တက္ကသိုလ်စာမေးပွဲများနှင့် တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာစစ်ဆေးခြင်းများရပ်ဆိုင်း

**Unicode**

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ (၃) ဦးတွေ့ရှိပြီဖြစ်သည့်အတွက် လက်ရှိဖြေဆိုနေသည့် တက္ကသိုလ်စာမေးပွဲများ၊ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာစစ်ဆေးခြင်းလုပ်ငန်းများကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနထံမှသိရသည်။

ထိုအခြေအနေများကြောင့် မတ်လ (၁၈) ရက်နေ့မှ စတင်ကျင်းပနေသည့် တက္ကသိုလ်အသီးသီး၏ စာမေးပွဲများကိုရပ်ဆိုင်းရန် တက္ကသိုလ်အသီးသီးမှ ကြေညာချက်များထုတ်ပြန်နေပြီဖြစ်ပြီး အဝေးသင်သင်တန်းများ၏ ကျောင်းဝင်မှတ်ပုံတင်ခြင်းများ၊ စာစဉ်တင်သွင်းခြင်းများ၊ ထုတ်ယူခြင်းများကို မတ်လ (၂၄) ရက်မှစတင်ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။

Read More:>>>  တကၠသုိလ္အသီးသီး၏ **အလြန္အေရးႀကီး** ေသာယေန႔ ထုတ္ျပန္ခ်က္မ်ား

ထိုသို့ဖြေလက်စ စာမေးပွဲများကို ရပ်ဆိုင်းလိုက်ခြင်းအတွက် ကျန်ရှိသည့်ဘာသာရပ်များကို စာမေးပွဲပြန်လည်ကျင်းပသည့်အခါ ဆက်လက်ဖြေဆိုရမည်ဖြစ်ပြီး ကျောင်းအဆောင်များတွင်နေထိုင်သည့် ကျောင်းသား၊ ကျောင်းသူများအနေနှင့် မတ်လ (၂၄) ရက်မှစတင်ကာ မိမိတို့နေရပ်သို့ ပြန်လည်ထွက်ခွာကြရန်အသိပေးထားသည်။

 

ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး နောက်ဆုံးရသတင်းများသိလိုပါက ပုံကိုနှိပ်ပါ။ 

 

ယခုအခါ တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ခြင်းလုပ်ငန်းများဆောင်ရွက်ရန်အတွက် အဖြေလွှာများကို ကုဒ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေဆဲကာလဖြစ်ပြီး ယင်းလုပ်ငန်းများကိုလည်းစတင်ရပ်ဆိုင်းရန် ညွှန်ကြားထားပြီးဒေသအသီးသီးမှ စာစစ်ရန်လာရောက်နေသည့် ဆရာ၊ ဆရာမများသည် သက်ဆိုင်ရာတက္ကသိုလ်များအထိ လာရောက်စရာမလိုကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှသိရသည်။ 

Catering (7) ဧည္ခံေကၽြးေမြးျခင္းသင္တန္းႏွင့္ ပတ္သက္ျပီးရွာရန္ႏွိပ္ပါ။

နေ့သင်တန်းများ၏ တက္ကသိုလ်ဝင်စာမေးပွဲများရပ်ဆိုင်းလိုက်သလို တက္ကသိုလ်အသီးသီးတွင်ဖွင့်လှစ်ထားသည့် ဒီပလိုမာသင်တန်းများနှင့် စာမေးပွဲများကိုလည်း ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။

Source: The Voice Daily

 

**Zawgyi**

ျမန္မာႏိုင္ငံတြင္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္သူ (၃) ဦးေတြ႔ရွိၿပီျဖစ္သည့္အတြက္ လက္ရွိေျဖဆိုေနသည့္ တကၠသိုလ္စာေမးပဲြမ်ား၊ တကၠသိုလ္ဝင္စာေမးပဲြအေျဖလႊာစစ္ေဆးျခင္းလုပ္ငန္းမ်ားကို ရပ္ဆိုင္းလိုက္ၿပီျဖစ္ေၾကာင္း အဆင့္ျမင့္ပညာဦးစီးဌာနထံမွသိရသည္။

ထိုအေျခအေနမ်ားေၾကာင့္ မတ္လ (၁၈) ရက္ေန႔မွ စတင္က်င္းပေနသည့္ တကၠသိုလ္အသီးသီး၏ စာေမးပဲြမ်ားကိုရပ္ဆိုင္းရန္ တကၠသိုလ္အသီးသီးမွ ေၾကညာခ်က္မ်ားထုတ္ျပန္ေနၿပီျဖစ္ၿပီး အေဝးသင္သင္တန္းမ်ား၏ ေက်ာင္းဝင္မွတ္ပံုတင္ျခင္းမ်ား၊ စာစဥ္တင္သြင္းျခင္းမ်ား၊ ထုတ္ယူျခင္းမ်ားကို မတ္လ (၂၄) ရက္မွစတင္ရပ္ဆိုင္းလိုက္ၿပီျဖစ္သည္။

Read More:>>>  တကၠသုိလ္အသီးသီး၏ **အလြန္အေရးႀကီး** ေသာယေန႔ ထုတ္ျပန္ခ်က္မ်ား

ထိုသို႔ေျဖလက္စ စာေမးပဲြမ်ားကို ရပ္ဆိုင္းလိုက္ျခင္းအတြက္ က်န္ရွိသည့္ဘာသာရပ္မ်ားကို စာေမးပဲြျပန္လည္က်င္းပသည့္အခါ ဆက္လက္ေျဖဆိုရမည္ျဖစ္ၿပီး ေက်ာင္းအေဆာင္မ်ားတြင္ေနထိုင္သည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအေနႏွင့္ မတ္လ (၂၄) ရက္မွစတင္ကာ မိမိတို႔ေနရပ္သို႔ ျပန္လည္ထြက္ခြာၾကရန္အသိေပးထားသည္။

 

ကိုရိုနာဗိုင္းရပ္စ္ႏွင့္ ပတ္သက္ၿပီး ေနာက္ဆံုးရသတင္းမ်ားသိလိုပါက ပံုကိုႏွိပ္ပါ။ 
 

 

 

ယခုအခါ တကၠသိုလ္ဝင္စာေမးပဲြစာစစ္ျခင္းလုပ္ငန္းမ်ားေဆာင္ရြက္ရန္အတြက္ အေျဖလႊာမ်ားကို ကုဒ္လုပ္ျခင္းလုပ္ငန္းမ်ား ေဆာင္ရြက္ေနဆဲကာလျဖစ္ၿပီး ယင္းလုပ္ငန္းမ်ားကိုလည္းစတင္ရပ္ဆို္င္းရန္ ညႊန္ၾကားထားၿပီးေဒသအသီးသီးမွ စာစစ္ရန္လာေရာက္ေနသည့္ ဆရာ၊ ဆရာမမ်ားသည္ သက္ဆိုင္ရာတကၠသိုလ္မ်ားအထိ လာေရာက္စရာမလိုေၾကာင္း အဆင့္ျမင့္ပညာဦးစီးဌာနမွသိရသည္။ 

Catering (7) ဧည္ခံေကၽြးေမြးျခင္းသင္တန္းႏွင့္ ပတ္သက္ျပီးရွာရန္ႏွိပ္ပါ။

ေန႔သင္တန္းမ်ား၏ တကၠသိုလ္ဝင္စာေမးပဲြမ်ားရပ္ဆိုင္းလိုက္သလို တကၠသိုလ္အသီးသီးတြင္ဖြင့္လွစ္ထားသည့္ ဒီပလိုမာသင္တန္းမ်ားႏွင့္ စာေမးပဲြမ်ားကိုလည္း ရပ္ဆိုင္းလိုက္ၿပီျဖစ္သည္။

Source: The Voice Daily

Latest Post News News Read 19841 times