Sex Education ထည့်သွင်းသင်ကြားမည်ကို ကန့်ကွက်

** Unicode **

ဒဿ မတန်းသင်ရိုးညွှန်းတန်းစာအုပ်တွင် မျိုးဆက်ပွားသင်ခန်းစာ ထည့်သွင်းမည်ဆိုခြင်းအားYMBA အသင်းကြီး ပြင်းထန်စွာကန့်ကွက်ကြောင်းသိရပါတယ်။

ပညာရေးဝန်ကြီးဌာနက ဒဿ မတန်းသင်ရိုးညွှန်းတန်း ကျောင်းသုံးစာအုပ်တွင် မျိုးဆက်ပွားသင်ခန်းစာထည့်သွင်းမည့်အပေါ် ကန့်ကွက်ကြောင်း ဝိုင်အမ်ဘီ အေ (YMBA )အသင်းကြီးက ကန့်ကွက်သည့် ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါသင်ခန်းစာသည်အရွယ်မရောက်သေးသောကလေးသူငယ်များအတွက် နည်းပေးလမ်းပြဖြစ်နိုင် သည့်(Sex Education) ဖြစ်နိုင်သည်ကို စိုးရိမ်ရကြောင်း၊ ၎င်းသင်ခန်းစာသည် မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်နေသည့်အတွက် YMBA အသင်းကြီးက အဆိုပါပြဌာန်းချက်အား ပြင်းထန်စွာကန့်ကွက်ကြောင်း ကြေညာချက်တွင်ဖော်ပြထားပါတယ်။

YMBA အသင်းကြီးသည် အမျိုးသားယဉ်ကျေးမှုနှင့် သမိုင်းအစဉ်အလာကိုထိန်းသိမ်းသည်နှင့်အညီ အမျိုးသားပညာရေးကိုအစဉ်တစိုက်ဆောင်ရွက်နေသောကြောင့် ယခုကိစ္စသည် တစ်နိုင်ငံလုံးရှိကျောင်းသား ကျောင်းသူမိဘအများစုကလည်း အထူးစိုးရိမ်ပူပန်နေရကြောင်းသိရသဖြင့် မလိုလားအပ်သော ဘေးထွက် ဆိုးကျိုးများ လျှင်မြန်စွာပေါ်ပေါက်လာနိုင်သဖြင့် YMBA အသင်းကြီးမှ ကန့်ကွက်ကြောင်းလည်းဖော်ပြထားပါတယ်။

** Zawgyi **





(YMBA)

News Tips Latest Post Read 2306 times