ဘွဲ့မရသေးလည်း လျှောက်ထားနိုင်တဲ့ ဆွစ်ဇာလန်နိုင်ငံက လစာရအလုပ်သင်ပရိုဂရမ်

 

ဘွဲ့ကြိုတက်ရောက်နေဆဲ ကျောင်းသားတွေ၊  ဘွဲ့လွန်မာစတာတန်း တက်ရောက်နေတဲ့ ကျောင်းသားတွေအတွက် ဆွစ်ဇလန်နိုင်ငံမှာ လစာများများနဲ့ အလုပ်သင်အတွေ့အကြုံတွေကို ရရှိနိုင်မယ့် CERN ရဲ့ Short Term Internship 2024 ပရိုဂရမ်အကြောင်း မျှဝေပေးချင်ပါတယ်။

 

Country: Switzerland

Location: Geneva

Duration: From 1 to 6 Months

Monthly Allowance: 1,577 Swiss Francs (မြန်မာ‌ငွေကျပ် ၅၇ သိန်းကျော်)

 

Paid Internship အကြောင်းမပြောခင်မှာ CERN ဆိုတာ ဘယ်လိုအဖွဲ့အစည်းမျိုးလဲ မိတ်ဆက်ပေးပါမယ်။CERN ဆိုတာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ တည်ရှိပြီး နျူကလီးယား သုတေသနနယ်ပယ်အတွက် ရူပဗေဒပညာရှင်များ၊ သုတေသနပညာရှင်များနှင့် အင်ဂျင်နီယာများဖြင့် ပါဝင်ဖွဲ့စည်းထားတဲ့ နာမည်ကြီး ဥရောပအဖွဲ့အစည်းတစ်ခုပါ။

 

အခုလစာပေး အလုပ်သင်အခွင့်အရေးမှာဆိုရင် လျှောက်ထားသူများအနေနဲ့ IELTS (သို့) TOEFl Test Result လည်း ပြစရာမလိုဘဲ CERN အဖွဲ့အစည်းမှာရှိတဲ့ ကျွမ်းကျင်ပညာရှင်တွေရဲ့ လက်အောက်မှာ ပညာယူရင်း လစာလည်းရမယ့် အခွင့်အရေးပါ။ လစာအနေနဲ့ကတော့ လစဉ် ဆွစ်ဇလန်ငွေ 1577 Swiss Francs (မြန်မာ‌ငွေကျပ် ၅၇ သိန်းကျော်) ရရှိမှာပဲဖြစ်ပါတယ်။ 

 

ဘယ်သူတွေ လျှောက်ထားလို့ရလဲ?

အသက်အားဖြင့် ၁၈ နှစ်ပြည့်ပြီး အောက်မှာဖော်ပြထားတဲ့ ပညာရေးနယ်ပယ်မှာ အချိန်ပြည့်ကျောင်းတက်ရောက်နေတဲ့ ကမ္ဘာတစ်ဝှမ်းက ကျောင်းသားများ၊ မာစတာတန်း တက်ရောက်နေတဲ့ကျောင်းသားများ လျှောက်ထားလို့ရပါတယ်။ (ဒေါက်တာဘွဲ့တက်ရောက်နေသော ကျောင်းသားများ လျှောက်ထားလို့မရပါဘူး)

  • Physics
  • Computing
  • Mathematics
  • Electricity
  • Electronics
  • Mechanical or Civil engineering
  • Instrumentation
  • Materials science
  • Radiation protection
  • Safety and environmental protection
  • Surveying
  • Ultra-high vacuum
  • Scientific communication
  • Translation
  • Advanced secretarial work
  • Accounting
  • Legal services
  • Human resources
  • Librarianship
  • Logistics

 

- ဘာသာစကားအနေနဲ့ကတော့ အင်္ဂလိပ်စာ ဒါမှမဟုတ် ပြင်သစ်ဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြောဆိုနိုင်ရပါမယ်။

- CERN မှာ အလုပ်သင်လုပ်နေစဉ်ကာလအတွင်း မိမိနိုင်ငံမှာ တက္ကသိုလ်တက်ရောက်နေတဲ့ Full-Time Registered ကျောင်းသားအဖြစ်တော့ ရှိထားဖို့ လိုအပ်ပါတယ်။

- အလုပ်သင်ကာလကတော့ အနည်းဆုံး ၁ လကနေ အများဆုံး ၆ လအထိ လုပ်ကိုင်ရပါတယ်။

 

အထူးသတိပြုရမှာက လျှောက်ထားသူတွေအတွက် နေထိုင်၊ စားသောက်စရိတ် လုံလောက်တဲ့ လစာမှအပ တခြားသော ကျန်းမာရေး၊ မတော်တဆမှုနှင့် ထိခိုက်မှုအတွက် ကုန်ကျစရိတ်ကိုတော့ CERN ဘက်မှ တာဝန်ယူပေးမှာမဟုတ်ပါဘူး။ 

 

လျှောက်ထားဖို့ ဘာတွေလိုအပ်မလဲ?

  • အင်္ဂလိပ်ဘာသာ (သို့) ပြင်သစ်ဘာသာဖြင့် ပြီးပြည့်စုံစွာရေးသားထားသော CV Form
  • လက်ရှိတက်ရောက်နေသော ကျောင်း(တက္ကသိုလ်)မှ ထောက်ခံစာတစ်စောင်
  • လက်ရှိမှာ တက္ကသိုလ်ကျောင်းသားဖြစ်ကြောင်း သက်သေအထောက်အထား (ကျောင်းအပ်ထားသော ပြေစာ/ကျောင်းသားကတ်/ထောက်ခံစာ စသည်တို့ တစ်ခုခု)
  • အောက်ပါ CERN Traineeship Agreement (သင်တန်းသား သဘောတူညီချက်) 

 https://cds.cern.ch/record/1994294/files/convention_stage_6mois_en.pdf

 

ဘယ်လိုလျှောက်ထားရမလဲ?

အောက်မှာပေးထားတဲ့လင့်ခ်ကနေ Online Application Form ကို ဖြည့်ပြီး လျှောက်ရုံပါပဲ။  အချက်အလက်တွေကို ပြည့်ပြည့်စုံစုံနဲ့ မှန်မှန်ကန်ကန်ဖြည့်ပြီး လိုအပ်တဲ့ စာရွက်စာတမ်း၊ သက်သေအထောက်အထားတွေကို ပူးတွဲတင်ပြဖို့ လိုအပ်ပါတယ်။ Deadline က တစ်နှစ်ပတ်လုံး လျှောက်ထားနိုင်တဲ့အတွက် အခုတည်းက သေချာပြင်ဆင်ပြီး စလျှောက်လို့ရပါပြီ။  


>> https://jobs.smartrecruiters.com

 

CERN အဖွဲ့အစည်းမှာ အခုလို ကျောင်းသားတွေအတွက် အကျိုးရှိတဲ့ အလုပ်သင်ပရိုဂရမ်တွေ နောက်ထပ်ရှိပါသေးတယ်။ Short-Term Internship Programme အပြင် ၂၀၂၄ ခုနှစ် ဇူလိုင်လ (၂၉) ရက်နေ့အထိ လျှောက်ထားနိုင်တဲ့ Doctoral Student Programme , Technical Student Programme , ADMINISTRATIVE STUDENT PROGRAMME , Summer Student Programme , CERN Openlab Summer Student Programme တို့လည်း ရှိပါတယ်။ အသေးစိတ်ကိုတော့ CERN ရဲ့ Official Website မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 


>> https://careers.smartrecruiters.com/CERN/students?

-----------------------------

VPN မလိုဘဲ ပညာရေးသတင်းအစုံအလင်ကို ဖတ်ရှုနိုင်ဖို့ Myanmar Education Guide ရဲ့ Telegram Channel ကို အခုပဲ Join ထားလိုက်တော့နော်။

Join our Telegram Channel

> https://t.me/eudcationguide

 

International Latest Post Vocational Read 24124 times