Sales Hotline : 09448001653       Download App



အွန်လိုင်းမှသာ ထုတ်ပြန်မည့် PPTT အောင်စာရင်းများ

၂၀၂၀ခုနှစ်အတွက် လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း၏ ဝင်ခွင့်စာမေးပွဲ ရေးဖြေ၏ အောင်စာရင်းများကို အွန်လိုင်းမှသာထုတ်ပြန်မည်ဖြစ်ပြီး ကျောင်းများတွင် အောင်စာရင်းကပ်မည် မဟုတ်တော့ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရပါတယ်။

COVID-19 ကပ်ရောဂါကြောင့် ဖြေဆိုပြီးစီးထားသည့် လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း(PPTT)အောင်စာရင်းများကို လေးလခန့်ကြာသည်အထိ ထုတ်ပြန်နိုင်ခြင်းမရှိသေးဘဲ၊ ယခုအခါ အောင်စာရင်းထုတ်ပြန်ရန်အတွက် အဆင်သင့်ဖြစ်နေပြီဖြစ်သော်လည်း COVID-19 ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ ခွင့်ပြုချက်ရရှိပါက အွန်လိုင်းမှတစ်ဆင့် ချက်ခြင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

“ခွင့်ပြုချက်ကျရင် ချက်ခြင်းထုတ်ပြန်ပေးမှာပါ။ကျောင်းတွေမှာတော့မကပ်တော့ဘူး။အွန်လိုင်းကနေဘဲထုတ်ပြန်မှာပါ။အဆင့်မြင့်ပညာဦးစီးဌာနဝက်ဘ်ဆိုဒ်၊သတင်းစာ၊ကျောင်းအသီးသီးရဲ့အွန်လိုင်းတွေကတစ်ဆင့် ထုတ်ပြန်မှာပါ”ဟုအဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဖြစ်သူက ပြောပါတယ်။

လက်ဖြစ်ပွားနေသော ကပ်ရောဂါအခြေအနေကြောင့် ၎င်းသင်တန်းကို Face to Face သင်ကြားနိုင်ရန်အဆင်မပြေသည့်အတွက် အင်တာနက်ရရှိသည့်နေရာများတွင် အွန်လိုင်းဖြင့်သင်ကြားပြီး အင်တာနက်အဆင်မပြေသည့် နေရာများအတွက် သင်ခန်းစာများထည့်သွင်းထားသည့် မန်မိုရီစတစ် သို့မဟုတ် စီဒီအခွေများဖြင့် Off Line ဖြင့်ပို့ချနိုင်ရန် စီစဉ်ထားကြောင်းလည်းသိရပါတယ်။

Credit: Education Info Page

 

Latest Post Tips News Read 28250 times