ရန်ကုန်အဝေးသင်တက္ကသိုလ်မှ အွန်လိုင်း စီးပွားရေးဒီပလိုမာသင်တန်း

 

ရန်ကုန်အဝေးသင်တက္ကသိုလ်၏ စီးပွားရေးပညာဌာနမှ ဦးစီး၍ Post Graduate Diploma in Business (PGDB) သင်တန်းကို Online ဖြင့် သင်ကြား ပို့ချမည်ဖြစ်ကြောင်း သိရသည်။ သင်တန်းလျှောက်လွှာကိုလည်း ဇန်နဝါရီလ (၁၇) ရက်နေ့မှ စပြီး အွန်လိုင်းမှတဆင့် လျှောက်ထားနိုင်ပါသည်။

 

အဆိုပါ ဘွဲ့လွန်ဒီပလိုမာ သင်တန်းအတွက် အောက်ပါအရည်အချင်းများနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်။

(က) အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်။

(ခ) သင်တန်းသို့ အစိုးရဌာနများနှင့် NGO များမှ ဘွဲ့ရအရာထမ်းများအပြင် ပြင်ပပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ၌ လုပ်ကိုင်နေသော ဘွဲ့ရပုဂ္ဂိုလ်များပါ လျှောက်ထားနိုင်သည်။

 

သင်တန်းလျှောက်လွှာများကို ရန်ကုန်အဝေးသင်တက္ကသိုလ်၏ https://ecohrd.yude.edu.mm မှတစ်ဆင့်    (၁၇-၁-၂၀၂၅ ) ရက် နံနက် (၉:၀၀) နာရီမှစ၍ လိုင်စင်ဓာတ်ပုံ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်နှင့် ဘွဲ့လက်မှတ် အထောက်အထားများ ပူးတွဲပြီး လျှောက်ထားနိုင်ပါသည်။

 

သင်တန်းသားဦးရေ ကန့်သတ်ထားပါသဖြင့် သတ်မှတ်ဦးရေပြည့်ပါက Register ပိတ်ပါမည်။ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံပြီး Online registration အောင်မြင်သူများအား Email မှတဆင့် အကြောင်းကြားပါမည်။ သင်တန်းကို ၂၀၂၅ ခုနှစ်၊ မတ်လ (၁) ရက်နေ့ စတင်ဖွင့်လှစ်မှာ ဖြစ်ပြီး (၁၀) လကြာ တက်ရောက်ရပါမည်။

 

သင်တန်းနှင့်ပတ်သက်၍ ဖုန်းနံပါတ် 01-7525824, 09-250152501 သို့ ရုံးချိန်အတွင်း အသေးစိတ်မေးမြန်းစုံစမ်းနိုင်ပါသည်။ ဆက်သွယ်ရန်လိပ်စာမှာ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ စီးပွားရေးပညာဌာန၊ သထုံလမ်းတွင် ဆက်သွယ်နိုင်ပါသည်။

===========================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

 

Latest Post Local News University / College Vocational Read 1242 times