြု ဝိဇ္ဇာဘွဲ့(ပန်းချီ) ၄ နှစ်
  • ပန်းပုပညာအထူးပြု ဝိဇ္ဇာဘွဲ့(ပန်းပု) ၄ နှစ်
  • ရုပ်ရှင်နှင့်ပြဇာတ်ပညာအထူးပြု ဝိဇ္ဇာဘွဲ့(ရုပ်ရှင်နှင့်ပြဇာတ်) ၄ နှစ်
  • ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှုပညာအထူးပြု ဝိဇ္ဇာဘွဲ့(ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှု) ၄ နှစ်

 

ပထမနှစ်သင်တန်းများသို့ တက်ရောက်ရန် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်သည်။

(က) တက္ကသိုလ်ဝင်စာမေးပွဲကို မည်သည့်ဘာသာကွဲဖြင့်မဆို အောင်မြင်သူဖြစ်ရမည်။

(ခ) သက်ဆိုင်ရာအထူးပြုဘာသာရပ်နှင့် ကိုက်ညီသော ကိုယ်အင်္ဂါကျန်းမာသန်စွမ်းသူဖြစ်ရမည်။

(ဂ) အနုပညာဝါသနာပါသူဖြစ်ရမည်။

(ဃ) တက္ကသိုလ်ဝင်ခွင့်လျှောက်ထားသူသည်နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် (နိုင်)/ (ပြု)/(ဧည့်) ကိုင်ဆောင်ထားသူဖြစ်ရမည်။ (မိတ္တူကို တစ်ပါတည်းပူးတွဲလျှောက်ထားရမည်။)

 

လျှောက်လွှာပုံစံများကို အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ၁/ဈ၊ အောင်ဇေယျလမ်း၊ ၂၆ ရပ်ကွက်၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဝယ်ယူ၍ လျှောက်ထားနိုင်ပါသည်။

 

လျှောက်လွှာပုံစံနှင့်အတူ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ကြောင်း ထောက်ခံချက်၊ အမှတ်စာရင်းမူရင်း၊ ပတ်စပို့အရွယ် ဓာတ်ပုံ (၇)ပုံတို့ကို ပူးတွဲ၍ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့မှစ၍ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့ နောက်ဆုံးထား၍ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)သို့ ရုံးချိန်အတွင်း လျှောက်လွှာများကို တိုက်ရိုက် ပေးပို့နိုင်ပါသည်။

 

၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့ (ဗုဒ္ဓဟူးနေ့)  နံနက် ၀၉:၀၀ နာရီတွင် စွယ်တော်ဆောင်တွင် လူတွေ့ စစ်ဆေးမည်ဖြစ်ပြီး ဝင်ခွင့်ရစာရင်းကို နိုဝင်ဘာလ ၂၂ ရက်နေ့၊ သောကြာနေ့တွင် စွယ်တော်ဆောင်ရှိ ကြော်ငြာသင်ပုန်းတွင် ကြေညာ၍ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ပါသည်။ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် ပထမနှစ်သင်တန်းများကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

 

အသေးစိတ်အချက်အလက်များ သိရှိလိုပါက အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ဌာနမှူး(သင်တန်းရေးရာ)၊ ၀၉ - ၄၂၁၀၁၂၈၀၈ နှင့် မော်ကွန်းထိန်း၊ ၀၉ - ၇၈၈၁၈၉၁၈၀ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။ 

------------------------------------------------

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)တွင် အောက်ပါပထမနှစ်သင်တန်းများကို  ဖွင့်လှစ်ပါမည်။ 

  • ဂီတပညာအထူးပြု ဝိဇ္ဇာဘွဲ့ (ဂီတ) ၄ နှစ်
  • သဘင်ပညာအထူးပြု ဝိဇ္ဇာဘွဲ့(သဘင်) ၄ နှစ်
  • ပန်းချီပညာအထူးပြု ဝိဇ္ဇာဘွဲ့(ပန်းချီ) ၄ နှစ်
  • ပန်းပုပညာအထူးပြု ဝိဇ္ဇာဘွဲ့(ပန်းပု) ၄ နှစ်
  • ရုပ်ရှင်နှင့်ပြဇာတ်ပညာအထူးပြု ဝိဇ္ဇာဘွဲ့(ရုပ်ရှင်နှင့်ပြဇာတ်) ၄ နှစ်

 

နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ် စာစစ်ဌာနများမှ အောင်မြင်ခဲ့သူများသည် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး) သို့ လျှောက်ထားတက်ရောက်ကြရမည်ဖြစ်သည်။

 

လျှောက်လွှာပုံစံများကို အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)၊ ရွှေစာရံဘုရားလမ်း၊ အုန်းချောကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၌ ဝယ်ယူ၍ လျှောက်ထားနိုင်ပါသည်။

 

လျှောက်လွှာပုံစံနှင့်အတူ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ကြောင်း ထောက်ခံချက်၊ အမှတ်စာရင်းမူရင်း၊ ပတ်စပို့အရွယ် ဓာတ်ပုံ (၇)ပုံတို့ကို ပူးတွဲ၍ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှစ၍ လျှောက်လွှာများကို စတင်လျှောက်ထားနိုင်ပြီး ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ နောက်ဆုံးထား၍ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)သို့ ရုံးချိန်အတွင်း လျှောက်လွှာများကို တိုက်ရိုက် ပေးပို့နိုင်ပါသည်။

 

၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီတွင် လူတွေ့ စစ်ဆေးမည်ဖြစ်ပြီး ဝင်ခွင့်ရစာရင်းကို နိုဝင်ဘာလ ၁၄ ရက်နေ့တွင် သင်တန်းရေးရာဌာန ကြော်ငြာသင်ပုန်းတွင် ကြေညာ၍ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ပါသည်။ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

 

အသေးစိတ်အချက်အလက်များ သိရှိလိုပါက အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)၊ ဌာနမှူး(သင်တန်းရေးရာ)၊ ၀၈၅ - ၄၇၄၀၁၈၄၊ ၀၉ - ၂၅၀၇၆၂၂၀၃ နှင့် မော်ကွန်းထိန်း၊ ၀၉ - ၄၀၀၄၀၄၁၇၂ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။ 

 

Latest Post Local News University / College Read 1029 times