ကယားပြည်နယ်အတွင်း တက္ကသိုလ်များ အမြန်ဆုံး ပြန်ဖွင့်နိုင်ရေး စီစဉ်နေ

 

ကယားပြည်နယ်အတွင်းရှိ ကျောင်းသားကျောင်းသူများ ပုံမှန်အတိုင်း ပညာသင်ကြားနိုင်ရန်အတွက် ပြည်နယ်အတွင်း တက္ကသိုလ်၊ ကောလိပ်များနှင့် သိပ္ပံကျောင်းများ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

 

တက္ကသိုလ်၊ ကောလိပ်နှင့် သိပ္ပံကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး စီစဉ်နေသည့်အပြင် စာသင်ဆောင်များ၊ အိပ်ဆောင်များ၊ စားရိပ်သာများနှင့် ဆရာ/ဆရာမ ဝန်ထမ်းအိမ်ရာများ စသည့် လိုအပ်သည်များကိုလည်း ပြုပြင်ဆောင်ရွက်လျက်ရှိပါသည်။ 

 

ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် အာဏာပိုင်များသည် ပြီးခဲ့သည့် ဩဂုတ်လ (၁၇) ရက်နေ့၊ စနေနေ့တွင် လွိုင်ကော်ပညာရေးဒီဂရီကောလိပ်သို့ သွားရောက်၍ ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြုပြင်ဆောင်ရွက်ရန် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။ 

 

ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာလှပရေးနှင့် ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေးအတွက် တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၏ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြပါသည်။

 

Source - ပြန်ကြားရေးဝန်ကြီးဌာန

Local News Read 93 times