မုံရွာစီးပွားရေးတက္ကသိုလ်တွင် MBF နှင့် MDevS သင်တန်းတို့ ဖွင့်လှစ်မည်

မုံရွာစီးပွားရေးတက္ကသိုလ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးဆိုင်ရာမဟာဘွဲ့သင်တန်းနှင့် ဖွံ့ဖြိုးမှုပညာမဟာဘွဲ့သင်တန်းတို့ကို ဖွင့်လှစ်မည်ဖြစ်ပါသဖြင့် တက်ရောက်လိုသူများ မေလကုန်အထိ လျှောက်ထားနိုင်သည်။

ဖွင့်လှစ်မည့် မဟာဘွဲ့သင်တန်းများ

  • ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးဆိုင်ရာမဟာဘွဲ့ (MBF) သင်တန်း
  • ဖွံ့ဖြိုးမှုပညာမဟာဘွဲ့ (MDevS) သင်တန်း

အဆိုပါသင်တန်းများကို အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့တို့တွင် မနက် (၈) နာရီမှ ညနေ (၅) နာရီအထိ တက်ရောက်ရမှာဖြစ်ပြီး သင်တန်းကာလမှာ (၂) နှစ် ဖြစ်သည်။

သတ်မှတ်အရည်အချင်း

  • အသိအမှတ်ပြုတက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရပြီးသူဖြစ်ရမည်။
  • တက္ကသိုလ်တစ်ခုခုတွင် အခြား သင်တန်းတစ်ခုခု တက်ရောက်နေသူ မဖြစ်စေရ။
  • ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲ၏ သင်တန်းသို့ တက်ရောက်ခွင့်ပြုကြောင်း ထောက်ခံစာ ပါရှိရမည်။
  • သတ်မှတ်ထားသော သင်ရိုးအတိုင်း အချိန်ပြည့်မီစွာ တက်ရောက်နိုင်သူဖြစ်ပြီး Zoom Application အား ကောင်းစွာ အသုံးပြုနိုင်သူဖြစ်ရမည်။

လျှောက်လွှာထုတ်ယူခြင်းနှင့် တင်သွင်းခြင်း

သင်တန်းနှင့်သက်ဆိုင်သော လျှောက်လွှာပုံစံများကို မုံရွာစီးပွားရေးတက္ကသိုလ် သင်တန်းရေးရာဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ မိမိ လျှောက်ထားလိုသည့် သင်တန်း၏ Email (သို့) Viber မှဖြစ်စေ ရယူပြီး လျှောက်လွှာနှင့်တကွ အောက်ဖော်ပြပါ စာရွက်စာတမ်းများ၏ Original scan copy (မူရင်း scan ဖတ်ထားသော မိတ္တူ) ကို ၂၀၂၅ ခုနှစ်၊ မေ (၃၀) ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ရပါမည်။

  • ဘွဲ့လက်မှတ် (သို့) ယာယီဘွဲ့ထောက်ခံစာ
  • တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်
  • နိုင်ငံသားစိစစ်ရေးကတ်
  • ပညာအရည်အချင်း ထောက်ခံချက်နှင့် လုပ်ငန်းအတွေ့အကြုံ လုပ်ဆောင်ချက်
  • ပတ်စ်ပို့ဓာတ်ပုံ(၃)ပုံ

ဆက်သွယ်ရန်ဖုန်းနံပါတ်နှင့် အီးမေးလ်လိပ်စာ

MBF - 09-757712395, [email protected]

MDevS - 09-754598281, [email protected]

ဝင်ခွင့်စာမေးပွဲ

ဝင်ခွင့်ရေးဖြေစာမေးပွဲကို ဇွန် (၈) ရက်၊ တနင်္ဂနွေနေ့တွင် အွန်လိုင်းမှ ဖြေဆိုရမည်ဖြစ်ပြီး ရေးဖြေအောင်စာရင်းနှင့် လူတွေ့ အချိန်စာရင်းကို ဇွန် (၁၂) ရက်၊ ကြာသပတေးနေ့တွင် ထုတ်ပြန်ပါမည်။

သင်တန်းနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက မုံရွာစီးပွားရေးတက္ကသိုလ်၊ သင်တန်းရေးရာဌာန၊ ဖုန်း-၀၉-၄၀၀၄၁၃၀၈၁၊ ၀၉-၂၅၉၁၄၄၇၄ဝ တို့ကို ဆက်သွယ်၍ဖြစ်စေ၊ [email protected] သို့ အီးမေးလ်ပေးပို့၍ဖြစ်စေ စုံစမ်းမေးမြန်းနိုင်သည်။

=========================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News University / College Read 440 times