မြန်မာကျောင်းသားတွေအတွက် အခွင့်အရေးများတဲ့ ပညာသင်ဆုများ

 

ဒီနေ့ပြောပြပေးသွားမယ့် ပညာသင်ဆုတွေဟာ မြန်မာကျောင်းသားတွေနဲ့ ရင်းနှီးပြီးသားဖြစ်ပြီး နှစ်စဉ် မြန်မာကျောင်းသား အများအပြား ရရှိကြတဲ့ ပညာသင်ဆုတွေဖြစ်ပါတယ်။ အထက်တန်းကျောင်းသားတွေကနေစပြီး ဘွဲ့ရကျောင်းသားတွေအထိ လျှောက်လို့ရတဲ့ ပညာသင်ဆုတွေကို ရွေးချယ် ဖော်ပြပေးထားပါတယ်။ လျှောက်လွှာတောင် မဖွင့်သေးတဲ့ ပညာသင်ဆုတွေ ပါဝင်တာကြောင့် အခုတည်းက လိုအပ်တာတွေကို ကြိုတင် ပြင်ဆင်ထားလို့ရပါပြီ။  

 

၁။ Prospect Burma

Prospect Burma ကတော့ မြန်မာကျောင်းသားတွေကို သီးသန့်ပေးအပ်တဲ့ ပညာသင်ဆုဖြစ်ပါတယ်။ ဒီပညာသင်ဆုရရင် ထိုင်း၊ ဂျာမနီ၊ ကနေဒါနိုင်ငံတို့က သတ်မှတ်ထားတဲ့ တက္ကသိုလ်တွေမှာ ကျောင်းတက်ခွင့် ရမှာပါ။ သူက ဘွဲ့ကြို၊ ဘွဲ့လွန် နှစ်ခုစလုံးအတွက် ပညာသင်ဆု လျှောက်လို့ရပါတယ်။

Host Universities - Thai , Berlin and Canada Universities

Degree Level - Bachelor, Master , PhD

Funding - 10%-20% , 50% , 100%

Application Period - December to January
 

၂။  Child's Dream

ထိုင်းနိုင်ငံမှာ ကျောင်းတက်ချင်တဲ့ မြန်မာကျောင်းသားတွေအတွက် လျှောက်ကိုလျှောက်ရမယ့် ပညာသင်ဆုပါ။ ဒီပညာသင်ဆုကနေ ဘွဲ့ကြိုကျောင်းသားတွေအတွက် ၁၀၀% အပြည့်အ၀ ထောက်ပံ့ကြေး ရရှိမှာဖြစ်ပါတယ်။ ပညာသင်ဆု လျှောက်မယ့် ကျောင်းသားတွေအနေနဲ့ ထိုင်းတက္ကသိုလ် (၁၄) ခုကို ရွေးချယ်ခွင့်ရှိပါတယ်။ 

Host Universities - Thai Universities

Degree Level - Bachelor

Funding - 100%

Application Period - December to Febuary
 

၃။ Daughter Rising

သင်က တိုင်းရင်းသူလူနည်းစု (သို့) စစ်ရှောင်နေရသူ (သို့) ငွေကြေးအခက်အခဲရှိသူ အမျိုးသမီးဆိုရင် လျှောက်ကြည့်သင့်ပါတယ်။ အထက်တန်းအောင်ထားပြီးသူတိုင်း လျှောက်ထားနိုင်ပြီး ဘွဲ့ကြိုပရိုဂရမ်ကို ထိုင်းနိုင်ငံက တက္ကသိုလ်တွေမှာ တက်ရောက် သင်ကြားခွင့်ရရှိမှာပါ။

Host Universities - Thai Universities

Funding - Full Funding , Partial Funding

Degree Level - Bachelor

Application Period - February to March
 

၄။ ASEAN-Maybank

အာဆီယံနိုင်ငံက ထက်မြက်ပြီး အရည်အချင်းရှိ ကျောင်းသားတွေကို ပညာသင်စရိတ် ထောက်ပံ့ကြေး အပြည့်အ၀ ပေးအပ်ချီးမြှင့်တဲ့ ပညာသင်ဆုပါ။ ဘွဲ့ရပြီးတာနဲ့ ASEAN Secretariat, ASEAN Foundation, Maybank တို့မှာ (၃) နှစ် စာချုပ်နဲ့ မဖြစ်မနေ အလုပ်ဝင်လုပ်ရမှာ ဖြစ်ပါတယ်။

Host Universities - AUN Member Universities

Degree Level - Bachelor

Funding - Full Funding

Application Period - February to March or May
 

၅။ Singapore ASEAN Scholarship

ဒီပညာသင်ဆုကတော့ မြန်မာနိုင်ငံမှာ (၉) တန်း ပြီးထားတဲ့ ကျောင်းသားတွေအတွက် စင်္ကာပူနိုင်ငံမှာ Secondary 3 ကနေ Pre-University 2 အထိ (၄) နှစ်တာ ပညာသင်ကြားခွင့်ရမယ့် အခွင့်အရေးပါ။ ကျူရှင်စရိတ်အပြင် စာမေးပွဲကြေး၊ လေယာဉ်စရိတ်နဲ့ နေထိုင်ရေးတို့ကိုပါ တာဝန်ယူပေးမှာ ဖြစ်ပါတယ်။

Host Schools - Singapore secondary schools

Degree Level - GCE O-Level and A-Level

Funding - Full Funding

Application Period - 1 Apr - 30 May 2025
 

၆။ Global Korea Scholarship

ဟန်းဂုပြည်မှာ ကျောင်းသွားတက်ချင်တဲ့ ကျောင်းသားတိုင်း စိတ်ဝင်စားတဲ့ ပညာသင်ဆုပါ။ ကိုရီးယားအစိုးရက ထောက်ပံ့ပေးထားတဲ့ GKS ကို ဘွဲ့ကြို၊ ဘွဲ့လွန်ကျောင်းသားတိုင်း လျှောက်ထားလို့ရပါတယ်။ လျှောက်ထားနိုင်မယ့် နည်းလမ်းကတော့ ကိုရီးယား သံရုံးကနေတဆင့် (သို့) တက္ကသိုလ်တိုက်ရိုက် လျှောက်ထားလို့ ရပါတယ်။

Host Universities - Korean Universities

Degree Level - Bachelor , Master , Doctoral , Research

Funding - Full Funding

Application Period - Varies by Embassies and Universities

 

၇။ MEXT

ဂျပန်နိုင်ငံ ပညာရေး၊ ယဉ်ကျေးမှု၊ အားကစားသိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနက ပေးအပ်တဲ့ အဆင့်မြင့် ပညာသင်ဆုဖြစ်ပါတယ်။ GKS ပညာသင်ဆုလို သူ့ကိုလည်း ဂျပန်သံရုံး / MAJA ကနေတဆင့် (သို့) တက္ကသိုလ်တိုက်ရိုက် လျှောက်ထားလို့ ရပါတယ်။ MEXT ပညာသင်ဆုမှာ Undergraduate ၊ Specialized Training College ၊ College of Technology နဲ့ Research ဆိုပြီး Category (၄) ခုရှိတဲ့အတွက် မိမိကြိုက်ရာ လျှောက်လို့ရပါတယ်။

Host Universities - Japan Universities

Degree Level - Undargraduate and Graduate

Funding - Full Funding

Application Period - Varies by Embassies and Universities

 

၂၀၂၅ ခုနှစ်မှာ နိုင်ငံခြားသွားပြီး ပညာသင်ကြားဖို့ အိမ်မက်ရှိတယ်ဆိုရင် ဖော်ပြပါ ပညာသင်ဆုတွေထဲက မိမိနဲ့ သင့်တော်မယ့် ပညာသင်ဆု တစ်ခုကို ရွေးချယ်ပြီး အခုတည်းက တက်ရောက်ချင်တဲ့ တက္ကသိုလ်မှာ ဝင်ခွင့်လျှောက်ထားဖို့ အကြံပြုပါတယ်။

==========================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

International Latest Post Read 1162 times