အခြေခံပညာဦးစီးဌာန၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များ

** Unicode **

**ရည်ရွယ်ချက်**
- နိုင်ငံသားတိုင်း အခြေခံပညာပြီးဆုံးသည်အထိ သင်ယူတတ်မြောက်စေရန်
- အခြေခံပညာအဆင့်အလိုက် တွေးခေါ်ကြံဆ ဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ရှိ၍ ဗလငါးတန်နှင့် ပြည့်စုံသည့် နိုင်ငံ့သားကောင်းများဖြစ်စေရန်
- ပြည်သူ့နီတိနှင့် ဒီမိုကရေစီကျင့်စဉ်နှင့် လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းများဖြင့် ဥပဒေကို လေးစားလိုက်နာတတ်သည့် နိုင်ငံ့သားကောင်းများဖြစ်စေရန်
- ပြည်ထောင်စုစိတ်ဓာတ်ဖွံ့ဖြိုးပြီး တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့နှင့် သမိုင်းအမွေအနှစ်တို့ကို တန်ဖိုးထား၍ ထိန်းသိမ်းမြှင့်တင်နိုင်ပြီး ယင်းတို့ကို လက်ဆင့်ကမ်းနိုင်သည့် နိုင်ငံသားများဖြစ်စေရန်
- သဘာဝပတ်ဝန်းကျင်ကို မြတ်နိုးကာကွယ်ထိန်းထိမ်းပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်သော နိုင်ငံသားများဖြစ်စေရန်
- နိုင်ငံတကာအဆင့်မီ ပညာရပ်ဆိုင်ရာ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန်နှင့်သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာများကို ထိရောက်စွာ အသုံးပြုခြင်းဖြင့် သင်ကြားရေး၊ သင်ယူရေး အရည်အသွေးမြင့်မားရန်
- အားကစားနှင့် ကာယပညာလုပ်ငန်းများ၊ ကျောင်းကျန်းမာရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် ကိုယ်ခန္ဓာကြံ့ခိုင်ပြီး အားကစားစိတ်ဓာတ်ဖွံ့ဖြိုးလာရန်
- အသက်မွေးဝမ်းကျောင်းပညာရေးနှင့် အဆင့်မြင့်ပညာရေးအတွက် အခြေခံကောင်းများရရှိရန်
- လူတစ်ဦးချင်းဖြစ်စေ၊ လူ့အဖွဲ့အစည်းအလိုက်ဖြစ်စေ မတူကွဲပြားမှုများ နားလည်းလက်ခံ၍ တန်းတူညီမျှမှုကို တန်ဖိုးထားလေးစားပြီး ငြိမ်းချမ်းရေး အခြေခံအသိများနှင့်အညီ လက်တွေ့ကျင့်သုံး နေထိုင်တတ်သည့် ကမ္ဘာ့နိုင်ငံသားများဖြစ်ရန်
- မြန်မာနိုင်ငံသားတစ်ဦးအဖြစ် မြတ်နိုးဂုဏ်ယူတတ်ရန်

Read More:>>>>  ေန႔စဥ္နဲ႔ အမ်ွ Computer အသံုးျပဳေနရၿပီဆိုရင္ ဒါမ်ိဳးေလးေတြက ပိုၿပီးအသံုးဝင္မယ္ထင္တယ္ေနာ္...

**လုပ်ငန်းတာဝန်**
အခြေခံပညာသင်ကျောင်းများဖွင့်ခြင်း၊ အဆင့်တိုးမြှင့်ခြင်း၊ စီမံခန့်ခွဲခြင်း၊ ပညာသင်ကြားမှု စစ်ဆေးခြင်း၊ ဆရာအတတ်သင် ပညာသင်ကြားပို့ချလေ့ကျင့်ခြင်း၊ အလုပ်ခွင်ရှိဆရာများ၏ သင်ကြားမှု စွမ်းရည်တိုးတက်ရေး၊ ဆရာများ၏ ပညာအရည်အချင်းသတ်မှတ်ရေး၊ ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းဥပဒေအရ သင်တန်းများမှတ်ပုံတင်ရေး၊ သင်ရိုးမာတိကာနှင့် ကျောင်းသုံးစာအုပ်ပြုစုရေး၊ ကျောင်းစာကြည့်တိုက် ဖွင့်လှစ်ထိန်းသိမ်းရေးတို့နှင့် ဝန်ကြီးဌာနက အခါအားလျော်စွာ ချမှတ်ပေးသည့် လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ပါသည်။
(Ministry of Education)
(www.edge.com.mm)

** Zawgyi **

**ရည္ရြယ္ခ်က္**
- ႏိုင္ငံသားတိုင္း အေျခခံပညာၿပီးဆုံးသည္အထိ သင္ယူတတ္ေျမာက္ေစရန္
- အေျခခံပညာအဆင့္အလိုက္ ေတြးေခၚႀကံဆ ေဝဖန္ပိုင္းျခားႏိုင္ေသာ အသိဥာဏ္ရွိ၍ ဗလငါးတန္ႏွင့္ ျပည့္စံုသည့္ ႏိုင္ငံ့သားေကာင္းမ်ားျဖစ္ေစရန္
- ျပည္သူ႔နီတိႏွင့္ ဒီမိုကေရစီက်င့္စဥ္ႏွင့္ လူ႔အခြင့္အေရးဆိုင္ရာ စံႏႈန္းမ်ားျဖင့္ ဥပေဒကို ေလးစားလိုက္နာတတ္သည့္ ႏိုင္င့ံသားေကာင္းမ်ားျဖစ္ေစရန္
- ျပည္ေထာင္စုစိတ္ဓာတ္ဖြံ႔ၿဖိဳးၿပီး တိုင္းရင္းသားလူမ်ိဳးမ်ား၏ ဘာသာစကား၊ စာေပ၊ ယဥ္ေက်းမႈ၊ အႏုပညာ၊ ရိုးရာဓေလ့ႏွင့္ သမိုင္းအေမြအႏွစ္တို႔ကို တန္ဖိုးထား၍ ထိန္းသိမ္းျမွင့္တင္ႏိုင္ၿပီး ယင္းတို႔ကို လက္ဆင့္ကမ္းႏိုင္သည့္ ႏိုင္ငံသားမ်ားျဖစ္ေစရန္
- သဘာဝပတ္ဝန္းက်င္ကို ျမတ္ႏိုးကာကြယ္ထိန္းထိမ္းၿပီး ေရရွည္ဖြံ႔ၿဖိဳးတိုးတက္မႈကို ေဖာ္ေဆာင္ႏိုင္ေသာ ႏိုင္ငံသားမ်ားျဖစ္ေစရန္
- ႏိုင္ငံတကာအဆင့္မီ ပညာရပ္ဆိုင္ရာ ပတ္ဝန္းက်င္ေကာင္းမ်ား ဖန္တီးေပးရန္ႏွင့္သတင္းအခ်က္အလက္ႏွင့္ ဆက္သြယ္ေရး နည္းပညာမ်ားကို ထိေရာက္စြာ အသံုးျပဳျခင္းျဖင့္ သင္ၾကားေရး၊ သင္ယူေရး အရည္အေသြးျမင့္မားရန္
- အားကစားႏွင့္ ကာယပညာလုပ္ငန္းမ်ား၊ ေက်ာင္းက်န္းမာေရး လုပ္ငန္းမ်ားတြင္ ပါဝင္ေဆာင္ရြက္ျခင္းျဖင့္ ကိုယ္ခႏၶာႀကံ႕ခိုင္ၿပီး အားကစားစိတ္ဓာတ္ဖြံ႔ၿဖိဳးလာရန္
- အသက္ေမြးဝမ္းေက်ာင္းပညာေရးႏွင့္ အဆင့္ျမင့္ပညာေရးအတြက္ အေျခခံေကာင္းမ်ားရရွိရန္
- လူတစ္ဦးခ်င္းျဖစ္ေစ၊ လူ႔အဖြဲ႔အစည္းအလိုက္ျဖစ္ေစ မတူကြဲျပားမႈမ်ား နားလည္းလက္ခံ၍ တန္းတူညီမ်ွမႈကို တန္ဖိုးထားေလးစားၿပီး ၿငိမ္းခ်မ္းေရး အေျခခံအသိမ်ားႏွင့္အညီ လက္ေတြ႔က်င့္သံုး ေနထိုင္တတ္သည့္ ကမ႓ာ႔ႏိုင္ငံသားမ်ားျဖစ္ရန္
- ျမန္မာႏိုင္ငံသားတစ္ဦးအျဖစ္ ျမတ္ႏိုးဂုဏ္ယူတတ္ရန္

Read More:>>>>  ေန႔စဥ္နဲ႔ အမ်ွ Computer အသံုးျပဳေနရၿပီဆိုရင္ ဒါမ်ိဳးေလးေတြက ပိုၿပီးအသံုးဝင္မယ္ထင္တယ္ေနာ္...

**လုပ္ငန္းတာဝန္**
အေျခခံပညာသင္ေက်ာင္းမ်ားဖြင့္ျခင္း၊ အဆင့္တိုးျမွင့္ျခင္း၊ စီမံခန္႔ခြဲျခင္း၊ ပညာသင္ၾကားမႈ စစ္ေဆးျခင္း၊ ဆရာအတတ္သင္ ပညာသင္ၾကားပို႔ခ်ေလ့က်င့္ျခင္း၊ အလုပ္ခြင္ရွိဆရာမ်ား၏ သင္ၾကားမႈ စြမ္းရည္တိုးတက္ေရး၊ ဆရာမ်ား၏ ပညာအရည္အခ်င္းသတ္မွတ္ေရး၊ ဘာသာရပ္သင္ ကိုယ္ပိုင္သင္တန္းဥပေဒအရ သင္တန္းမ်ားမွတ္ပံုတင္ေရး၊ သင္ရိုးမာတိကာႏွင့္ ေက်ာင္းသံုးစာအုပ္ျပဳစုေရး၊ ေက်ာင္းစာၾကည့္တိုက္ ဖြင့္လွစ္ထိန္းသိမ္းေရးတို႔ႏွင့္ ဝန္ႀကီးဌာနက အခါအားေလ်ာ္စြာ ခ်မွတ္ေပးသည့္ လုပ္ငန္းမ်ားကို တာဝန္ယူေဆာင္ရြက္ပါသည္။
(Ministry of Education)
(www.edge.com.mm)

Latest Post News Tips Read 3026 times