ဂျပန်သံရုံးမှ ဇူလိုင်လတွင် ပြုလုပ်မည့် ပညာတော်သင်ဆွေးနွေးပွဲ

 

ဂျပန်သံရုံးအနေဖြင့် တစ်လလျှင်တစ်ကြိမ် ဂျပန်တက္ကသိုလ်တစ်ခု၏အကြောင်းကို မိတ်ဆက်တင်ပြသည့် ပညာတော်သင်ဆွေးနွေးပွဲကို ကျင်းပလျက်ရှိပါသည်။ ယခုလာမည့် ဇူလိုင်လ၏ ပညာတော်သင်ဆွေးနွေးပွဲတွင် မိတ်ဆက်ပေးရန် အလှည့်ကျသည့် တက္ကသိုလ်မှာ SYUSEI Technical College ဖြစ်ကြောင်း သိရပါသည်။

 

SYUSEI Technical College သည် ဂျပန်နိုင်ငံ အိုဆာကာမြို့မှာ တည်ရှိသော နာမည်ကြီး နည်းပညာသက်မွေးကောလိပ်တစ်ခု ဖြစ်ပါသည်။ ဒါကြောင့် နည်းပညာကို စိတ်ဝင်စားပြီး ဂျပန်နိုင်ငံသို့ ပညာတော်သင်သွားချင်သော ကျောင်းသားများ ဆက်ဆက်တက်ရောက်သင့်ပါသည်။ 

 

အဆိုပါဆွေးနွေးပွဲတွင် ကျောင်းအကြောင်းမိတ်ဆက်ခြင်း၊ သင်ကြားနိုင်သည့်ဘာသာရပ်များ၊ ကျောင်းဝင်ခွင့်လိုအပ်ချက်၊ ကျောင်းစရိတ်၊ ပညာသင်ဆု၊ အလုပ်အကိုင်အခွင့်အလမ်းစသည့် ကျောင်းနှင့်ပတ်သက်သည့်အကြောင်းအရာများကို ဆွေးနွေးပေးသွားမှာဖြစ်ပါသည်။ 

 

ကျောင်းသားများအနေဖြင့် ကောလိပ်၏ သတင်းအချက်အလက်များကို တိုက်ရိုက်ရယူနိုင်သည့် အခွင့်အရေးရှိသည့်အပြင် ဂျပန်ပညာရေးနှင့် ပတ်သက်သည့် သိလိုသော အကြောင်းအရာများကိုလည်း မေးမြန်းစုံစမ်းနိုင်ပါသည်။ 

 

ပညာတော်သင်ဆွေးနွေးပွဲကို တက်ရောက်လိုပါက အောက်ပါလင့်ခ်တွင် အခမဲ့ စာရင်းသွင်း လျှောက်ထားနိုင်ပါသည်။

လျှောက်ထားရန်လင့်ခ် > https://forms.gle/42MnEWJcju3s8jTE8

 

ပွဲအသေးစိတ်အချက်အလက်

နေ့ရက် - ဇူလိုင်လ  ၃ ရက်၊ ၂၀၂၄ ခုနှစ် (ဗုဒ္ဓဟူးနေ့) 

အချိန် - နေ့လည် ၂နာရီ မှ ၄နာရီအထိ

ကျင်းပမည့်ပုံစံ - အွန်လိုင်း (Zoom)

ဆွေးနွေးပေးမည့်ပုဂ္ဂိုလ် - MAJA, OJEIC, SYUSEI Technical College

 

Source - ဂျပန်သံရုံး (မြန်မာ)

Local News Events & Exhibitions Read 327 times