နိုဝင်ဘာ ၂၃ (IANS) အီရတ်အစိုးရသည် နိုင်ငံအတွင်း ပညာရေးဌာနများ မလုံလောက်မှုကို ဖြည့်ဆည်းရန်အားထုတ်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ်ကျောင်း ၇၀၀၀ တည်ဆောက်ရန်စီစဉ်ထားကြောင်း ကြေငြာခဲ့သည်။
တနင်္ဂနွေနေ့က အီရတ်ဝန်ကြီးချုပ် Mustafa al-Kadhimi ၏ မီဒီယာရုံးမှ ထုတ်ပြန်ချက်တွင် al-Kadhimi သည်အီရတ်ရှိ ကျောင်းများဆောက်လုပ်ရေးအတွက် အဆင့်မြင့်ကော်မတီနှင့် နိုင်ငံတဝှမ်းရှိ အဆောက်အအုံပေါင်း ၇၀၀၀ တည်ဆောက်မှုဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးရန်ပြုလုပ်ခဲ့သည် ဟုဆင်ဟွာသတင်းအေဂျင်စီ ကပြောကြားခဲ့သည်။
စီမံကိန်းပထမအဆင့်တွင် ကျောင်းအဆောက်အအုံ ၁၀၀၀ ဆောက်လုပ်ခြင်းပါဝင်ကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။ Al-Kadhimi က ကျောင်းများကို ခေတ်မီဒီဇိုင်းများနှင့်အညီ တည်ဆောက်သင့်ကြောင်း အလေးထားပြောကြားခဲ့သည်။ နှစ်ပေါင်းများစွာ စစ်ပွဲများ၊ ပဋိပက္ခများနှင့် ပညာရေးဆိုင်ရာ အဖွဲ့အစည်းများကို အကြီးအကျယ်ပျက်စီးစေခဲ့သော အကျင့်ပျက်ခြစားမှုများကြောင့် အီရတ်တွင် ကျောင်းများရှားပါးမှုနှင့်ကြုံတွေ့ခဲ့ရသည်။
ပျက်စီးယိုယွင်းနေသော ပညာရေးဆိုင်ရာ အခြေခံအဆောက်အအုံများသည် အချို့ကျောင်းများကို တစ်နေ့လျှင် သုံးဆိုင်းပြောင်းရန် တွန်းအားပေးခဲ့သည်။ ထိုနေ့အစောပိုင်းက ပါလီမန်ပညာရေးကော်မတီ အကြီးအကဲ Qusay al-Yasiri က ပြည်တွင်းမီဒီယာများသို့ ပြောကြားရာတွင် အီရတ်သည် နိုင်ငံအတွင်းရှိ ကျောင်းအဆောက်အအုံများ မလုံလောက်မှုကိုဖြည့်ဆည်းရန်ကျောင်း ၁၅၀၀၀ မှ ၂၀၀၀၀ ကြားတွင် တည်ဆောက်ရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။
ယူနီဆက်ဖ်ရဲ့ အဆိုအရ အီရတ်နိုင်ငံမှ ာကလေးသူငယ် ၃.၂ သန်းနီးပါးသည် ကျောင်းများမရှိသောကြောင့် ကျောင်းထွက်နေတယ်လို့ဆိုပါတယ်။ မူလတန်းနှင့် အလယ်တန်းကျောင်းများတွင် မိန်းကလေးနည်းပါသောကျောင်းများတွင် အခြေအနေမှာပိုဆိုးသည်ဟုသိရသည်။
Ref: menafn
By Yu Khine