ဆေးဘက်ဆိုင်ရာအင်ဂျင်နီယာ ဒီပလိုမာသင်တန်း လျှောက်လွှာခေါ်ယူခြင်း

ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်၊ ရန်ကုန်၌ ဆေးဘက်ဆိုင်ရာအင်ဂျင်နီယာ (Medical Engineering) ဒီပလိုမာ (၁) နှစ်သင်တန်းကို ဖွင့်လှစ်မည်ဖြစ်ပါသဖြင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ (၂၈) ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

 

လိုအပ်သော အရည်အချင်းများ

  • ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသားဖြစ်ရပါမည်။
  • အောက်ပါဘွဲ့ (၁)ခုခု ရရှိထားသူဖြစ်ရပါမည်။

  • ကျန်းမာရေးဝန်ကြီးဌာန လက်အောက်တွင် အမြဲတမ်းဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး လျှောက်လွှာပိတ်သည့်နေ့တွင် အလုပ် စတင်ဝင်ရောက်သည့်ရက်မှစ၍ ခွင့်ရက်မပါ အနည်းဆုံး လုပ်သက်(၂)နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။
  • လျှောက်လွှာပိတ်သည့်ရက်တွင် အသက် (၄၀) နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။
  • ဒီပလိုမာဘွဲ့ရရှိပြီးပါက အနည်းဆုံး (၂) နှစ် နိုင်ငံ့ဝန်ထမ်းအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။
  • သင်တန်းကို ပြီးဆုံးအောင် တက်ရောက်နိုင်သူဖြစ်ရမည်။

 

လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ

  • လျှောက်လွှာတွင် ဖော်ပြထားရှိသည့် အချက်အလက်များသည် မှန်ကန်မှုရှိပါကြောင်း ကိုယ်တိုင်လက်မှတ်ရေးထိုးထားသော ခံဝန်ချက်
  • သက်ဆိုင်ရာဘွဲ့လက်မှတ်မိတ္တူနှင့် အမှတ်စာရင်းမိတ္တူ
  • ဓာတ်ပုံ (၃)ပုံ (လိုင်စင်ဓာတ်ပုံ)
  • အသက်ထောက်ခံစာ (သို့မဟုတ်) တက္ကသိုလ်ဝင်တန်းအောင် လက်မှတ်မိတ္တူ
  • ဆေးရုံသုံး စက်ပစ္စည်းများ ကိုင်တွယ်ခြင်း၊ ပြုပြင်ခြင်းတို့တွင် ဆောင်ရွက်နေသူ ဖြစ်ကြောင်းသက်ဆိုင်ရာဆေးရုံ/ဌာန စီမံခန့်ခွဲမှုအဖွဲ့၏ ထောက်ခံချက်
  • မြန်မာ့စီးပွားရေးဘဏ် (အင်းစိန်) တွင် ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်၏ ငွေစာရင်း အမှတ် MD-၀၁၁၆၇၀ သို့ စာမေးပွဲကြေး (၁) ထောင်ကျပ်ကို ပေးသွင်းထားသော ချလန်မူရင်း (၁) စောင်

(မှတ်ချက်။ မြို့နယ်စီးပွားရေးဘဏ်ခွဲများမှတစ်ဆင့် မြန်မာ့စီးပွားရေးဘဏ် (အင်းစိန်)၊ တက္ကသိုလ်၏ ငွေစာရင်းအမှတ် MD-၀၁၁၆၇၀ သို့ လိပ်မူ၍ ငွေလွှဲစနစ်ဖြင့်လည်း ပေးပို့နိုင်ပါသည်။)

 

လျှောက်ထားရမည့်ပုံစံ

လျှောက်လွှာကို သက်ဆိုင်ရာဌာန ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး (ညွှန်ကြားရေးမှူးချုပ်/ဦးဆောင်ညွှန်ကြားရေးမှူး) မှတစ်ဆင့် လျှောက်ထားရမည်ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းဖြစ်ကြောင်း သက်ဆိုင်ရာဌာန ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူး၏ ထောက်ခံချက်ပါရှိရမည်။

သတ်မှတ်ချက်အတိုင်း လျှောက်ထားခြင်းမရှိသည့် လျှောက်လွှာများကို လုံးဝထည့်သွင်း စဉ်းစားခြင်းမပြုပါ။ ကြိုတင်မိတ္တူတစ်စောင်ကိုတော့ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်၊ ရန်ကုန်ပါမောက္ခချုပ်ထံ လိပ်မူ၍ မပျက်မကွက်ပေးပို့ရမည်။

 

ဝင်ခွင့်စာမေးပွဲဖြေဆိုရမည့်ရက်

လျှောက်လွှာပိတ်ရက်မှာ (၂၈-၂-၂၀၂၅) ရက် (သောကြာနေ့) ဖြစ်ပြီး သတ်မှတ်ထားသော အရည်အချင်းနှင့် ပြည့်စုံသူများသည် အရည်အချင်းစစ် နှုတ်ဖြေစာမေးပွဲကို ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်၊ ရန်ကုန်တွင် (၂၃-၄-၂၀၂၅) ရက်၊ (ဗုဒ္ဓဟူးနေ့)၌ ဖြေဆိုရမည် ဖြစ်ပါသည်။

ဘွဲ့လွန်ဆေးပညာဒီပလိုမာသင်တန်းဝင်ခွင့်တွင် အင်္ဂလိပ်စာဘာသာရပ်ကို ထည့်သွင်း စစ်ဆေးခြင်းမပြုသော်လည်း သင်တန်းတက်ရောက် နေစဉ်ကာလအတွင်း တစ်နှစ်လျှင် နှစ်ကြိမ် စစ်ဆေးမည့် အင်္ဂလိပ်စာ ဘာသာရပ်ကျွမ်းကျင်မှု အရည်အချင်းစစ် စာမေးပွဲ (၂) နာရီ မေးခွန်းကို ဖြေဆိုရပါမည်။ အင်္ဂလိပ်စာဘာသာရပ် အရည်အချင်းစစ် စာမေးပွဲ အောင်မြင်ကြောင်း တင်ပြနိုင်မှသာ ဘွဲ့ရအောင်စာရင်း ထုတ်ပေးပါမည်။

 

လိုက်နာရမည့် စည်းကမ်းချက်များ

  • သင်တန်းတက်ရောက်ရန် ရွေးချယ်ခံရပြီးမှ သင်တန်း တက်ရောက်ရန် ပျက်ကွက်လျှင် နောင်ပညာသင်နှစ် (၂) နှစ် ပြည်တွင်း/ ပြည်ပ ဘွဲ့လွန်သင်တန်းများသို့ လျှောက်ထားခွင့်မရှိပါ။
  • သင်တန်းတက်ရောက်ရန် ရွေးချယ်ခံရပြီး တက်ရောက်ခွင့်ရ စာရင်းထုတ်ပြန်ပြီးမှ သင်တန်းကို မတက်ရောက်လျှင်ဖြစ်စေ (မှတ်ပုံတင်ခြင်းပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ)၊ သင်တန်းကို ပြီးဆုံးအောင်မတက်ရောက်လျှင်ဖြစ်စေ၊ သင်တန်းအောင်မြင် ပြီးနောက် သတ်မှတ်ထားသည့် ကာလအတိုင်း နိုင်ငံ့တာဝန်ကို မထမ်းဆောင်လျှင်ဖြစ်စေ သတ်မှတ်ထားသော လျော်ကြေးငွေကို ပေးလျော်ရမည် ဖြစ်ပါသည်။
  • သင်တန်းတက်ရောက်ခွင့် ရရှိသူများသည် ဘွဲ့လွန်သင်တန်း စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာမည်ဖြစ်ကြောင်းနှင့် ဘွဲ့လွန်သင်တန်း အောင်မြင်ပြီးနောက် နိုင်ငံ့ဝန်ထမ်းအဖြစ် မိမိတာဝန်ကျရာ မည်သည့်ဒေသတွင်မဆို ဆက်လက်တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ကတိခံဝန်စာချုပ် ချုပ်ဆိုရမည်ဖြစ်သည်။

 

အသေးစိတ်အချက်အလက်များကို ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်၊ ရန်ကုန် ဖုန်း-၀၁-၃၆၄၅၇၅၃၊ ၀၁-၃၆၄၅၇၄၆ တို့သို့ ဆက်သွယ်စုံစမ်း နိုင်ပါသည်။ (သို့မဟုတ်) ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်၊ ရန်ကုန်၏ Website (www.umty.gov.mm) သို့လည်း ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

=================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

 

Latest Post University / College Read 415 times