စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ဘွဲ့လွန်ပညာရေးဒီပလိုမာသင်တန်းအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ စတင် ဖွင့်လှစ်မည်ဖြစ်ပြီး (၉) လကြာ တက်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။
အရည်အချင်းသတ်မှတ်ချက်
သင်တန်းတက်ရောက်ရမည့်နေရာ
စစ်ကိုင်းပညာရေးတက္ကသိုလ်
သင်တန်းစတင်ဖွင့်လှစ်မည့်ရက်
၁.၂.၂၀၂၅ (စနေနေ့)
သင်တန်းတက်ရောက်ရမည့် နေ့ရက်နှင့် အချိန်
စနေ၊ တနင်္ဂနွေ - နံနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီထိ
သင်တန်းကာလ
(၉) လ
သင်တန်းကြေး
(၄) သိန်းကျပ်
ပေးအပ်မည့်ဘွဲ့
ဘွဲ့လွန်ပညာရေး ဒီပလိုမာ [Postgraduate Diploma in Education (PGDip.Ed)]
လျှောက်ထားရမည့်ပုံစံ
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့မှ စတင်ကာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၆) ရက်နေ့အထိ စစ်ကိုင်းပညာရေးတက္ကသိုလ်၊ သင်တန်းရေးရာဌာနတွင် လျှောက်ထားနိုင်ပါသည်။ လျှောက်လွှာနှင့်အတူ -
စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ဇန်နဝါရီလ (၁၂) ရက်နေ့၊ တနင်္ဂနွေနေ့မှာ နံနက် (၉) နာရီမှ (၁၁) နာရီထိ (ပညာရေးနှင့် ပတ်သက်သော အထွေထွေ ဗဟုသုတ)၊ မွန်းလွဲ (၁) နာရီမှ (၃) နာရီထိ အင်္ဂလိပ်စာကို ရေးဖြေဖြေဆိုပြီး ဇန်နဝါရီလ (၂၀) ရက်၊ တနင်္လာနေ့၊ နံနက် (၉) နာရီမှ စတင်ကာ လူတွေ့ဖြေဆိုရမည်ဖြစ်သည်။
သင်တန်းနှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို သိရှိလိုပါက စစ်ကိုင်းပညာရေးတက္ကသိုလ်ရှိ အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
ဒုဌာနမှူး (သင်တန်းရေးရာ)
ဖုန်း-၀၉-၇၉၇၉၉၆၃၅၈၊
မော်ကွန်းထိန်း (ကျောင်းသားရေးရာ)
ဖုန်း-၀၉-၄၄၄၆၉၄၈၆၂
မော်ကွန်းထိန်း (စာမေးပွဲနှင့်ဘွဲ့နှင်း)
ဖုန်း-၀၉-၄၀၃၇၁၈၄၁၅၊
လက်ထောက်မော်ကွန်းထိန်း (စာမေးပွဲနှင့်ဘွဲ့နှင်း)
ဖုန်း-၀၉-၄၄၄၀၃၃၈၅၁
=============================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။