Impact Hub Yangon ကနေ ရှမ်းပြည်တောင်ပိုင်းက လူငယ်တွေ၊ အကြောင်းအမျိုးမျိုးကြောင့် တောင်ကြီးမြို့ကို ရွှေ့ပြောင်းရောက်ရှိနေကြသူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိဖို့ ရည်ရွယ်ပြီး အသက်မွေးဝမ်းကြောင်းဆိုင်ရာ သင်တန်း (၅) မျိုးကို အခမဲ့ ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
ဖွင့်လှစ်ပေးသွားမယ့် သင်တန်းတွေကတော့ -
အသက် (၁၆) နှစ်နဲ့အထက် အမျိုးသား၊ အမျိုးသမီး ဘယ်သူမဆို တက်ရောက်နိုင်ပြီး အောက်ပါလင့်ခ်ကနေတဆင့် ဧပြီ (၂၂) ရက်၊ အင်္ဂါနေ့အထိ လျှောက်ထားနိုင်ပါတယ်။
>> https://docs.google.com/forms/
***လက်မှုလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းမှာ -
ဒီသင်တန်းမှာ လူ (၁၀) ဦးကိုသာ လက်ခံသင်ကြားပေးသွားမှာ ဖြစ်ပြီး ဧပြီ (၂၆) မှ မေ (၅) အထိ (၁၀) ရက်ကြာ တက်ရောက်ရပါမယ်။
***ဆိုလာတပ်ဆင်ခြင်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းမှာ -
ဒီသင်တန်းမှာ လူ (၅) ဦးကိုသာ လက်ခံသင်ကြားပေးသွားမှာ ဖြစ်ပြီး မေ (၆) မှ ဇွန် (၃) အထိ (၂၅) ရက်ကြာ တက်ရောက်ရပါမယ်။
***ဟိုတယ်နှင့် ဝန်ဆောင်မှုဆိုင်ရာ ကျွမ်းကျင်မှုသင်တန်း
ဒီသင်တန်းမှာ လူ (၁၀) ဦးကိုသာ လက်ခံသင်ကြားပေးသွားမှာ ဖြစ်ပြီး ဧပြီ (၂၆) မှ မေ (၂၄) အထိ (၂၅) ရက်ကြာ တက်ရောက်ရပါမယ်။
***အချက်အပြုတ်ဆိုင်ရာ ကျွမ်းကျင်မှု သင်တန်း
ဒီသင်တန်းမှာ လူ (၁၅) ဦးကိုသာ လက်ခံသင်ကြားပေးသွားမှာ ဖြစ်ပြီး မေ (၂၇) မှ မေ (၃၁) အထိ (၅) ရက်ကြာ တက်ရောက်ရပါမယ်။
***အစားအသောက် ထုတ်လုပ်မှုဆိုင်ရာ ကျွမ်းကျင်မှုသင်တန်း
ဒီသင်တန်းမှာ လူ (၂၀) ဦးကိုသာ လက်ခံသင်ကြားပေးသွားမှာ ဖြစ်ပြီး မေ (၂၂) မှ မေ (၂၆) အထိ (၅) ရက်ကြာ တက်ရောက်ရပါမယ်။
(ဖော်ပြပါ လျာထားသင်တန်းရက်များမှာ အပြောင်းအလဲ အနည်းငယ် ရှိနိုင်ပါသည်။)
သင်တန်းအားလုံးကို Advance Institute၊ အမှတ် (၈၇)၊ သန္တာလမ်း၊ ရေအေးကွင်းရပ်၊ တောင်ကြီးမြို့မှာ ဖွင့်လှစ်သွားမှာ ဖြစ်ပြီး သင်တန်းအကြိုအပို့၊ နေ့လယ်စာများ ပြင်ဆင်ပေးထားပါတယ်။
Source - Impact Hub Yangon
=========================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။