၂၀၂၀ ပြည့် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့သူများ

** Unicode **

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ (၁၁) ရက်နေ့တွင်စတင်ကျင်းပနေပြီဖြစ်ပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သက်ဆိုင်ရာ စာစစ်ဌာန ကျောင်းအသီးသီးတွင် မြန်မာစာဘာသာရပ်ကို ဖြေဆိုခဲ့ကြရာ ၎င်းနေ့တွင် ကျောင်းသား/သူ (၉၇၀၀၀၀) ကျော်ဝင်ရောက်ဖြေဆိုခဲ့ပြီး ပျက်ကွက်သူ (၆၀၀၀၀) ကျော်ရှိခဲ့ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရပါတယ်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်စာမေးပွဲကို  ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းသူမှာ (၉၇၁၂၆၆) ဦး၊ ဝင်ရောက်ဖြေဆိုသူ (၉၁၀၁၃၂) ဦး၊ ပျက်ကွက်သူ (၆၁၁၃၄) ဦးရှိကြောင်း ယခုလက်ရှိအခြေအနေအရ သိရပါတယ်။

Read More:>>>  (၈)တန်းအောင် (Grade-10) တက်ရောက်မည့် ကျောင်းသားကျောင်းသူများအတွက်

ယခုနှစ်တွင် အကျဉ်းထောင်မှ ဝင်ရောက်ဖြေဆိုသူ (၁၉၁) ဦးရှိကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှသိရပါတယ်။ယခင်နှစ်တွင် (၁၇၁) ဦးသာရှိ၍ ယခုနှစ်တွင် ဖြေဆိုသူဦးရေတိုးလာပါတယ်။

Thai (48) ထိုင်းဘာသာ စကားပြောသင်တန်းနှင့် ပတ်သက်ပြီး သင်တန်း (၄၈) ခုရှာရန်နှိပ်ပါ။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆေးရုံဖြေဆိုသူ (၄၅) ဦး၊ အမြင်အာရုံ မသန်စွမ်းဖြေဆိုသူ (၃၀) ဦး၊ အကြားအာရုံ မသန်စွမ်းဖြေဆိုသူ (၂၂) ဦး၊ ကိုယ်အင်္ဂါမသန်စွမ်းဖြေဆိုသူ (၁၇၇)ဦးရှိကြောင်းလည်းသိရပါတယ်။

(www.edge.com.mm)
 

** Zawgyi **




Read More:>>>  (၈)တန်းအောင် (Grade-10) တက်ရောက်မည့် ကျောင်းသားကျောင်းသူများအတွက်


Thai (48) ထိုင်းဘာသာ စကားပြောသင်တန်းနှင့် ပတ်သက်ပြီး သင်တန်း (၄၈) ခုရှာရန်နှိပ်ပါ။


(www.edge.com.mm)
 

News Tips Latest Post Read 5696 times