SMVTI မှ အခမဲ့ ဖွင့်လှစ်မယ့် အဲကွန်းပြုပြင်တပ်ဆင်ခြင်းနှင့် CAD Drawing သင်တန်း

 

သင်က အလယ်တန်းအောင်ပြီးသူ (သို့) တက္ကသိုလ်ဝင်တန်းဖြေဆိုဖူးသူဆိုရင် SMVTI Vocational Training Institute (စင်္ကာပူ-မြန်မာ သက်မွေးသင်တန်းကျောင်း) မှာ အခမဲ့ ဖွင့်လှစ်ပေးသွားမယ့် အဲကွန်းပြုပြင်တပ်ဆင်ခြင်းနှင့် CAD Drawing (Inventor Software) သင်တန်းတို့ကို စတင်လျှောက်ထားနိုင်ပါပြီ။

 

သင်တန်းအမည် - Residential Air-Con Installation 

သင်တန်းကြေး - အခမဲ့

သင်တန်းသားအရေအတွက် - ၁၀ ဦး

သင်တန်းစတင်မည့်ရက် - ၂၉.၇.၂၀၂၄ မှ ၉.၈.၂၀၂၄ အထိ

သင်တန်းဖွင့်လှစ်မည့်အချိန် - တနင်္လာနေ့မှ သောကြာနေ့အထိ (နံနက် ၉:၃၀ မှ နေ့လယ် ၁၂:၃၀ အထိ) 


--------------------

သင်တန်းအမည် - CAD Drawing (Inventor Software)

သင်တန်းကြေး - အခမဲ့

သင်တန်းသားအရေအတွက် - ၂၀ ဦး

သင်တန်းစတင်မည့်ရက် - ၂၉.၇.၂၀၂၄ မှ ၉.၈.၂၀၂၄ အထိ 

သင်တန်းဖွင့်လှစ်မည့်အချိန် - တနင်္လာနေ့မှ သောကြာနေ့အထိ (နံနက် ၉:၃၀ မှ နေ့လည် ၁၂:၃၀ အထိ) 

 

အထက်ဖော်ပြပါ အခမဲ့ ကာလတိုသင်တန်းတွေကို လျှောက်ထားချင်တယ်ဆိုရင် အဲယားကွန်းပြုပြင်တပ်ဆင်ခြင်းသင်တန်းအတွက် အနိမ့်ဆုံးပညာအရည်အချင်း အလယ်တန်းအောင်ထားရမည်ဖြစ်ပြီး CAD Drawing (Inventor Software) သင်တန်းအတွက် အနိမ့်ဆုံး ပညာအရည်အချင်း တက္ကသိုလ်ဝင်တန်းဖြေဆိုဖူးသူ ဖြစ်ရပါမယ်။ 

 

သင်တန်းတွေကို ဇူလိုင်လ (၂၅) ရက်နေ့ နောက်ဆုံးထားပြီး SMVTI သက်မွေးပညာသင်တန်းကျောင်း၊ အမှတ် -၁၂၃၊ နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့မှာ မနက် ၁၀ နာရီကနေ နေ့ခင်း ၃ နာရီအတွင်း လူကိုယ်တိုင် သွားရောက်လျှောက်ထားနိုင်ပါတယ်။ ဇူလိုင်လ (၂၆) ရက်နေ့၊ သောကြာနေ့၊ မနက် ၁၀ နာရီမှာ လူတွေ့စစ်ဆေးရှိပါတယ်။ 


 
သင်တန်းလျှောက်ဖို့ သွားမယ်ဆိုရင် မှတ်ပုံတင်မူရင်း/မိတ္တူ၊ လိုင်စင်အရွယ် ဓါတ်ပုံ (၃) ပုံ၊ အကျင့်စာရိတ္တကောင်းမွန်ကြောင်း ရပ်ကွက်နဲ့ ရဲစခန်းထောက်ခံစာ မူရင်းတို့ကို ယူဆောင်သွားရပါမယ်။

 

သင်တန်းအကြောင်း အသေးစိတ် သိရှိလိုပါက ၀၉-၇၈၁၀၀၂၅၇၂ ကို ရုံးချိန် (မနက် ၁၀ နာရီကနေ နေ့လည် ၃ နာရီအတွင်း) ခေါ်ဆိုစုံစမ်းနိုင်ပါတယ်။ 

 

Latest Post Vocational Read 556 times