Sales Hotline : 09448001653       Download App



နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းအား COVID-19 အလွန်တွင် ဖွင့်လှစ်ရန်စီစဉ်ထား

နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနအနေဖြင့် လမ်းပန်းဆက်သွယ်ရေးဝေးလံပြီး ပညာဆက်လက်သင်ကြားရန်  အခက်အခဲရှိသော ဗန်းမောက်မြို့နယ်ရှိ  ဒေသခံလူငယ်များ၏  အခြေခံပညာ ကဏ္ဍမြှင့်တင်ပေးရန်ရည်ရွယ်၍  ဗန်းမောက်မြို့၌ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်းကို ဖွင့်လှစ်ထားသည်။ အဆိုပါကျောင်းတွင် တည်ဆောက်ပြီးစီးခဲ့သည့်   ကျောင်းသားနှစ်ထပ်အိပ်ဆောင်၊ ကျောင်းသူနှစ်ထပ်အိပ်ဆောင်၊  ဝန်ထမ်းအိမ်ရာ၊ ရေချိုးခန်း၊ သန့်စင်ခန်း၊ စာကြည့်တိုက်များနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ဖြည့်တင်းပေးထားသော   အသုံးအဆောင်ပစ္စည်းများဖြစ်သည့် အိပ်ဆောင်သုံးပစ္စည်းများ၊ စားရိပ်သာသုံးပစ္စည်းများ၊ စာရေးကိရိယာပစ္စည်းများ ဖြည့်တင်းထားရှိမှုတို့အား  စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူး ဦးအောင်သိန်းက ယနေ့နံနက် ၁၀ နာရီခွဲတွင် သွားရောက်ကြည့်ရှုစစ်ဆေးသည်။ 

COVID-19 ကာလအလွန် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသော ပဉ္စမတန်း(Grade-6)နှင့် ဆဋ္ဌမတန်း (Grade-၇)ကျောင်းသား၊ ကျောင်းသူများအား စတင်လက်ခံပြီး  ပြုစုပျိုးထောင် လေ့ကျင့်ပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်။

ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာနအနေဖြင့် ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသော ဒေသများကို အထူးအလေးထား ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံအတွင်းပိုင်းရှိ ဖွံ့ဖြိုးမှုနောက်ကျ ကျန်ရှိနေသော ဒေသများမှ တိုင်းရင်းသား လူငယ်များအား  အခြေခံ၊ အဆင့်မြင့်ပညာရပ်များ သင်ကြားလေ့ကျင့်ပေးပြီး   လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊    လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

၁၉၉၉-၂၀၀၀  ပညာသင်နှစ်မှစ၍ ယနေ့အထိ တိုင်းဒေသကြီး/ပြည်နယ်များ၌ ယခုဖွင့်လှစ်မည့်ဗန်းမောက်၊    လူငယ်သင်တန်းကျောင်း အပါအဝင် လူငယ်သင်တန်းကျောင်း ၄၇ ကျောင်းအထိ ဖွင့်လှစ်ပေးနိုင်မည်ဖြစ်ပြီး ဒေသခံလူငယ်များ၏  အခြေခံပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားလူငယ်များအား နိုင်ငံ့သားကောင်း၊ လူသားကောင်းများ ဖြစ်စေရေး   စဉ်ဆက်မပြတ်  လေ့ကျင့်ပြုစု ပျိုးထောင်ပေးလျက်ရှိကြောင်း သိရသည်။ 

Latest Post Government School News Read 370 times