တောင်ကြီးမြို့တွင် အခမဲ့ ဖွင့်လှစ်မည့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း

ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များ ထုတ်လုပ်တတ်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာပြီး ဝင်ငွေတိုးစေရန်အတွက် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို အခမဲ့ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ကျွမ်းကျင်နည်းပြများကိုယ်တိုင် သင်ကြားပေးမည်ဖြစ်ပြီး မတ်လ (၁၈) ရက်နေ့မှ (၂၄) ရက်နေ့အထိ (၇) ရက်တာ တက်ရောက်ရပါမည်။ သင်တန်းအချိန်မှာ နံနက် (၉) နာရီမှ ညနေ (၄) နာရီခွဲအထိ ဖြစ်ပြီး သင်တန်းနေရာမှာ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုဦးစီးဌာန၊ သင်တန်းခန်းမတွင် ဖြစ်သည်။

သင်ကြားပို့ချမည့် ဘာသာရပ်များ

(၁) အစားအစာများတွင် ကျရောက်တတ်သော ဘေးအန္တရာယ်
(၂) အစားအစာများ ဘေးအန္တရာယ်ကင်းရှင်းရန် လိုအပ်ချက်များ
(၃) အစားအစာများတွင် ပါဝင်သော တာရှည်ခံဆေးများအကြောင်း
(၄) ကောင်းမွန်သော သန့်ရှင်းမှုနည်းစနစ် (Good Hygiene Practices)
(၅) ကောင်းမွန်မှန်ကန်သော ထုတ်လုပ်မှုနည်းစနစ် (GMP)
(၆) Quality Control and Packaging အကြောင်း
(၇) ကုန်အညွှန်းအမှတ်အသားများအကြောင်း
(၈) ကျောက်ဖရုံယို၊ သင်္ဘောသီးယို၊ ခရမ်းချဉ်သီးယို၊ ဇီးယို၊ ချဉ်စော်ခါးသီးယို၊ ခရမ်းချဉ်သီးဆောစ့်၊ မန်ကျည်းဆော့စ်၊ ဇီးဖျော်ရည်၊ မန်ကျည်းဖျော်ရည်၊ ချဉ်စော်ခါးသီးဖျော်ရည်၊ ရှားစောင်းလက်ပတ်ဖျော်ရည်၊ ကင်(မ်)ချီ၊ ဂျယ်လီ၊ ဝိုင်အမျိုးမျိုး၊ Bubble Tea၊ လက်ဖက်နှပ်၊ စတော်ဘယ်ရီယို၊ စတော်ဘယ်ရီဂျမ် လုပ်နည်းများ

စိတ်ပါဝင်စားသူများသည် ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုဦးစီးဌာန၊ အရှေ့မြို့ပတ်လမ်း၊ ရေအေးကွင်းရပ်ကွက်၊ တောင်ကြီးမြို့တွင် သွားရောက် စာရင်းပေးသွင်းရမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များကို ၀၈၁-၂၂၀၆၈၂၉၊ ညွှန်ကြားရေးမှူးဖုန်း ၀၉-၄၀၂၅၈၄၇၁၈ နှင့် ဒုတိယညွှန်ကြားရေမှူး ၀၉-၄၀၂၅၀၆၃၃၉ တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါသည်။

==========================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News Vocational Read 25 times