နဝမတန်းပြင်ပဖြေဆိုမည့် ကျောင်းသား/သူများအား စာမေးပွဲကို မေလတွင် ကျင်းပရန်သတ်မှတ်

**Unicode**

နဝမတန်းစာမေးပွဲ ကျရှုံးထားသော ကျောင်းသား/သူများ အဌမတန်းအောင်မြင်ပြီး အကြောင်းအမျိုးမျိုးကြောင့် ကျောင်းဆက် မတက်နိုင်၍ ပြင်ပဖြေဆိုမည့် ကျောင်းသား/သူများအတွက် ပြင်ပဖြေစာမေးပွဲကို မေလ (၂) ရက်နေ့မှ စတင်တွင် မေလ (၁၀) ရက်နေ့အတွင်း ကျင်းပမည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ကြေညာထားပါတယ်။

ပြင်ပဖြေဆိုခွင့်များလျှောက်ထားရန်အတွက် မြို့နယ်ပညာရေးမှူးရုံးများသို့ ကျောင်းသား/သူမျာသည် နောက်ဆုံးတက်ရောက်ခဲ့သည့်ကျောင်း၏ ကျောင်းထွက်လက်မှတ် မူရင်းနှင့် မိတ္တူ (၃) စောင်၊ လိုင်စင်ဓာတ်ပုံ (၂) ပုံတို့ဖြင့် လျှောက်ထားနိုင်ပါတယ်။အသေးစိတ်အချက်အလက်များကို မြို့နယ်ပညာရေးမှူးရုံးများတွင် လူကိုယ်တိုင်သွားရောက်စုံစမ်းနိုင်ပါတယ်။

၎င်းစာမေးပွဲအတွက် မေးခွန်းထုတ်ခြင်း၊ အဖြေလွှာစစ်ဆေးခြင်းကို ခရိုင်ပညာရေးမှူးရုံးများမှ ဆောင်ရွက်ရန်နှင့် စာမေးပွဲဖြေဆိုမည့် ကျောင်းသား/သူများစာရင်းကောက်ယူခြင်း၊ စာမေးပွဲကျင်းပခြင်းတို့ကို မြို့နယ်ပညာရေးမှူးရုံးတို့မှ ဆောင်ရွက်ရန်ကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ညွန်ကြားထားပါတယ်။

နဝမတန်းပြင်ပဖြေစာမေးပွဲသည် နှစ်စဉ်နှစ်တိုင်း ရှိပါတယ်။ ဖြေဆိုလိုသော ကျောင်းသား/သူများအနေဖြင့် ရှစ်တန်းအောင်မြင်လျှင် မြို့နယ်ပညာရေးမှူးရုံးများတွင် သွားရောက်အကြောင်းကြားရမည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

၎င်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုသော ကျောင်းသား/သူများ၏ အောင်စာရင်းကြေညာချက်ကို မေလ (၂၃) တွင် ကြေညာပေးသွားမည်ဖြစ်ကြောင်းလည်း သိရပါတယ်။

ပြင်ပဖြေဆိုခြင်းစနစ်ကိုပြုလုပ်ခြင်းမှာ ကျောင်းထွက်နှုန်းလျော့ကျစေရန်၊ ကျောင်းနေနှုန်းမြင့်မားလာစေရန် အစရှိသည့် ကောင်းမွန်သော ရည်ရွယ်ချက်များဖြင့် ကျောင်းပြန်တက်နိုင်မည့် အခွင့်အရေးများကို ရရှိနိုင်စေရန် ၎င်းပြင်ပဖြေအစီအစဉ်ကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ခွင့်ပြုခြင်းဖြစ်ကြောင်းသိရပါတယ်။

Read More:>>> နေ့စဉ်စားသုံးနေသော အသီးအနှံ/အသီးအရွက်များကို အင်္ဂလိပ်လိုလေးသိလိုပါသလား?

အခြေခံပညာ နဝမတန်း ပြင်ပဖြေစာမေးပွဲများကို ၁၉၉၉-၂၀၀၀ ပညာသင်နှစ်မှ စတင်ကာ နှစ်စဉ် မေလအတွင်း ကျင်းပပေးခြင်းဖြစ်ပါတယ်။

(www.edge.com.mm)

**Zawgyi**

နဝမတန္းစာေမးပြဲ က်ရႈံးထားေသာ ေက်ာင္းသား/သူမ်ား အဌမတန္းေအာင္ျမင္ၿပီး အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေက်ာင္းဆက္ မတက္ႏိုင္၍ ျပင္ပေျဖဆိုမည့္ ေက်ာင္းသား/သူမ်ားအတြက္ ျပင္ပေျဖစာေမးပြဲကို ေမလ (၂) ရက္ေန႔မွ စတင္တြင္ ေမလ (၁၀) ရက္ေန႔အတြင္း က်င္းပမည္ဟု ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနမွ ေၾကညာထားပါတယ္။

ျပင္ပေျဖဆိုခြင့္မ်ားေလ်ွာက္ထားရန္အတြက္ ၿမိဳ႕နယ္ပညာေရးမွဴးရုံးမ်ားသို႔ ေက်ာင္းသား/သူမ်ာသည္ ေနာက္ဆံုးတက္ေရာက္ခဲ့သည့္ေက်ာင္း၏ ေက်ာင္းထြက္လက္မွတ္ မူရင္းႏွင့္ မိတၱဴ (၃) ေစာင္၊ လိုင္စင္ဓာတ္ပံု (၂) ပံုတို႔ျဖင့္ ေလ်ွာက္ထားႏိုင္ပါတယ္။အေသးစိတ္အခ်က္အလက္မ်ားကို ၿမိဳ႕နယ္ပညာေရးမွဴးရံုးမ်ားတြင္ လူကိုယ္တိုင္သြားေရာက္စံုစမ္းႏိုင္ပါတယ္။

၄င္းစာေမးပြဲအတြက္ ေမးခြန္းထုတ္ျခင္း၊ အေျဖလႊာစစ္ေဆးျခင္းကို ခရိုင္ပညာေရးမွဴးရံုးမ်ားမွ ေဆာင္ရြက္ရန္ႏွင့္ စာေမးပြဲေျဖဆိုမည့္ ေက်ာင္းသား/သူမ်ားစာရင္းေကာက္ယူျခင္း၊ စာေမးပြဲက်င္းပျခင္းတို႔ကို ၿမိဳ႕နယ္ပညာေရးမွဴးရံုးတို႔မွ ေဆာင္ရြက္ရန္ကို ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနမွ ညြန္ၾကားထားပါတယ္။

နဝမတန္းျပင္ပေျဖစာေမးပြဲသည္ ႏွစ္စဥ္ႏွစ္တိုင္း ရွိပါတယ္။ ေျဖဆိုလိုေသာ ေက်ာင္းသား/သူမ်ားအေနျဖင့္ ရွစ္တန္းေအာင္ျမင္လ်ွင္ ၿမိဳ႕နယ္ပညာေရးမွဴးရံုးမ်ားတြင္ သြားေရာက္အေၾကာင္းၾကားရမည္ဟု ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦး၏ ေျပာၾကားခ်က္အရ သိရပါတယ္။

၄င္းစာေမးပြဲကို ဝင္ေရာက္ေျဖဆိုေသာ ေက်ာင္းသား/သူမ်ား၏ ေအာင္စာရင္းေၾကညာခ်က္ကို ေမလ (၂၃) တြင္ ေၾကညာေပးသြားမည္ျဖစ္ေၾကာင္းလည္း သိရပါတယ္။

ျပင္ပေျဖဆိုျခင္းစနစ္ကိုျပဳလုပ္ျခင္းမွာ ေက်ာင္းထြက္ႏႈန္းေလ်ာ႔က်ေစရန္၊ ေက်ာင္းေနႏႈန္းျမင့္မားလာေစရန္ အစရွိသည့္ ေကာင္းမြန္ေသာ ရည္ရြယ္ခ်က္မ်ားျဖင့္ ေက်ာင္းျပန္တက္ႏိုင္မည့္ အခြင့္အေရးမ်ားကို ရရွိႏိုင္ေစရန္ ၄င္းျပင္ပေျဖအစီအစဥ္ကို ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနမွ ခြင့္ျပဳျခင္းျဖစ္ေၾကာင္းသိရပါတယ္။

Read More:>>>  ေန႔စဥ္စားသုံးေနေသာ အသီးအႏွံ/အသီးအ႐ြက္မ်ားကို အဂၤလိပ္လိုေလးသိလိုပါသလား?

အေျခခံပညာ နဝမတန္း ျပင္ပေျဖစာေမးပြဲမ်ားကို ၁၉၉၉-၂၀၀၀ ပညာသင္ႏွစ္မွ စတင္ကာ ႏွစ္စဥ္ ေမလအတြင္း က်င္းပေပးျခင္းျဖစ္ပါတယ္။

(www.edge.com.mm)

News Tips Latest Post Read 1732 times