ရင်ဆိုင်မှု အသစ်များနှင့်ကြုံတွေ့နေရသည့် STEM အစီအစဉ်များ 

STEM (Science, Technology, Engineering, and Mathematics) လို့ ခေါ်သည့် သင်ရိုးအသစ်တွင် သိပ္ပံပညာရပ်၊ နည်းပညာရပ်၊ အင်ဂျင်နီယာ ပညာရပ်နှင့် သင်္ချာပညာရပ် တို့ပါဝင်ပါသည်။   

အနောက်နိုင်ငံတွင်သာမက မြန်မာနိုင်ငံ၏ ပုဂ္ဂလိကကျောင်းများတွင်လည်း အဆိုပါသင်ရိုးဖြင့် သင်ကြား‌နေကြပြီဖြစ်သည်။ နောက်ပိုင်းတွင် STEAM တွင်  အနုပညာ“arts”ဘာသာရပ်  နှင့် STREAM စာဖတ်ခြင်း “reading”၊ စူစမ်းရှာဖွေခြင်း“research” နှင့် အနုပညာ“arts”  စသည့် အပိုသင်ခန်းစာများအပြင် Robotics ဟု ခေါ်သည့်  စက်ရုပ်နှင့် ဆိုင်သော ကလေးများ စိတ်ဝင်စားသည့် ဘာသာရပ်များပါ ထည့်သွင်းသင်ကြားလာကြပြီ ဖြစ်သည်။ 

STEM ပညာရေး၏ ရည်ရွယ်ချက်မှာ ပြဿနာများဖြေရှင်းခြင်း၊ သင်ယူလေ့လာခြင်း ရှေ့ဆက်သွားခြင်း နှင့် တီထွင်မှုများအတွက် တွန်းအားပေးခြင်း တို့၏ နောက်တစ်ဆင့် ပို၍ မြင့်မားစေသည့်ရည်ရွယ်ချက်ဖြင့် သင်ကြား ကြခြင်းဖြစ်ပါသည်။

အင်ဂျင်နီယာ နှင့် STEM စခန်းများသည် သာမန် နွေရာသီစခန်းများနှင့်မတူပါ။ ၎င်းတို့တွင် သက်ဆိုင်ရာ နယ်ပယ်တစ်ခုအထိရောက်နိုင်သည့် အသိပညာများ ပါဝင်ပါသည်။ ကျောင်းသားလူငယ်များသည် ၎င်းစခန်းများမှ တဆင့် နောင်တွင် သူတို့၏ အသက်မွေးဝမ်းကျောင်းများအတွက် ဆုံးဖြတ်ချက် ချရာတွင် လိုအပ်သည့် အသိပညာ ဗဟုသုတများနှင့် ပရော်ဖက်ရှင်ကျသည့် လွှမ်းမိုးမှုများ ရနိုင်မည်ဖြစ်ပါသည်။ 

The journal of Pre- College Engineering Research ၏လေ့လာချက်များအရ ပညာရေးဆိုင်ရာ အင်ဂျင်နီယာစခန်းများတွင် ပါဝင်ခြင်းသည် ကျောင်းသားများ၏ နည်းပညာဆိုင်ရာ နားလည်မှု များတွင် အပြုသဘောဆောင်သည့် သက်ရောက်မှုများ ရှိလာပြီး လက်တွေ့တွင် အင်ဂျင်နီယာများက မည်သည့်အရာများလုပ်ကိုင်နေသည်ကို သိရှိနိုင် ကြောင်းဖော်ပြထားပါသည်။ 

ဒီနှစ်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့်  နွေရာသီစခန်းများဖွင့်လှစ်နိုင်ခြင်း မရှိသည်မှာ အံ့အားသင့်စရာမဟုတ်သော်လည်း အပြီးတိုင် ပိတ်ထားမှုများ ရှိလာနိုင်သည်ကိုတော့ စိုးရိမ်ရပါသည်။  

၁၉၈၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့သည့် Space Camp သည်လူသိအများဆုံးသော  ပညာရေးဆိုင်ရာ နွေရာသီစခန်း တစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှ အာကာသယာဉ်မှူး ဖြစ်ရန် မျှော်မှန်းထားသော ကလေး  ၁သန်းနီးပါး ကို လက်ခံထားပြီး ဖြစ်သည်။ 

၂၀၀၂ ခုနစ်မှာတော့ အမေရိကန်ပြည်နယ် ရှိ ဖလော်ရီဒါ နှင့် ကယ်လီဖိုးနီးယားမြို့များမှာရှိသည့် စခန်းနှစ်ခုကိုတော့ ပိတ်ခဲ့ရပါသည်။ 

သို့သော် ယခုလက်ရှိ ရောဂါကူးစက်မှုအခြေအနေများအရ မတ်လ ၂၀၂၀ တွင် ကျန်ရှိနေသည့် စခန်းများနှင့် Alabama တွင်ရှိသည့် the U.S. Space နှင့်  Rocket Center ကိုပါ ပိတ်ထားခဲ့ရခြင်းဖြစ်သည်။ 

တာဝန်ရှိသူများမှလည်း စခန်းများ အပြီးအပိုင် မပိတ်သွားစေရန် အမေရိကန်ဒေါ်လာ ၁.၅ သန်း ခန့်ကို ရန်ပုံ‌ငွေအဖြစ်ရှာဖွေထားပြီးဖြစ်သည်။ 

နွေရာသီ တစ်ခုလုံးတွင် ဆုံးရှုံလိုက်ရသော ဝင်ငွေများသည် လာမည့် အောက်တိုဘာ ၂၀၂၀ အလွန်တွင် ၎င်းတို့၏ စခန်းများနှင့် ပြတိုက်ကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့အတွက် မတတ်နိုင်တော့မည်ကို  ခန့်မှန်းထားကြသည်။ 

ဟုတ်ပါတယ်၊ Space Camp တစ်ခုတည်း အခက်အခဲများနှင့် ရင်ဆိုင်နေရခြင်းမဟုတ်ပါ။ MIT တွင်ကျင်းပမည့် The Research Science Institute (RSI) နွေရာသီ အစီအစဉ်မှာလည်း ၂၀၂၀ အတွက်ဖျက်သိမ်းထားပြီးဖြစ်သည်။  ထို့အတူ Stony Brook University တွင် ပြုလုပ်မည့် the Simons Summer Research Program လည်း ထို့နည်းတူ စွာပင် ဖျက်သိမ်းရန် စီစဉ်ထားပြီးဖြစ်သည်။ 

ကိုယ်ပိုင်ရန်ပုံငွေများနှင့်စာလျှင် ဘဏ်များမှ ရသော ကြီးမားသောရန်ပုံ‌ငွေအစီအစဉ်များက ၎င်းအစီအစဉ်များကို  ပိုအထောက်အကူပြုစေသာ်လည်း ယခုအခါ ပညာရေးအဖွဲ့အစည်းများသည်လည်း ၎င်းတို့၏ ငွေရေးကြေးရေး အခက်အခဲများနှင့် ကြုံတွေ့နေရခြင်းဖြစ်သည်။ 

နွေရာသီ စခန်းများအနေဖြင့် ပိုမိုကျယ်ပြန့်သောအစီအစဉ်များဖြင့်  နောက်နှစ်တွင် ပြန်ဖွင့်နိုင်ဖွယ်ရှိသော်လည်း အခြားသော သေးငယ်သော အဖွဲ့အစည်းများမှာ ပိတ်ရနိုင်ခြေတွင် ရှိနေသည်။ 

အထက်တွင် ဖော်ပြခဲ့သော ပရိုဂရမ်နှစ်ခုသည် အပြိုင်အဆိုင်အရှိဆုံးနှင့် ဂုဏ်အသရေရှိဆုံးဖြစ်ပြီး ၎င်းတို့သည် ကလေးငယ်များနှင့် ဆယ်ကျော်သက်အရွယ်လူငယ်များ ရှာဖွေရန် ခက်ခဲသည့် အနာဂတ်အသက်မွေးဝမ်းကျောင်းဆိုင်ရာ လမ်းကြောင်းများ၊ နည်းပညာများ၊ သိပ္ပံနှင့်ဆိုင်သည့် သင်ယူမှုများ အတွက်ရယူနိုင်ရန် လမ်းဖွင့် ပေးသော အစီအစဉ်များ ဖြစ်သည်။ 
 
CampMinder မှ ပြုလုပ်သော အစီအစဉ်စစ်တမ်း ၈၈၅ခုအရ နွေရာသီစခန်းများ၏ ၆၂ ရာခိုင်နှုန်းသည် ယခုနှစ်တွင်ပိတ်ထားဆဲဖြစ်သည်။ ထိုသို့ပိတ်ထားရခြင်းသည် ဒေါ်လာ ၁၆ ဘီလီယံဝင်ငွေအထိဆုံးရှုံးမှုဖြစ်စေပါသည်။ 

ထိုဆုံးရှုံးမှူသည် ထိခိုက်မှုတော်တော်များများကို သက်ရောက်စေပြီး  STEM နယ်ပယ်တွင် ကလေးငယ်များအတွက် အခွင့်အရေးဆုံးရှုူံသာမက Alabama ၏ ထိပ်တန်းခရီးသွားဆွဲဆောင်မှုဖြစ်သည့် the U.S. Space , Rocket Center Museum,  the Saturn V rocket တို့မှလည်း ဝင်ငွေ နည်းပါးလာခဲ့သည်။

၎င်းသည်ပြတိုက်အတွက် ၀င်ငွေဆုံးရှုံးမှုတစ်ခုဖြစ်ရုံသာမက  ပြည်နယ်အတွက်ခရီးသွားလုပ်ငန်းတွင် ရေရှည်ဆုံးရှုံးမှုကိုလည်းဖြစ်စေသည်။ အလားတူပင် သေးငယ်သည့်မြို့များရှိ နွေရာသီစခန်းများသည်  များသောအားဖြင့် ဒေသခံစီးပွားရေးကို အထောက်အကူပြုကာ ဝင်ငွေတိုးစေပါသည်။ 

Space Camp ကဲ့သို့ အပြည်ပြည်ဆိုင်ရာ ဆွဲဆောင်မှုနှင့် ရန်ပုံငွေ ရှာဖွေနိုင်စွမ်းမရှိသည့် သေးငယ်သည့်စခန်းများနှင့်အဝေးရောက်အစီအစဉ်များမှာ  ဘယ်သောအခါမျှ ပြန်လည်နာလန်ထူလာလိမ့်မည် မဟုတ်ပါကြောင်းကိုလည်း စိုးရိမ်နေကြပါသည်။ 

အခြားသော စီးပွားရေးနယ်ပယ်များကဲ့သို့ ကလေးငယ်များ၏ ပညာရေးဆိုင်ရာအစီအစဉ်များသည် coronavirus ကူးစက်ပျံ့နှံ့မှုကြောင့် သိသိသာ သာပြောင်းလဲမှုများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

အချို့မှာ ပြန်လည်နာလန်ထူနိင်မည်ဖြစ်သော်လည်း ထိုသို့ ကောင်းမွန်စွာ လည်ပတ်ရန်မှာ အချိန်ယူ ပြင်ဆင်ရမည်ဖြစ်သည်။

Griffiss Institute သည် ၂၀၂၀ ခုနစ် အတွက် STEM နွေရာသီစခန်းများတွင် များစွာ သော ရွေးချယ်မှု ပြုလုပ်နိုင်ပြီး အင်ဂျင်နီယာစခန်း၊ Arduino စခန်းနှင့် LEGO စက်ရုပ်စခန်းများကို ဖွင့်ပေးနိုင်ခဲ့ပြီ ဖြစ်သည်။ ၎င်း၏ နည်းပညာ ကိုယ်တိုင်ကအဝေးမှရရှိနိုင်သည့်ပရိုဂရမ်အမျိုးအစားကိုကန့်သတ်ထားသော်လည်း  အဖွဲ့အစည်း၏နွေရာသီကမ်းလှမ်းမှုများသည်စခန်းချသူများအားသူတို့၏တစ်ပတ်တာသင်တန်းများတွင်ဟာ့ဒ်ဝဲနှင့်ဆော့ဖ်ဝဲနှစ်မျိုးလုံးနှင့်အလုပ်လုပ်ခွင့်ပြုထားဆဲဖြစ်သည်။

ထိုအရာသည် အပြောင်းအလဲများကို အချိန်ကြာမြင့်စွာ ပြုလုပ်နေသည့် အစီအစဉ်များထဲမှ တစ်ခုဖြစ်သည်။ ဥပမာ - Coading စခန်း များမှ Design စခန်းများအထိဖြစ်သည်။ 

အွန်လိုင်းသင်တန်းများသို့ပြောင်းရွှေ့ခြင်းသည် ကောင်းသော သက်ရောက်မှု သာမက မကောင်းသော သက်ရောက်မှုများလည်းရှိပါသည်။ 

စခန်းတွင် လူကိုယ်တိုင်လာရန် မလိုအပ်ဘဲ လျှောက်ထားနိုင်သူ လူအမြောက်အမြားကို ခေါ်ယူနိုင်သော်လည်း  ထို အခြေအနေကို နည်းပညာကို အသုံးပြုခွင့်ရှိသူများနှင့်လည်း ကန့်သတ်ထားသည်။

လူကိုယ်တိုင်လာရောက်စာရင်းသွင်းခြင်းက အထောက်အကူပစ္စည်းများနှင့် ထိတွေ့နိုင်သည့် ပတ်ဝန်းကျင်ကို ဖန်တီးနိုင်သော်လည်း အဝေးမှ သင်ကြားခြင်းသည် အထက်ပါ ကိစ္စများအတွက် တော့ စိန်ခေါ်မှု တစ်ရပ် ဖြစ်ပေသည်။ 

ကျောင်းသားများသည် ထိတွေ့မှုနှင့် မှန်ကန်သော ညွှန်ကြားချက်များကြောင့် STEM ဘာသာရပ်များကို စိတ်ဝင်စားမှုများမှာ တိုးပွားလာပြီဖြစ်သည်။

နွေရာသီ စခန်း နှင့် အွန်လိုင်းကွန်ပျူတာမျက်နှာပြင်တို့အကြား ကျောင်းသားများအား အဆင်ပြေစေရန် နည်းလမ်းသစ်များကို စတင်ကျင့်သုံးနေပြီဖြစ်သည်။

Space Camp  ကဲ့သို့ စခန်းများက သူတို့၏ ကိုယ်ပိုင်မှော်ဆန်သည့် သင်ကြားနည်းများကို  ကွင်းဆင်းအတွေ့အကြုံများနှင့် အတူပေးနိုင်ပြီး ခံယူချက်ပြင်းထန်သည့် ဆရာများ၊ သိပ္ပံပညာရှင်များ နှင့် အင်ဂျင်နီယာများရဲ့ ဆွေးနွေးမှုများအရ ထိုသို့ဆောင်ရွက်နိုင်ခြင်းက နောက်မျိုးဆက် အထိ  ဆက်လက်ထိန်းသိမ်းနိုင်မယ်လို့ မျှော်လင့်ပါရပါသည်။ 

“ဘယ်လိုပြန်လည်ထူထောင်ရမယ်၊ ဘယ်လိုရှေ့ဆက်ရမယ်ဆိုတာအတိအကျတွက်ထားတဲ့အတွက်ကျွန်တော်တို့ဟာအပြောင်းအလဲတွေအများကြီးကြုံခဲ့ရတယ်၊ ဒါပေမယ့်ဒီနွေရာသီမှာငါတို့မြင်တွေ့ခဲ့ရတဲ့အွန်လိုင်းစခန်းများရဲ့ အနာဂတ်အတွက်ခိုင်မာသောအုတ်မြစ်ချပြီးပြီဆိုတာမျှော်လင့်ပါတယ် ကျောင်းသားများကိုဆက်လက်သင်ယူရန်နည်းလမ်းများလိုက်လျောညီထွေဖြစ်အောင်လုပ်နိုင်တယ်” ဟု Space Camp မှ တာဝန်ရှိသူများက ဆိုထားပါသည်။ 

By Myanmar Education Guide- EDGE 

Ref:EEtimes 
 

Latest Post Read 628 times