M-Tower မှာ (၂) ရက်တိုင်တိုင် ကျင်းပမယ့် ၂၀၂၅ ခုနှစ် ဂျပန်ပညာရေးပြပွဲ

 

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) နဲ့ OJEIC အဖွဲ့အစည်းတို့မှ ဦးစီးပြီး “Japan Education Fair in Yangon 2025” ကို ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်းက M-Tower မှာ ဖောဖော်ဝါရီ (၁၅) ရက်နေ့နဲ့ (၁၆) ရက်နေ့တို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

 

Japan Education Fair in Yangon 2025 - ဂျပန်ပညာရေးပြပွဲ (ရန်ကုန်) ကို ဂျပန်နိုင်ငံမှာ ကျောင်းတက်လိုတဲ့ ကျောင်းသား၊ ကျောင်းသူတွေ၊ ဂျပန်ပညာရေးကို စိတ်ဝင်စားတဲ့ ကျောင်းသားမိဘတွေ၊ ဂျပန်စာ သင်တန်းကျောင်းတွေမှ ဆရာ၊ ဆရာမတွေ တက်ရောက်နိုင်ပြီး ဂျပန်ပညာရေးအပြင် နေထိုင်ရေးနဲ့ အလုပ်အကိုင် အခွမ်းအလမ်းတွေကိုပါ စုံစမ်းနိုင်မှာ ဖြစ်ပါတယ်။ 

 

ဒီပြပွဲမှာ ဂျပန်နိုင်ငံက ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တွေ၊ အသက်မွေးဝမ်းကျောင်းကောလိပ်တွေနဲ့ ဘာသာစကားသင်တန်းကျောင်းတွေက တာဝန်ခံ ဆရာ၊ ဆရာမတွေ ပါဝင် ဆွေးနွေးမှာ ဖြစ်ပြီး ဂျပန်-မြန်မာ စကားပြန်တွေလည်း စီစဉ်ပေးထားတဲ့အတွက် မိမိတက်ရောက်လိုတဲ့ ကျောင်းအကြောင်းကို အခက်အခဲမရှိ စုံစမ်းမေးမြန်းနိုင်ပါတယ်။ 

 

ပါဝင်ဆွေးနွေးသွားမယ့် အဖွဲ့အစည်းနှင့် ကျောင်းများ

  • Embassy of Japan (Myanmar)
  • Kyoto University of Advanced Science 
  • Chinzei Gakuin University 
  • Yu Language Academy 
  • Okayama University ၊ Japan Education Information Center (OJEIC) 
  • Myanmar Association of Japan Alumni (MAJA)

 

ပွဲမှာ ဆွေးနွေးသွားမယ့် အကြောင်းအရာများ

  • ပွဲမှာ ပါဝင်မယ့် ဂျပန်ကျောင်းတွေရဲ့ တစ်နှစ်စာ ကုန်ကျစရိတ်တွေနဲ့အတူ သင်ကြားနိုင်မယ့် မေဂျာတွေအကြောင်း 
  • ဂျပန်ပညာတော်သင်ဆိုင်ရာ သိကောင်းစရာတွေ ဆွေးနွေးရှင်းပြခြင်းနဲ့ အမေးအဖြေကဏ္ဍ
  • ပညာသင်စရိတ် ထောက်ပံ့ကြေး အခွင့်အလမ်းများ
  • အချိန်ပိုင်းအလုပ်နဲ့ နေထိုင်ရေး
  • အလုပ်အကိုင်အခွင့်အလမ်းများ
  • ပညာတော်သင်ဆိုင်ရာ အတွေ့အကြုံများ

 

စာရင်းပေးသွင်းခြင်း

ဘယ်သူမဆို အခမဲ့ သွားရောက် ပါဝင်နိုင်တဲ့အတွက် ဂျပန်ပညာတော်သင်ကို စိတ်ဝင်စားသူတွေဆိုရင် အောက်ပါလင့်ခ်မှာ အခုပဲ စာရင်းပေးသွင်းနိုင်ပါပြီ။ 

> https://docs.google.com/forms/

 

ပွဲအစီအစဉ်

ပထမရက် - ဖေဖော်ဝါရီလ (၁၅) ရက်၊ စနေနေ့

ဒုတိယရက် - ဖေဖော်ဝါရီလ (၁၆) ရက်၊ တနင်္ဂနွေနေ့

အချိန် - မနက် (၁၀) နာရီမှ ညနေ (၃) နာရီအထိ

နေရာ - M-Tower၊ (၁၈) လွှာ

လိပ်စာ - အမှတ် (၅၂၇)၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန် (**မှတ်ချက် - Office tower ဖက်အခြမ်းရှိ ဝင်ပေါက်မှ ဝင်ပေးပါရန်။ Shopping mall ဝင်ပေါက်မှ ဝင်ရောက်နိုင်မည် မဟုတ်ပါ။**)

 

Events & Exhibitions Latest Post Read 361 times