အိန္ဒိယနိုင်ငံ တမီလ်နာဒူးပြည်နယ်အစိုးရအနေဖြင့် ပြည်နယ်တွင်းရှိ ကျောင်းများပြန်လည်ဖွင့်လှစ်ရန် ဆုံးဖြတ်ချက်မချရသေးပါ။
ထိုသို့ ကူးစက်ရောဂါများဖြစ်နေချိန်တွင် ကျောင်းများ ပြန်ဖွင့်လှစ်ရမည့် အချိန်မဟုတ်ပါ။ ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေးနှင့် လုံခြုံမှုကပိုအရေးကြီးတယ်" ဟုကျောင်းပညာရေး ဝန်ကြီး KA Sengottaiyan က ယမန်နေ့ကပြောကြားခဲ့သည်။ သူသည် ချိန်နိုင်းရှိ ခရိုင်ပညာရေးဆိုင်ရာ အရာရှိများ (CEOs) တွေ့ဆုံဆွေးနွေးပွဲတွင် းသတင်းထောက်များ မေးမြန်းခဲ့ကြသည်ကို ပြန်လည်ဖြေကြားရာတွင် ယခုလို ပြောပြအသိပေးခဲ့ခြင်း ဖြစ်သည်။
ဖြည့်စွက်ပြောကြားသည်မှာ ပြန်လည်ဖွင့်သည့်နေ့ကို ဆုံးဖြတ်ချက် ချဖို့ မကြာမီပြုလုပ်တော့မည်ဖြစ်သည်။ Sengottaiyan သည် ဝန်ကြီးချုပ်နှင့် ကျောင်းဖွင့်ခြင်းကိစ္စကို မကြာသေးမီကဆွေးနွေးခဲ့သည်။ Covid-19 ရောဂါကူးစက်မှုများကြောင့် ကျောင်းများကို မတ်လကတည်းကပိတ်ထားခဲ့ရသည်။
တမီးလ်နာဒူးပြည်နယ်တွင် သုံးဘာသာစကား သင်ကြားသည့် သတ်မှတ်ပြဌာန်းချက်ကို ဆက်လက်ဆန့်ကျင်မည်ဟု ဝန်ကြီးက ပြောကြားခဲ့သည်။ ဖုန်းစခရင် အပါအဝင် gadgets နှင့် ထိတွေ့မှုပိုမိုများပြားလာခြင်းကြောင့် ကျောင်းသားများ၏ မျက်လုံးများကို ပုံမှန်စစ်ဆေးပေးနေရန် ပုဂ္ဂလိက ပညာရေးဝန်ဆောင်မှု လုပ်ငန်းများမှ စီအီးအိုများအား၎င်းက တိုက်တွန်းခဲ့သည်။
Ref: newindianexpress.com
By Yu Khine