သွားလာရေးခက်ခဲသောဒေသတို့အတွက် ဆေးတက္ကသိုလ်ဝင်ခွင့် ခေါ်ယူ


နိုင်ငံတော်မှထုတ်ပြန်ထားသော ဒေသစရိတ် ခံစားခွင့်ရှိသည့် သွားလာရေးနှင့် လူမှုရေးခက်ခဲသော ဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၆) ခုတို့မှ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သူများအား ဆေးတက္ကသိုလ်ဝင်ခွင့်အတွက် ရွေးချယ်ခေါ်ယူသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

 

ဒေသစရိတ် ခံစားခွင့်ရှိသည့် သွားလာရေးနှင့် လူမှုရေးခက်ခဲသော ဒေသများ

 

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ

  • နာဂ
  • ဓနု
  • ပအိုဝ်း
  • ပလောင်
  • ကိုးကန့်

 

ဆေးတက္ကသိုလ်ဝင်ခွင့်အတွက် သတ်မှတ်အရည်အချင်း

  • ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို သိပ္ပံဘာသာတွဲဖြင့် အောင်မြင်ပြီး (၆) ဘာသာစုစုပေါင်းရမှတ် (၄၅၀) နှင့်အထက် ရရှိသူများဖြစ်ရမည်။
  • ဝေးလံခက်ခဲ့သောဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ စာစစ်ဌာနများမှ အောင်မြင်ထားသူများ ဖြစ်ရမည်။
  • အင်္ဂလိပ်စာ၊ ဓာတုဗေဒ၊ ဇီ၀ဗေဒ (၃) ဘာသာ စုစုစုပေါင်းရမှတ် အများ/အနည်းပေါ် မူတည်မည်။
  • သတ်မှတ်ချက်များနှင့် ကိုက်ညီသူများကို လူတွေ့နှုတ်မေးစားမေးပွဲ စစ်ဆေးပါမည်။

 

သတ်မှတ်ချက်များနှင့် ပြည့်စုံ၍ ရမှတ်အကျုံးဝင်သူများသည် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ နေပြည်တော်၊ ဖုန်း ၀၆၇-၃၄၁၁၂၃၉ နှင့် Email ([email protected]) တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

Latest Post Local News Read 586 times