တက္ကသိုလ် ပထမနှစ် နေ့သင်တန်း ဝင်ခွင့်ရစာရင်းများ ထုတ်ပြန်မည်

 

၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူများအတွက် ပထမနှစ် နေ့သင်တန်း ဝင်ခွင့်ရရှိသူစာရင်းများကို လာမည့် နိုဝင်ဘာလ (၁၀) ရက်နေ့တွင် ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။

 

မြန်မာတစ်နိုင်ငံလုံးရှိ တက္ကသိုလ်အသီးသီး၏ ပထမနှစ် ဝင်ခွင့်ရ ကျောင်းသားစာရင်းကို သက်ဆိုင်ရာ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်အသီးသီးတွင် ကြေညာထားမည်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာန website (http://www.moe.gov.mm) နှင့် အဆင့်မြင့်ပညာဦးစီးဌာန (http://www.dhe.gov.mm) website တို့တွင်လည်းကောင်း ကြေညာထားမည်ဖြစ်သည်။

 

၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များ၏ ဘွဲ့ကြိုသင်တန်းများနှင့် ဘွဲ့လွန်သင်တန်းများကို နိုဝင်ဘာလ (၁၄) ရက်နေ့မှစ၍ နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ ပိတ်ရက်မရှိ ကျောင်းအပ်လက်ခံမည်ဖြစ်ပြီး နိုဝင်ဘာလ (၂၁) ရက်နေ့တွင် စတင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

Source :

=========================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Local News Read 187 times