Teacher Education Academy-TEA မှ ဆရာ၊ ဆရာမတွေအတွက် သင်ကြားရေးဆိုင်ရာ အသိပညာ ဗဟုသုတတွေ တိုးပွားရရှိစေဖို့ အခမဲ့ စာရင်းပေးသွင်း တက်ရောက်နိုင်တဲ့ Webinar နှစ်ခုကို စနေ၊ တနင်္ဂနွေ အားလပ်ရက်မှာ စီစဉ်ပေးထားပါတယ်။
သင်ကြားရေးနယ်ပယ်ကဆရာ၊ ဆရာမတွေ ကြားဖူးနေကျဖြစ်တဲ့ Content & Language Integrated Learning (CLIL) အကြောင်းကို မျှဝေသွားမယ့် Webinar ကတော့ စနေနေ့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
CLIL ဆိုတာ ဘာသာစကားတစ်ခုကို သင်ကြားတာမျိုး မဟုတ်ဘဲ ဘာသာရပ်တစ်ခုကို ဘာသာစကားတစ်မျိုးနဲ့အတူ တွဲဖက်သင်ကြားတာကို ခေါ်ပါတယ်။ ဥပမာ - သိပ္ပံဘာသာရပ်ကို အင်္ဂလိပ်ဘာသာစကား အသုံးပြုပြီး သင်ကြားတာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် International School မှာ စာသင်နေတဲ့ ဆရာ၊ ဆရာမတွေ ပိုပြီး တက်ရောက်သင့်ပါတယ်။
ခေါင်းစဥ် - Getting Started with CLIL
ဆွေးနွေးမျှဝေမည့်သူ - Sayama Aye Yu Aung @Elisa
နေ့ရက် - 8.2.2025 (စနေနေ့)
အချိန် - ည (၇) နာရီမှ (၉) နာရီ (မြန်မာစံတော်ချိန်)
နေရာ - Zoom Meeting
တနင်္ဂနွေနေ့မှာ ကျင်းပမယ့် Webinar ကတော့ အင်္ဂလိပ်စာသင်ကြားရေးနယ်ပယ်က ဆရာ၊ ဆရာမတွေအတွက် အသံထွက်ပီသမှန်ကန်စေဖို့ Pronunciation နဲ့ ပတ်သက်ပြီး ဆွေးနွေးမျှဝေသွားမှာ ဖြစ်ပါတယ်။
ခေါင်းစဥ် - Pronunciation for Teachers
ဆွေးနွေးမျှဝေမည့်သူ - Saya San Tun Aung @Horus
နေ့ရက် - 9.2.2025 (တနင်္ဂနွေနေ့)
အချိန် - ည (၇) နာရီမှ (၉) နာရီ (မြန်မာစံတော်ချိန်)
နေရာ - Zoom Meeting
ဖော်ပြပါ Webinar နှစ်ခုကို စိတ်ဝင်စားလို့ တက်ရောက်ချင်တယ်ဆိုရင် အောက်ပါလင်ခ့်မှတဆင့် TEA ပို့စ်အောက်မှာ Comment ပေးပြီး တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
> https://www.facebook.com/tea4teachers/posts/
တက်ရောက်ခွင့် ရရှိသူတွေကိုတော့ TEA ရဲ့ Admin များက ဆက်သွယ်လာမှာဖြစ်ပြီး လူဦးရေ ကန့်သတ်ချက်နဲ့ပဲ လက်ခံသွားမှာဖြစ်တာကြောင့် လက်မနှေးဖို့တော့ လိုပါတယ်။
Source - Teacher Education Academy-TEA
==========================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။