Sales Hotline : 09448001653       Download App



ကပ်ရောဂါအတွင်း ကျောင်းအချို့ ပြန်ဖွင့်

ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် ယခုလက်ရှိ မျိုးဆက် တစ်ခုလုံး၏ ပညာရေးမှာ အဆက်ပြတ်ခဲ့ရသည်။ 

ဧပြီလမှ စ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပိတ်ဆို့မှုများကြောင့် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း ၁၉၄ နိုင်ငံ ရာခိုင်နှုန်းအားဖြင့် ၉၁ ရာခိုင်နှုန်းတွင် ကျောင်းများ ပိတ်ထားခဲ့ရသည်။ 

၎င်းသည် ကလေးများ၏ ဘဝ၊ သင်ယူမှု နှင့် သာယာဝပြောရေးတို့တွင် တိုင်းတာ၍ မရနိုင်အောင် ဆုံးရှုံးမှုများကို ဖြစ်စေခဲ့သည်။ 

ယူနီဆက်သည် အစိုးရများ၊ ကျောင်းများနှင့် ပူးပေါင်းကာ အထူးသဖြင့် မြို့ပြနှင့်ဝေးသည့် နေရာများမှ  ကလေးငယ်များ အတွက် ပညာပြန်လည်သင်ယူနိုင်ရန် ပိုမိုကောင်းမွန်သော ကျောင်းများ ပြန်လည်ဖွင့်နိုင်ရန် ကြိုးစားလျက်ရှိသည်။

အချို့သောနိုင်ငံများတွင်ကျောင်းတံခါးများပြန်လည်ဖွင့်လှစ်လိုက်သည်နှင့်အမျှလက်ဆေးခြင်း၊ ခပ်ခွာခွာနေထိုင်ကြခြင်း၊ နှာခေါင်း စည်း မျက်နှာဖုံးတပ်ဆင်ခြင်းနှင့်အပူချိန်စစ်ဆေးခြင်းစသည့်အစီအမံများကိုကျောင်းသက်တမ်းအတွင်းထည့်သွင်းထားကြပါသည်။

Cambodia

Phnom Penh မြို့တော်ရှိ မူလတန်းကျောင်းတစ်ကျောင်း ဖြစ်သည့် Preah Norodomသည် စက်တင်ဘာ ၇ရက်တွင် ကျောင်းပြန်ဖွင့်ခဲ့ပြီး  ဆရာကော ကျောင်းသားများပါ နှာခေါင်းစည်း မျက်နှာဖုံးများတပ်ဆင်ကာ ခပ်ခွာခွာနေကြပြီး ရောဂါကာကွယ်ရေးဆိုင်ရာ အလေ့အကျင့်များကို လိုက်နာခဲ့ကြသည်။ 

ယူနီဆက်သည်ကျောင်းများလုံခြုံစွာဖွင့်လှစ်နိုင်ရန်ကမ္ဘောဒီးယားပညာရေး၊ လူငယ်နှင့်အားကစား ၀န်ကြီးဌာနနှင့်လက်တွဲဆောင်ရွက်လျက်ရှိသည်။ ထိုသို့ပြန်ဖွင့်နိုင်ခြင်းမှာ တစ်ကမ္ဘာလုံးဆိုင်ရာ လိုက်နာကျင့်သုံးကြမည့် အခြေခံ လမ်းညွှန်ချက်များကို လိုက်နာပြီး အခြေခံ သန့်ရှင်းရေး အသုံးအဆောင်များကိုလည်း လုံလောက်စွာ ထောက်ပံ့ပေးထားပါသည်။

ကျောင်းများပြန်လည် ဖွင့်ပြီးသည့်နောက်တွင် ယူနီဆက်သည် ကမ္ဘောဒီးယားနိုင်ငံ ရှိ  ပြည်နယ် ၆ခုမှ ကျောင်းပေါင်း ၄၁၇ ကျောင်း၊ ကျောင်းသားပေါင်း ၂၉၀,၇၇၂ ဦး အတွက် လက်သန့်ဆေးရည်ဘူး ၆,၁၉၅ခု၊ ဆပ်ပြာခဲပေါင်း ၇၂,၇၂၅ ခဲ နှင့် သာမိုမီတာ ၈၀၁ ခုကို ဝေမျှခဲ့သည်။

Democratic Republic of the Congo

Kinshasa ကျောင်းမှ အလယ်တန်းနောက်ဆုံးနှစ် ကျောင်းသူတစ်ဦးဖြစ်သည့် Elodieသည် သူမ၏ အတန်းတင် စာမေးပွဲ ဖြေဆိုရာတွင် နေ့တိုင်းမျက်နှာဖုံးဝတ်ကာ ဖြေဆိုခဲ့ရပါသည်။ ဩဂုတ်လ ၁၀ရက်နေ့တွင် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှကျောင်းများသည် နောက်ဆုံးနှစ် ကျောင်းသားများ စာမေးပွဲ ဖြေရန်အတွက် ပြန်လည်ဖွင့်ခဲ့သည်။ 

“ DRC တွင်ပြုလုပ်သောမျက်နှာဖုံးများ” အစီအစဉ်တွင် ယူနီဆက်သည် မိတ်ဖက်အဖွဲ့အစည်းအဖြစ်ပါဝင်ကာ ပြန်လည်အသုံးပြုနိင်သည့် နှာခေါင်းစည်းများကို ပြည်တွင်းတွင်သာ ထုတ်လုပ်နိုင်ရန် စီစဉ်ပေးခဲ့ပါသည်။

သြဂုတ်လ ၁၂ ရက်အထိမျက်နှာဖုံးပေါင်း ၉၅၀,၄၅၅ ကိုထုတ်လုပ်နိုင်ခဲ့ပြီး  COVID-19 ဒဏ်ကိုအခံရဆုံး ဖြစ်သည့် ဆင်းရဲနွမ်းပါးသည့် လူမှုအသိုင်းအဝိုင်းများသို့ မျက်နှာဖုံးပေါင်း ခုနစ်ဆယ့်ခြောက်သိန်းကျော်ကို ဖြန့်ဝေနိုင်ခဲ့ပါသည်။

နောက်ထပ် နှာခေါင်းစည်းမျက်နှာဖုံးပေါင်း လေးသိန်းနှစ်သောင်းကျော်ကို မူလတန်းနှင့် အလယ်တန်းကျောင်းမျ ဆရာများကို ပေးဝေထားခဲ့ပါသည်။

Georgia

ခပ်ခွာခွာနေရခြင်း နှင့် ပုံမှန်အပူချိန်များကို စစ်‌ဆေးရခြင်းမှ လွဲလျှင် Sagarejo မြို့ရှိ ကလေးများ၊ ဆရာများနှင့်မိဘများသည် ပထမဆုံးကျောင်းပြန်ဖွင့်သည့်အတွက် ပျော်ရွှင်နေကြပါသည်။ 

ဂျော်ဂျီယာနိုင်ငံ၏ စာသင်နှစ် အသစ်ကို စက်တင်ဘာလ ၁၅ ရက်တွင် စတင်ခဲ့ပါသည်။

ယူနီဆက်နှင့်အခြားလုပ်ဖော်ကိုင်ဖက်များသည် ပညာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းကာ မူလတန်းနှင့် မူကြီုကျောင်းများမှ ကလေးများ COVID-19 ကြိုတင်ကာကွယ်ရေးဆိုင်ရာ ပိုစတာများနှင့် ရင်းနီးကျွမ်းဝင်မှုရှိဏေရန် အပါအဝင် ကျောင်းများ လုံခြုံစွာ ပြန်ဖွင့်နိုင်ရန် အတွက် အကူအညီပေးခဲ့ကြပါသည်။  

Ghana

ယူနီဆက်သည်ကျောင်းများပြန်လည်ဖွင့်လှစ်ရန်လုံခြုံရေးကြိုတင်ကာကွယ်မှုများပြုလုပ်ရန်ပညာရေး ၀န်ကြီးဌာနအားကူညီခဲ့သည်။
ပညာရေးဆက်လက်တည်တံ့စေရန်အစိုးရ၏ကြိုးပမ်းမှု၏တစ်စိတ်တစ်ပိုင်းအနေဖြင့်နောက်ဆုံးနှစ်ကျောင်းသားများကိုစာမေးပွဲများ ပြန်ဖြေနိုင်ရန်ကျောင်းများ ပြန်ဖွင့်ခွင့်ပြုခဲ့သည်။
ဗိုင်းရပ်စ်ပျံ့နှံ့မှုကိုတားဆီးရန်နှင့် စာသင်နေစဉ် အတွင်း တစ်ဦးနှင့် တစ်ဦး ထိကပ်မှုမရှိစေရန် သတ်မှတ်ထားသည့် အလေ့အကျင့်များကို လိုက်နာကြပြီး ကျောင်းသားများကို နှာခေါင်းစည်း မျက်နှာဖုံးများကို ဝေမျှခဲ့သည်။  နိုင်ငံတစ်ဝန်းရှိကျောင်းများတွင် လက်ဆေးရန် နှင့် အပူချိန်တိုင်းရန်အတွက် အထိအတွေ့မရှိသော သာမိုမီတာများကို တပ်ဆင်ထားပါသည်။ 

Jordan
ဂျော်ဒန်တွင် COVID-19 ကြိုတင်ကာကွယ်ရေးအစီအမံများကြောင့်မတ်လတွင်ကျောင်းပိတ်ပြီးကတည်းကပထမဆုံးအနေဖြင့်သြဂုတ်လ ၃၁ ရက်မှစ၍ ကျောင်းများကို ပြန်လည်ဖွင့်လှစ်ခဲ့ပါသည်။ 

ယူနီဆက်သည် ပညာရေး ဝန်ကြီးဌာန၏ ဆောင်ရွက်လျက်ရှိသော အန္တရာယ်ကင်းစွာ ကျောင်းပြန်ဖွင့်နိုင်ရေး ကမ်ပိန်းတွင် ပါဝင်ကူညီလျက်ရှိပါသည်။ ထိုကမ်ပိန်းတွင် ခပ်ခွာခွာနေသည့် အလေ့အကျင့်များ၊ ကျန်းမာရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများ နှင့် အသိပေး လှုံ့ဆော်မှုများပါဝင်သည်။ ကျောင်းသားများသည်လည်း တစ်ပတ်ခြားတစ်ခါ ကျောင်းတက်ရပါသည်။  
 

By Myanmar Education Guide - EDGE 

Ref: UNICEF

Latest Post News News News News Read 3069 times