ဥပဒေပညာ ဘွဲ့လွန်ဒီပလိုမာသင်တန်းအား ဧပြီလတွင် အွန်လိုင်းမှ ဖွင့်လှစ်မည်

ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဥပဒေပညာဌာနမှ ဦးစီး၍ (၁၉) ကြိမ်မြောက် ဥပဒေပညာ ဘွဲ့လွန်ဒီပလိုမာသင်တန်းအတွက် သင်တန်းသားများ ခေါ်ယူနေပါသဖြင့် ဥပဒေဘွဲ့မှအပ အခြားဘွဲ့တစ်ခုခု ရရှိပြီးထားသူများ လျှောက်ထားနိုင်သည်။

Post Graduate Diploma in Law (PGDL) သင်တန်းသည် (၁၀) လ ကြာမြင့်မည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂) ရက်နေ့တွင် စတင်ဖွင့်လှစ်ပါမည်။ ပထမနှစ်ဝက်နှင့် ဒုတိယနှစ်ဝက် ခွဲ၍ အွန်လိုင်းမှတဆင့် သင်ကြားကာ နှစ်ကြိမ်သာ ကျောင်းတွင် တက်ရောက်ရပါမည်။

သင်တန်းဝင်ခွင့်ကို ၂၀၂၅ ခုနှစ် မတ်လ (၆) ရက်နေ့၊ နံနက် (၉) နာရီမှစပြီး ရန်ကုန်အဝေးသင်တက္ကသိုလ်၏ ဝက်ဘ်ဆိုက်ဒ်ဖြစ်သော https://lawhrd.yude.edu.mm မှတဆင့် အွန်လိုင်းလျှောက်လွှာတွင် အချက်အလက် ပြည့်စုံစွာ ဖြည့်သွင်းပြီး အထောက်အထားများ ပူးတွဲတင်ပြ၍  လျှောက်ထားရပါမည်။

သင်တန်းသားဦးရေ ကန့်သတ်ထားပါသဖြင့် သတ်မှတ်ဦးရေ ပြည့်ပါက ဝင်ခွင့်လျှောက်လွှာပိတ်မည်ဖြစ်သည်။ အွန်လိုင်းဝင်ခွင့်အောင်မြင်ပြီး သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသူများအား သင်တန်းတက်ရောက်ခွင့် ရရှိကြောင်း Email ဖြင့် အကြောင်းကြားပေးပါမည်။

သင်တန်းတက်ရောက်ခွင့် ရရှိထားသူများသည် မတ်လ (၂၄) ရက်နေ့မှ (၂၉) ရက်နေ့အထိ ရုံးဖွင့်ရက် ရုံးဖွင့်ချိန်အတွင်း ရန်ကုန်အဝေးသင်တက္ကသိုလ်တွင် ကျောင်းအပ်ရပါမည်။  

သင်တန်း  Registration   Form တွင် ဖြည့်ရန် လိုအပ်သည့် အချက်များ

1. Personal Information

  • Name - အမည်
  • DOB - မွေးနေ့          
  • Gender - ကျား/မ
  • Nationality /Race - လူမျိုး/ဘာသာ
  • NRIC - မှတ်ပုံတင်နံပါတ်
  • Choice file တွင် - NRIC Front image + NRIC back image (၁) ပုံစီ တင်ရန်
  • Department - Department of Law
  • Course Type - PGDL
  • Occupation - အလုပ်အကိုင်နှင့်ဌာန
  • Email - သင်တန်းကာလအသုံးပြုမည့် email address
  • Phone - သင်တန်းသား၏ဖုန်းနံပါတ်
  • Address - လိပ်စာအပြည့်အစုံ
  • Choose picture - ပတ်စပို့ပုံကို upload လုပ်ရန်

2. Parent Information 

  • Father Name - အဖအမည်
  • Phone - ဖုန်းနံပါတ်
  • Father Occupation - အဖအလုပ်အကိုင်
  • Address - လိပ်စာ

3. Academic qualification

  • Major - ဘွဲ့ရရှိသောဘာသာရပ်
  • Degree - ဘွဲ့အမည်
  • University - ဘွဲ့ရရှိသောတက္ကသိုလ်
  • Choose file တွင် ဘွဲ့လက်မှတ်ကို အရှေ့ (၁) ပုံ၊ အနောက် (၁) ပုံစီ တင်ရန်

 

သတိပြုရမည့်အချက်များ

  • ဖြည့်ရမည့် အချက်အလက်များသည် English လို ဖြည့်ရမည်။
  • အချက်အလက်မပြည့်စုံသောလျှောက်လွှာများကို လုံးဝ (လုံးဝ) ဝင်ခွင့်လက်ခံမည် မဟုတ်ပါ။
  • သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံ၍ ဝင်ခွင့်ရရှိသူများကို Email ဖြင့် အကြောင်းကြားပါမည်။
  • ဝင်ခွင့်ရရှိသူများသည် သတ်မှတ်ထားသော ရက်အတွင်း သင်တန်းရေးရာဌာနတွင် ကျောင်းအပ်နှံ၍ User Name နှင့် Password ကို Email ဖြင့် ပေးပို့ပါမည်။

 
သင်တန်းနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ဖုန်း ၀၉-၆၈၀၈၉၉၈၅၉၊ ၀၁-၂၃၀၅၉၃၈၊ ၀၁-၂၃၀၅၉၃၈၊ ၀၁-၅၂၅၁၆၄ တို့ကို ဆက်သွယ်၍ဖြစ်စေ၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဥပဒေပညာဌာန၊ သထုံလမ်းတွင် လူကိုယ်တိုင် သွားရောက်၍ဖြစ်စေ ရုံးချိန်အတွင်း စုံစမ်းမေးမြန်းနိုင်သည်။

===========================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

 

Latest Post Local News University / College Read 300 times