Sales Hotline : 09448001653       Download App



အလယ်တန်းနှင့် မူလတန်းကျောင်းများကို ကိုဗစ် စည်းမျဉ်း လျှော့ချပေးနိုင်ရေး ဆောင်ရွက်

အထက်တန်းကျောင်းတွေကို သတ်မှတ်စည်းမျဉ်း အချက် (၈၀) ဖြင့်စစ်ဆေးခဲ့ပြီး အလယ်တန်းနဲ့ မူလတန်းကျောင်းများကို မဖြစ်မနေ ဖြည့်ဆည်းရမယ့်အချက်များသာ ဆောင်ရွက်ရမည်ဖြစ်ပြီး ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် အချက်များကို လျော့ချပေးနိုင်ရေး ဌာနပေါင်းစုံပါဝင်သည့် အစည်းအဝေး လုပ်ဆောင်ကာ ညှိနှိုင်းသွားမည်ဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာနမှ အထက်တန်းအဆင့် ကျောင်းတွေကို ကိုဗစ်သတ်မှတ်စည်းမျဉ်းများနှင့်အညီ ကျောင်းများ ပြန်ဖွင့်နိုင်‌ရေး စစ်ဆေးခဲ့ရာတွင် အခြေခံ အချက်ပေါင်းပညာရေးဝန်ကြီးဌာနမှ အထက်တန်းအဆင့် ကျောင်းတွေကို ကိုဗစ်သတ်မှတ်စည်းမျဉ်းများနှင့်အညီ ကျောင်းများ ပြန်ဖွင့်နိုင်‌ရေး စစ်ဆေးခဲ့ရာတွင် အခြေခံ အချက်ပေါင်း (၈၀) သတ်မှတ်စစ်ဆေးခဲ့ပြီး အေအဆင့် ရရှိခဲ့သည့် ကျောင်းများကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ပါတယ်။ (၈၀) သတ်မှတ်စစ်ဆေးခဲ့ပြီး အေအဆင့် ရရှိခဲ့သည့် ကျောင်းများကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ပါတယ်။

အလယ်တန်းနဲ့မူလတန်းကျောင်းများကိုလည်း ဆက်လက်စစ်ဆေးသွားမည်ဖြစ်၍ အထက်တန်း ကျောင်းများကဲ့သို့ သတ်မှတ်ချက်များ မဖြစ်စေရန်နှင့် ဖြည့်ဆည်းရမည့် အချက်များကိုသာ လမ်းညွှန် ချက်ပေး၍ ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် အချက်များကို လျှော့ချပေးနိုင်ရေးအတွက် အစည်းအဝေးပြုလုပ်၍  ဆုံးဖြတ်သွားမည်ဟု အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရပါတယ်။

၎င်းအပြင် မူလက သြဂုတ်လ (၄) ရက်နေ့နှင့် (၁၁) ရက်နေ့များတွင် ဆက်တိုက်ဖွင့်လှစ်ရန် စီစဉ်ထားသည့် အလယ်တန်းနှင့် မူလတန်းကျောင်းများကို ရက်အကန့်အသတ်မရှိ နောက်ဆုတ်ထားကြောင်းလည်း သိရပါတယ်။

နောက်ဆုတ်လိုက်ရခြင်းမှာ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး ကော်မတီ၏ ညွှန်ကြားမှုကြောင့် ဖြစ်ပြီး အထက်တန်းကျောင်းများကို စစ်ဆေးခဲ့သည့်အတိုင်း အေ၊ ဘီ၊ စီ အဆင့်သတ်မှတ်ချက်များနှင့် ုကိုက်ညီစစ်ဆေးကာ ဖွင့်လှစ်နိုင်ရေးဆောင်ရွက်သွားမည်ဟု သိရပါတယ်။

အေအဆင့်ရှိသည့် အထက်တန်း ကျောင်းပေါင်း (၃၇၇၂) ကျောင်း စတင်ဖွင့်လှစ်ခွင့်ရရှိခဲ့ပြီး၊ ဘီအဆင့် ရရှိခဲ့သည့် ကျောင်းပေါင်း (၁၂၂၀) ကျောင်းနှင့့် စီအဆင့် ရရှိခဲ့သည့် ကျောင်းပေါင်း (၈၃၈) ကျောင်း စုစုပေါင်း (၂၀၅၈) ကျောင်းကို ဒုတိယ အဆင့်အနေဖြင့် ဆက်လက်ဖွင့်လှစ်နိုင်ရေးအတွက် စစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။

အထက်တန်းကျောင်းက (၇၁၇၃) ကျောင်းရှိပြီး အလယ်တန်းနဲ့ မူလတန်းကျောင်းတွေပြန်ဖွင့်ပါက တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ကျောင်းပေါင်း (၄) သောင်းကျော်ရှိမည်ဖြစ်ကြောင်းသိရပါတယ်။

Credit: The News Post

 

Latest Post Tips Tips Tips News Read 12575 times