ထိုကျောင်းသည် AsiaOne People’s Choice Awards မှာ Top3 Best Private Institute ဆုကို ၈ နှစ်ဆက်တိုက် ချီးမြှင့်ခြင်းခံရသည့် ကျောင်းလည်းဖြစ်ပါသည်။
UK ၊ Australia နိုင်ငံရှိ အဆင့်မြင့်တက္ကသိုလ်ကြီးများဖြင့် ချိတ်ဆက်ထားပြီး partner University တစ်ခုဖြစ်သော University of Buffalo ဖြစ်ပါသည်။
SIM တွင် စီးပွားရေးနှင့်ဆိုင်သော ဒီပလိုမာဘာသာရပ်များကို အဓိကသင်ကြားပေးပြီး နိုင်ငံတကာ အသိအမှတ်ပြု ဘွဲ့ဒီဂရီရရှိမည်ဖြစ်သည်။
ပညာသင်ဆုအတွက် လျှောက်ထားနိုင်သော ဒီပလိုမာများ
SIM ၏ ပညာသင်ဆုဖြစ်သော ဒီပလိုမာဘာသာရပ်များမှာ diploma in management studies ၊ diploma in international business ၊ diploma in banking and finance နှင့် diploma in accounting စသည်တို့ကို ဖြစ်ပါသည်။
ထိုဒီပလိုမာ ဘသာရပ်များ၏ သင်တန်းကာလမှာ ၁၈ လ ကြာမြင့်မည် ဖြစ်ပြီး သင်တန်းအောင်မြင်ပြီးဆုံးပါက ဗြိတိန်နိုင်ငံရှိ University of Birmingham, University of London, University of Southampton, University of Striling ၊ သြစတြေးလျနိုင်ငံရှိ RMIT University, University of Wollongong ၊ အမေရိကန်နိုင်ငံရှိ University at Buffalo မှ ဘွဲ့ဒီဂရီများအတွက် ပညာသင်ဆုများလျှောက်ထားပြီး SIM တွင် ဆက်လက်တက်ရောက်နိုင်မည် ဖြစ်သည်။
ထိုပညာသင်ဆုအတွက် လျှောက်ထားလိုသူများသည် တက္ကသိုလ်ဝင်တန်းအောင် နှင့် IGCSE (GCE’O’ level) ကျောင်းသား ၊ ကျောင်းသူများသည် SIM ၏ စီးပွားရေးဆိုင်ရာ ပညာသင်ဆုကို STUDY ABROAD Information Centre တွင် လျှောက်ထားနိုင်ပါသည်။
တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ထားသူများသည် ငါးဘာသာ ပျမ်းမျှရမှတ် ၇၀ ၊ IGCSE (GCE’O’ level) ကျောင်းသား ၊ ကျောင်းသူများသည် ငါးဘာသာကို Grade C နှင့် အင်္ဂလိပ်စာသတ်မှတ်ချက်မှာ IELTS 5.5 ရရှိရမည်ဖြစ်သည်။
Contact
STUDY ABROAD INFORMATION CENTER
တိုက် (အေ) ၊ (၁၁)လွှာ ၊ အခန်းအမှတ် (၁၁၀၃)၊ ဒိုင်းမွန်းကွန်ဒို ၊ (မေတ္တာဦးဆေးခန်းအနီး) ၊ ပြည်လမ်း ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့။
09-5151008, 09-73242404
source: internet journal