နိုင်ငံတကာနှစ်သစ်ကူးနေ့နှင့် တရုတ်နှစ်သစ်ကူးနေ့ကို ပိတ်ရက်အဖြစ် စတင်သတ်မှတ်

၂၀၂၅ ခုနှစ် ပြက္ခဒိန်နှစ်မှ စ၍ နိုင်ငံတကာနှစ်သစ်ကူးနေ့နှင့် တရုတ်နှစ်သစ်ကူးနေ့တို့ကို အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် တရားဝင်သတ်မှတ်လိုက်ပြီဖြစ်ကြောင်း သိရှိရပါသည်။ 

 

မြန်မာနိုင်ငံတွင် ပြက္ခဒိန်နှစ်တစ်နှစ်၏ အများပြည်သူအလုပ်ပိတ်ရက်များအဖြစ် ဘာသာရေးဆိုင်ရာ နေ့ထူးနေ့မြတ်များ၊ နိုင်ငံတော်၏ ထူးခြားသမိုင်းဝင်သည့်နေ့ရက်များ၊ မြန်မာနှစ်သစ်ကူးနေ့ရက်များ၊ ကရင်နှစ်သစ်ကူးနေ့ရက်များကို နှစ်စဉ်ပြက္ခဒိန်နှစ်တစ်နှစ်မစတင်မီ နိုင်ငံတော်အစိုးရမှ ကြိုတင်ထုတ်ပြန်ပေးရသည်။ 

 

ထိုသို့ထုတ်ပြန်ရာတွင် ၂၀၂၅ ခုနှစ် ပြက္ခဒိန်နှစ်အတွက် ဇန်နဝါရီလ ၁ ရက်နေ့ကို နိုင်ငံတကာနှစ်သစ်ကူးနေ့ပိတ်ရက်အဖြစ်နှင့် ဇန်နဝါရီလ ၂၉ ရက်နေ့ကို တရုတ်နှစ်သစ်ကူးနေ့ပိတ်ရက်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။ 

 

မြန်မာနိုင်ငံသည် နိုင်ငံတကာမိသားစုဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံအများစုတွင် အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်သည့် ဇန်နဝါရီလ ၁ ရက်နေ့ကို နိုင်ငံတကာနှစ်သစ်ကူးနေ့အဖြစ် သတ်မှတ်ခဲ့ပြီး တရုတ်နှစ်သစ်ကူးနေ့ကိုလည်း အိမ်နီးချင်းမိတ်ဖက်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်နှီးမှုကို ပိုမိုခိုင်မာစေသည့်အနေဖြင့် မြန်မာနိုင်ငံ၏ အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

 

 Source - ပြန်ကြားရေးဝန်ကြီးဌာန

 

Related Article : အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်/မန္တလေး) မှ ပထမနှစ်သင်တန်းများ

>> https://www.edge.com.mm/article/university-of-arts-and-culture.html?

 

Latest Post Local News Read 326 times