ကျောင်းနေရွယ်ကလေးတွေ ကျောင်းတက်ပျော်အောင် ကျောင်းမဖွင့်ခင် ဘာတွေပြင်ဆင်ပေးထားရမလဲ?

 

မိုးလေးလည်း ရွာနေပြီဖြစ်သလို သားသား/မီးမီးတို့ရဲ့ နွေရာသီကျောင်းပိတ်ရက်လက်ကျန်လေးက တ‌ဖြည်းဖြည်းကုန်ဆုံးလို့လာပါပြီ။ ကျောင်းသုံးလလောက် ပိတ်ပြီးတော့မှ ကျောင်းပြန်စတက်ရမယ်ဆိုတော့ ကလေးတွေအတွက် ကျောင်းတက်မပျင်းအောင်၊ ကျောင်းတက်ရင်း ကျန်းမာပျော်ရွှင်နေအောင် မိဘတွေအနေနဲ့ ကျောင်းမဖွင့်ခင် ဘာတွေပြင်ဆင်ပေးထားရမလဲဆိုတာ ပြောပြပေးသွားပါမယ်။



ကျောင်းဝတ်စုံ

ကျောင်းဖွင့်တော့မှာဖြစ်တဲ့အတွက် သားသား/မီးမီးတို့အတွက် ကျောင်းဝတ်စုံအသစ်လေး နှစ်စုံလောက်ဖြစ်ဖြစ် ဝယ်ပေးထားပါ။ ကျောင်းတက်တဲ့အခါ ကျောင်းဝတ်စုံအသစ်လေးဝတ်ပြီး သွားရတော့ ကျောင်းတက်ချင်စိတ်ကို လှုံ့ဆော်ပေးရာရောက်ပါတယ်။ ကျောင်းဝတ်စုံ၀ယ်တဲ့အခါမှာ မိုးတွင်းမှာ ဖြစ်တတ်တဲ့ သွေးလွန်တုပ်ကွေးဒဏ်ကို ကာကွယ်ဖို့ လုံလုံခြုံခြုံဖြစ်တဲ့ အဝတ်အစားမျိုးကို ရွေးဝယ်ပါနော်။

ကျောင်းဝတ်စုံအရောင်းဆိုင် (၁၇) ဆိုင် >> https://www.yangondirectory.com/listing/uniforms-school

 

ကျောပိုးအိတ်

ကျောင်းနေအရွယ်ကလေးတွေအတွက် နောက်တစ်ခု လိုအပ်တာက ကျောပိုးအိတ်အသစ်လေးတစ်လုံးပါ။ ကျောပိုးအိတ်ဝယ်တဲ့အခါမှာ ကလေးတွေအတွက် ပေါ့ပေါ့ပါပါးဖြစ်ပြီး သယ်ရလွယ်ကူတဲ့ ကျောပိုးအိတ်လေးကို ရွေးချယ်ဝယ်ယူတတ်ပါစေ။

အိတ်အရောင်းဆိုင် (၆၄၀) ဆိုင် >> https://www.yangondirectory.com/listing/bags-other-

 

ထမင်းဘူးနှင့် ရေဘူး

ကလေးတွေကို အပြင်စာတွေ မစားမိအောင် ဖေဖေ/ မေမေတို့အနေနဲ့ အာဟာရ မျှတစေမယ့် ထမင်းဘူးလေးတစ်ဘူးတော့ ပြင်ဆင်ပေးသင့်ပါတယ်။ နောက်ပြီး ရေဓာတ်ကလည်း ခန္ဓာကိုယ်အတွက် မဖြစ်မနေ လိုအပ်တာဆိုတော့ ရေဘူးလှလှလေးတစ်ဘူးပါ ထည့်ပေးရင် ပိုပြည့်စုံသွားတာပေါ့။

စူပါမာကတ်နှင့် စျေးဝယ်စင်တာ (၁၁၄) ခု >> https://www.yangondirectory.com/listing/supermarkets-shopping-centres

 

မိုးကာအင်္ကျီ

မိဘတွေအနေနဲ့ အကြောက်ဆုံးအရာက ကိုယ့်ကလေးတွေ မိုးမိပြီး ဖျားနားမှာကိုပါ။ မိုးတွင်းဆိုတော့ ကလေးတွေ မိုးမိပြီး မဖျားရလေအောင် လုံခြုံတဲ့ မိုးကာအင်္ကျီလေးလည်း လိုအပ်ပါတယ်။

မိုးကာအင်္ကျီဆိုင် (၂၉) ဆိုင် >> https://www.yangondirectory.com/listing/freelisting/rain-coats,rain-coats

 

ထီး

ကလေးတွေအတွက် နေပူတဲ့အချိန် နေရောင်ခြည်ဒဏ်ကို ကာကွယ်ဖို့၊ မိုးရွာတဲ့အချိန် မိုးမမိစေဖို့ အဓိက လိုအပ်တဲ့အရာကတော့ ထီးပါပဲ။ ဒါကြောင့် ကလေးဆောင်း ထီးလေးတစ်လက်လောက် ဝယ်ပေးထားဖို့လည်း မမေ့ပါနဲ့နော်။

ထီးဆိုင် (၂၃၉) ဆိုင် >> https://www.yangondirectory.com/listing/umbrellas
 

ဖိနပ်

ကလေးတွေမှာ စီးနေကျ ဖိနပ်ရှိတယ်ဆိုပေမဲ့ မိုးတွင်းစီး ဖိနပ်တစ်ရံလောက်တော့ ထပ်ဝယ်ပေးထားရင် ပိုကောင်းပါတယ်။ တစ်ချို့ဖိနပ်တွေက မိုးတွင်းမှ မဟုတ်ဘဲ ဥတုသုံးပါးမရွေး စီးလို့အဆင်ပြေတာကြောင့် အဲ့လိုဖိနပ်မျိုးလေး ရှာဝယ်ပေးထားပါ။ ဒါမှ ကလေးတွေအတွက် လမ်းလျှောက်ရတာ သက်တောင့်သက်သာရှိပြီး ချော်လဲတာမျိုး၊ ထိခိုက်ဒဏ်ရာရတာမျိုးမှ ကာကွယ်နိုင်မှာပါ။

ဖိနပ်ဆိုင် (၁၇၃) ဆိုင် >> https://www.yangondirectory.com/listing/shoe-shops

 

စာရေးကိရိယာ

ကျောင်းနေရွယ်ကလေးတွေအတွက် စာသင်နှစ်အစမှာတည်းက လိုအပ်မယ့် ဗလာစာအုပ်တွေ၊ ကွန်ပါဘူး၊ ဘောပင်နှင့် ခဲတံတွေ၊ ချွန်စက်တွေ၊ ရောင်စုံခဲတံလေးတွေ စသဖြင့် ကျောင်းသုံးပစ္စည်းလေးတွေကို စုဝယ်ပေးထားပါ။ နောက်ပြီး အိမ်မှာ ကလေးတွေရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို လေ့ကျင့်ပေးရာရောက်တဲ့ ရုပ်ပုံပြစာအုပ်လေးတွေ၊ သီချင်းခွေလေးတွေ၊ ကစားစရာပစ္စည်းလေးတွေကို ဝယ်ပေးထားသင့်ပါတယ်။

စာရေးကိရိယာအရောင်းဆိုင် (၃၅၄၁) ဆိုင် >> https://www.edge.com.mm/listing/stationery-stores

 

ဒီလောက်ဆိုရင်တော့ သားသား/မီးမီးတို့ရဲ့ မိုးတွင်းကာလ ကျောင်းတက်ချိန်ကို အဆင်ပြေပြေ၊ ကျန်းကျန်းမာမာနဲ့ ကျော်ဖြတ်နိုင်မှာ အသေအချာပါပဲ။
 

Latest Post Primary Secondary High Read 648 times