တက္ကသိုလ်ဝင် စာမေးပွဲမအောင်သော်လည်း အခြေခံပညာ အထက်တန်းဆင့် ပြီးမြောက်ကြောင်း လက်မှတ်ထုတ်ပေးမည်

ပြီးခဲ့သည့် ပညာသင်နှစ်က ဒသမ တန်းတက်ရောက်ခဲ့သည့် ကျောင်း သား၊ ကျောင်းသူများအား တက္က သိုလ်ဝင်စာမေးပွဲမအောင်သော် လည်း အခြေခံပညာအထက်တန်း ဆင့် ပြီးမြောက်ကြောင်းလက်မှတ် ထုတ် ပေးမည်ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် တက္ကသိုလ် ဝင်စာမေးပွဲအောင်စာရင်းကို သြဂုတ် ၈ ရက်တွင် ပညာရေးဝန် ကြီးဌာန ဝက်ဘ်ဆိုက်မှ ကြေညာ မည်ဖြစ်ပြီး သြဂုတ် ၉ ရက်တွင် အခြေခံပညာ ကျောင်းများ၌ အောင်စာရင်းစာရွက်ကပ်ထား မည်ဖြစ်သည်။

မတ်လက ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲကို တစ် နိုင်ငံလုံးမှ ကျောင်းသား၊ ကျောင်း သူ ကိုးသိန်းကျော် ဖြေဆိုထား သည်။ တက္ကသိုလ်ဝင်စာမေးပွဲ မအောင်သော်လည်း စံသတ်မှတ် ချက်များပြည့့်မီပါကအထက်တန်း ဆင့် ပြီးမြောက်ကြောင်းလက်မှတ် ကို ၂၀၁၉-၂၀ ပညာသင်နှစ် ဒသမတန်း(Grade-11) ကျောင်း သား၊ ကျောင်းသူများအတွက် စတင်ထုတ်ပေးမည်ဖြစ်သည်။


‘‘ကျောင်းသားတစ်ဦးချင်းစီ ရဲ့ လုပ်ဆောင်မှုတွေကို Record  လုပ်ထားရမယ်။ (စံသတ်မှတ် ချက်)ခုနစ်ချက်နဲ့ညီတဲ့ ဒီနှစ်တက္က သိုလ်ဝင်တန်းကို ကျောင်းတွင်းက  ဖြေတဲ့ကျောင်းသားတွေကို ဒီ Completion Certificate ပေး မယ်’’ဟုအခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက် တာတင်မောင်ဝင်းက ဆိုသည်။

ကျောင်းခေါ်ကြိမ် ပြည့်မီ ခြင်း၊  ပညာရည်စစ်ဆေးအကဲ ဖြတ်ခြင်း၊  ဘာသာရပ်အလိုက် တတ်မြောက်မှု အဆင့်သတ်မှတ် ခြင်း၊ စာပေအနုပညာလုပ်ငန်း များတွင် ပါဝင်ဆောင်ရွက်နိုင်မှု၊ စာကြည့်တိုက်ဆိုင်ရာကဏ္ဍများ ၏ လှုပ်ရှားမှုများတွင် ပါဝင်ခြင်း၊ လူမှုရေးုပြစ်ချက်ကင်း၍ ကျောင်း စည်းကမ်းလိုက်နာခြင်း၊ အားက စားနှင့် ကာယလှုပ်ရှားမှုများ ဆောင်ရွက်ခြင်း၊ ကျောင်းကောင် စီအသင်းအဖွဲ့များနှင့် လူမှုရေးအ သင်းများတွင် ပါဝင်ဆောင်ရွက် ခြင်းတို့ကို စံသတ်မှတ်ချက် ခုနစ် ချက်အဖြစ် သတ်မှတ်ထားသည်။ 

တက္ကသိုလ်ဝင်စာမေးပွဲ မအောင်မြင်သည့် ၇၀ ရာခိုင်နှုန်း သော ကျောင်းသားအများစုသည် ၁၁ နှစ်တာပညာသင်ယူခဲ့သော် လည်း အသိအမှတ်ပြုလက်မှတ် မရဘဲ ကျောင်းထွက်သွားရခြင်း မျိုးမရှိစေရန် အခြေခံပညာအ ထက်တန်းဆင့် ပြီးမြောက် ကြောင်းလက်မှတ်ထုတ်ပေးရန် ပညာရေးဝန်ကြီးဌာနက စီစဉ် ခြင်းဖြစ်သည်။

 

Source: 7Day News

Government School Latest Post News Read 20747 times