ကျောင်းသား၊ ကျောင်းသူများ၏ အရည်အချင်းပေါ်မူတည်၍ F.I.S foundation မှ ချီးမြှင့်သော ပညာသင်ဆုကို ရရှိမည်ဖြစ်သည်။
Singapore Cambridge GCE A-level နဲ့ GCE O-level ကို ၁၈ လ ကြာ တက်ရောက်ရမည်ဖြစ်ပါသည်။
Fully Scholarship ဖြစ်သော GCE A-level သို့မဟုတ် GCE O-level များအတွက် ကျောင်းလခ၊ နေထိုင်စရိတ် အပါအ၀င် အခြားကုန်ကျစရိတ်များ ပါဝင်သည့် ပညာသင်ဆုကို ပေးအပ်မည်ဖြစ်ပါသည်။
GCE A-level သို့မဟုတ် GCE O-level ဘာသာရပ်များအတွက်သာ ပေးအပ်မည့် ပညာသင်ဆုကို ကျောင်းသား ၂ ဦးစီ ပေးအပ်သွားမည်ဖြစ်သည်။
Furen International School တွင် cambridge general certificate of education-advanced level ကြိုတင်ပြင်ဆင်သည့်သင်တန်း၊ cambridge general certificate of education-ordinary level စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်သည့် သင်တန်း၊ preparatory course for admission to government school (AEIS) အစိုးရကျောင်းဝင်ခွင့် ပြင်ဆင်လေ့ကျင့်ပေးသည့် သင်တန်း၊ international english language testing system (ielts) အတွက် ပြင်ဆင်လေ့ကျင့်ပေးသည့်သင်တန်း၊ foundation in english course အင်္ဂလိပ်အခြေခံသင်တန်း စသည်တို့ ဖြစ်ပါသည်။
ထိုသင်တန်းများတွင် ကျောင်းသား၊ ကျောင်းသူများ၏ အသက်အလိုက် သင့်လျော်အောင် စီစဉ်ထားရှိပြီး မိမိလေ့လာနိုင်စွမ်းနှင့် အသင့်လျော်ဆုံးပုံစံကို ရွေးချယ်နိုင်မည် ဖြစ်သည်။
GCE O-level ပြီးမြောက်ပါက USA, Canada စသော တက္ကသိုလ်သို့လည်း အမှတ်ကောင်းကောင်းရရှိထားပါက ကျောင်းဝင်ခွင့် ရရှိနိုင်မည် ဖြစ်ပြီး Singapore Polytechnic, BCA Academy, Art School, GCE A-level စသည်တို့ကို ဆက်လက်တက်ရောက်နိုင်မည် ဖြစ်ပါသည်။
GCE A-level ပြီးမြောက်ပါက National University of Singapore, Nanyang Technological University နှင့် အခြား ကမ္ဘာကျော် တက္ကသိုလ်များ တက်ရောက်ရန် အသက် ၁၆ နှစ် မှ ၁၇ နှစ် ကျောင်းသားများ တက်ရောက်နိုင်ပါသည်။
Fully Scholarship လျှောက်ထားလိုသူများ
- တက္ကသိုလ်ဝင်တန်း သို့မဟုတ် IGCSE တွင် အနည်းဆုံး ဂုဏ်ထူး ၄ ဘာသာနှင့် အထက် အောင်မြင်ထားသူများ ဖြစ်ရမည်။
- F.I.S မှ ရေးဖြေနှင့် နှုတ်ဖြေ ၀င်ခွင့်ဖြေဆို အောင်မြင်ရမည် ဖြစ်သည်။
ဘာသာရပ်များအတွက် လျှောက်ထားလိုသူများ
- တက္ကသိုလ်ဝင်တန်း သို့မဟုတ် secondary 2/3 နှင့် အနည်းဆုံး ဂုဏ်ထူး ၂ ဘာသာဖြင့် အောင်မြင်ထားသူများ ဖြစ်ရမည်။
လျှောက်ထားလိုသူများသည် ၀င်ခွင့်ဖြေဆိုရမည် ဖြစ်ပါသည်။
Contact Detail
၀၁-၂၉၇၆၄၁, ၀၉-၄၅၁၁၅၅၂၂၆
Source: internet journal