လူထုအကျိုးပြုစွမ်းရည်တွေ မြင့်တက်စေတဲ့ CSO Academy ရဲ့ Free Course များ

CSO Academy ဆိုတာ မြန်မာနိုင်ငံက အရပ်ဖက်အဖွဲ့အစည်း (CSO)၊ ရပ်ရွာအခြေပြုအဖွဲ့အစည်း (CBO)၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (NGO/INGO)၊ လူငယ်နဲ့ အမျိုးသမီး ဦးဆောင်တဲ့ အဖွဲ့ (Youth and Women Groups) တွေအတွက် လိုအပ်တဲ့ ဒစ်ဂျစ်တယ်၊ ဒေတာတို့နဲ့ သက်ဆိုင်တဲ့ သင်တန်းတွေ၊ အဖွဲ့အစည်း ဖွံဖြိုးတိုးတက်ရေး အထောက်အကူပြု သင်တန်းတွေကို အခမဲ့ လေ့လာနိုင်အောင် တည်ထောင်ထားတဲ့ Online Learning Platform တစ်ခု ဖြစ်ပါတယ်။

CSO Academy မှာ တက်ရောက်နိုင်တဲ့ သင်တန်းများ

  1. Basic Digital Literacy for Community Leaders
  2. Advanced Digital Skills For Community Leaders
  3. Program Management (Basic)
  4. Project Management
  5. Applied Program Management
  6. Basic of Leadership
  7. Communication Skill
  8. Community Engagement Implementation
  9. Community-Based Approaches to Gender Equality
  10. Conflict Sensitive Project Management (Part I)
  11. Conflict Sensitive Project Management (Part II)
  12. Content Marketing Strategy for Nonprofits (Part A)
  13. Content Marketing Strategy for Nonprofits (Part B)
  14. Data Capacity Building
  15. Digital Citizenship
  16. Digital Security
  17. Empowering CSO with Digital Media Skills
  18. Evidence-based Advocacy Planning and Research Techniques (I)
  19. Evidence-based Advocacy Planning and Research Techniques (II)
  20. Financial Management For Nonprofits (I)
  21. Financial Management For Nonprofits (II)
  22. Gender & Society
  23. Gender Equality & Social Inclusion
  24. Human Rights Documentation
  25. Human Rights Education
  26. Introduction to Community Engagement
  27. Leading Community Transformation
  28. Mis/Disinformation
  29. Participatory Action Research (PAR) Course
  30. Risk Assessment and Mitigation Planning (RAMP)
  31. Safeguarding and Preventing Sexual Harassment, Exploitation and Abuse (I)
  32. Safeguarding and Preventing Sexual Harassment, Exploitation and Abuse (II)
  33. Social Media Communication Strategies for Nonprofits (Part A)
  34. Social Media Communication Strategies for Nonprofits (Part B)
  35. Transformative Feminist Leadership (Organizational Level)
  36. Transformative Feminist Leadership (Personal Level)
  37. Understanding & Practising SDGs
  38. Visual Marketing Strategy for Nonprofits (Part A)
  39. Visual Marketing Strategy for Nonprofits (Part B)
  40. Youth & Development

CSO Academy ဝက်ဘ်ဆိုက်ဒ်နဲ့ Android အက်ပလီကေးရှင်းကို အသုံးပြုပြီး သင်တန်းတွေကို အချိန်၊ နေရာမရွေး ကိုယ်ပိုင်အချိန်ပေး Self-paced လေ့လာမှုစနစ်နဲ့ အခမဲ့ တက်ရောက်နိုင်ပါတယ်။ အင်တာနက် အခက်အခဲရှိတဲ့သူတွေက Android အက်ပလီကေးရှင်းကနေ အင်တာနက်ရချိန်မှာ ကိုယ်သင်ယူချင်တဲ့ သင်ခန်းစာတွေကို Download လုပ်ပြီး  Offline လေ့လာလို့လည်း ရပါတယ်။

စာတကယ်လိုက်လုပ်ဖြစ်ပြီး မိမိနားလည်နိုင်စွမ်းကို ပြန်သိရအောင် သင်ခန်းစာတိုင်းမှာ Assessement (အကဲဖြတ်စစ်ဆေးမှု) တွေ ပါဝင်ပါတယ်။ သင်တန်းတက်ရောက်မှု ပြီးဆုံးပါက CSO Academy မှ ပေးအပ်တဲ့ သင်တန်းပြီးမြောက်ကြောင်းလက်မှတ် Certificate ကိုလည်း ရရှိမှာဖြစ်ပါတယ်။

ဝက်ဘ်ဆိုက်ဒ်ကနေတဆင့် "အကောင့်ဝင်မည်" ထဲဝင်ကာ "အကောင့်အသစ်ဖွင့်မည်" ကို နှိပ်ပြီး ကိုယ်ပိုင်အကောင့် အရင် ဖွင့်ရပါမယ်။ အကောင့်ဖွင့်ပြီးမှသာ ဝက်ဘ်ဆိုက်ဒ်မှာ ရှိတဲ့ သင်တန်းတွေကို လေ့လာလို့ရမှာဖြစ်ပါတယ်။ ဝက်ဘ်ဆိုက်ဒ်က အချက်အလက်တွေ အတည်ပြုနေတာမို့ ခဏတော့ ကြာတတ်ပါတယ်။ စတင်အသုံးပြုလို့ရကြောင်း အီးမေးလ် ရရှိရင် စတင် အသုံးပြုလို့ရပါပြီ။

အကောင့်ဖွင့်နည်း > https://drive.google.com/file/d/

CSO Academy > www.csoacademymm.org

CSO Academy Android > https://bit.ly/CSOAcademyApplicationLink

သင်တန်းတက်ရောက်မှုနဲ့ ပတ်သက်ပြီး အခက်အခဲ (သို့) မေးမြန်းစရာ တစ်စုံတစ်ရာရှိပါက  CSO Academy ရဲ့ Facebook Messenger m.me/CSOAcademyMM မှာ သွားရောက် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

=================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Vocational Read 14 times