မြန်မာကျောင်းသားအများစု ရွေးချယ်တက်ရောက်ကြတဲ့ Course များ

 

မြန်မာကျောင်းသားတွေအနေနဲ့ အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ ပညာရေးလမ်းကြောင်းတွေ၊ ပိုမိုအခွင့်အလမ်းများတဲ့ အလုပ်အကိုင်တွေကို ရွေးချယ်တက်လှမ်းနိုင်ဖို့ လှေကားဖြစ်တဲ့ Skills တွေ၊ Knowlwdge တွေကို အရင်ဆုံး သင်ယူလေ့ရှိကြပါတယ်။

 

ကိုယ်သွားချင်တဲ့ Career လမ်းကြောင်းပေါ်မူတည်ပြီး လေ့လာသင်ယူရမယ့် ဘာသာရပ်တွေ၊ သင်ခန်းစာတွေ၊ သင်တန်းတွေကလည်း အမျိုးမျိုးကွဲပြားနိုင်ပါတယ်။ သင်ယူစရာတွေများစွာရှိတဲ့ထဲက လက်ရှိ မြန်မာနိုင်ငံမှာ ကျောင်းသားအများစု စိတ်ဝင်စားပြီး ရွေးချယ်တက်ရောက်နေကြတဲ့ Course (၅) ခုကို ဖော်ပြပေးသွားပါမယ်။ 

 

GED (or) IGCSE

အခုလက်ရှိ မြန်မာနိုင်ငံမှာ ကျောင်းသားတိုင်းလိုလို နိုင်ငံခြားမှာ ကျောင်းတက်ဖို့ အိမ်မက်ရှိကြပါတယ်။ နိုင်ငံခြားမှာ ကျောင်းတက်ဖို့၊ စကော်လားရှစ်လျှောက်ဖို့ဆိုရင် မြန်မာနိုင်ငံရဲ့ အထက်တန်းအောင်လက်မှတ်ထက် နိုင်ငံတကာအသိအမှတ်ပြု (၁၂) တန်းပညာရေး အောင်လက်မှတ်တွေဖြစ်ကြတဲ့ GED (ဒါမှမဟုတ်) IGCSE တို့လို အောင်လက်မှတ်တွေက မရှိမဖြစ်လိုအပ်ပါတယ်။

မြန်မာကျောင်းသားအများစုကတော့ IGCSE ထက် GED Preperation Course ကို တက်တာပိုများပါတယ်။ ဘာကြောင့်လဲဆိုရင် GED က IGCSE လောက် အချိန်လည်း မပေးရသလို ပိုက်ဆံကုန်လည်း သက်သာပါတယ်။ နောက်ပိုင်း စာမေးပွဲဖြေဆိုရမယ့်အချိန်ကို သတ်မှတ်ထားခြင်းမရှိတဲ့အတွက် ကိုယ့်ဘက်က အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ Register လုပ်ပြီး ဖြေဆိုလိုက်ရုံပါပဲ။ 


Language Courses

ပြည်တွင်းမှာရော ပြည်ပမှာပါ အဆင့်မြင့်ပညာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေအတွက် အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှုက အရေးကြီးပါတယ်။ TOEFL နဲ့ IELTS တို့လို သင်တန်းတွေဆိုရင် နိုင်ငံခြားမှာ ကျောင်းတက်ဖို့၊ အလုပ်ကောင်းတစ်ခုရဖို့ လိုအပ်တာဖြစ်တဲ့အတွက် နိုင်ငံခြားထွက်ဖို့ စဉ်စားနေတဲ့ မြန်မာကျောင်းသားတွေ တက်ကြတာ များပါတယ်။ နိုင်ငံခြားဘာသာစကားသင်တန်းမှာဆိုရင် အင်္ဂလိပ်အပြင် ဂျပန်နဲ့ တရုတ်ဘာသာစကားတို့ကိုလည်း တက်ကြတဲ့သူတွေများပါတယ်။ 

 

Computer and IT Courses

နည်းပညာခေတ်ဆိုတော့ နည်းပညာနဲ့ ပတ်သတ်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေက နောက်ပိုင်းမှာ ပိုကောင်းလာဖွယ်ရှိပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် Programming Languages ဖြစ်တဲ့ Python, Java, and C++ တို့လို သင်ခန်းစာတွေ၊ Games , Application တို့ကို ဒီဇိုင်းဆွဲ ဖန်တီးနိုင်တဲ့ Software Development ပိုင်းတွေ၊ လုပ်ငန်းခွင်အသုံးချ ကွန်ပျူတာဆိုင်ရာ Software တွေဖြစ်တဲ့ Word, Excel, Powerpoint နဲ့ Adobe တို့ကို လေ့လာတဲ့ ဘာသာရပ်တွေ၊ Graphic Design နဲ့ Video Editing ပိုင်းတွေကို စိတ်ဝင်စားကြပါတယ်။

နောက်ပြီး Data is all around you ဖြစ်နေတဲ့ခေတ်ကြီးမှာ Data Analysis တို့၊ Data Science တို့လို သင်တန်းတွေကိုလည်း တက်ကြပါတယ်။ IT Course တွေက စျေးလည်းကြီးသလို တက်ထားပြီးရင်လည်း လစာမြင့်အလုပ်တွေကို မျှော်မှန်းနိုင်ပါတယ်။              

 

Business and Management Courses

မြန်မာနိုင်ငံမှာ စီးပွားရေးနဲ့ ပတ်သက်တဲ့ စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းတွေကလည်း မှိုလိုပေါက်အောင် ပေါပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ကောင်းသလို ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု စတင်ချင်ရင်လည်း လိုအပ်တဲ့ Skill တွေပါပဲ။

Management Course တွေထဲမှာဆို မြန်မာကျောင်းသားလူငယ်တွေ အတက်များတာကတော့ Business Management၊ Marketing Management (အထူးသဖြင့် Digital Marketing)၊ HR Management နဲ့ Project Management ပိုင်းတို့ ဖြစ်ပါတယ်။ Service Industry ပိုင်းမှာ အလုပ်ဝင်ချင်တာဆိုရင်တော့ အခုနောက်ပိုင်းမှာ ပိုပြီးခေတ်စားလာတဲ့ Hospitality & Tourism Management နဲ့ Event Management တို့ကိုလည်း လေ့လာသင်ယူနိုင်ပါတယ်။       


Pharmacy and Nursing Courses

မြန်မာနိုင်ငံမှာတော့ ပညာရေးကို ဆုံးခန်းတိုင်အောင် သင်ကြားခွင့်မရခဲ့တဲ့ လူငယ်တွေ အရွေးများတဲ့ အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုကတော့ ဆေးဝါးကျွမ်းကျင်နဲ့ သူနာပြုအကူသင်တန်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကျယ်ပြန့်လာတဲ့ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍနဲ့ ကျွမ်းကျင်လုပ်သား လိုအပ်ချက်တွေကြောင့် သူနာပြုနဲ့ ဆေးဝါးကျွမ်းကျင်သူများ လိုအပ်လျက်ရှိပါတယ်။

သူနာပြုသင်တန်းက ပြီးစီးသွားရင်လည်း ပြည်တွင်းမှာသာမက ပြည်ပမှာပါ အလုပ်အကိုင်အခွင့်အလမ်းတွေ ရနိုင်ပါတယ်။ ဆေးဝါးကျွမ်းကျင်သင်တန်းတက်ပြီးရင်တော့ ဆေးကုမ္ပဏီမှာဖြစ်ဖြစ်၊ ဆေးရုံ/ဆေးခန်းမှာဖြစ်ဖြစ်၊ ကိုယ်ပိုင်ဆေးဆိုင်လေး ဖွင့်ပြီးဖြစ်ဖြစ် အသက်မွေးဝမ်းကျောင်း ပြုနိုင်ပါတယ်။ 

-----------------------------------------

VPN မလိုဘဲ ပညာရေးသတင်းအစုံအလင်ကို ဖတ်ရှုနိုင်ဖို့ Myanmar Education Guide ရဲ့ Telegram Channel ကို အခုပဲ Join ထားလိုက်တော့နော်။

Join our Telegram Channel

> https://t.me/eudcationguide

 

Latest Post Vocational Read 997 times