Sales Hotline : 09448001653       Download App



Online Teaching and Learning စနစ်အတွက် ကြိုတင်လုပ်ဆောင်ရန်အသိပေး

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်တွေအနေဖြင့် Online Teaching and Learning စနစ်အတွက် ကြိုတင်လုပ်ငန်းများစီမံဆောင်ရွက်ထားကြရန် ပါမောက္ခချုပ်များကော်မတီမှ အသိပေးထားပါတယ်။

ပါမောက္ခချုပ်များကော်မတီ၏ ကျင်းပပြုလုပ်ခဲ့သည့် ဗဟိုအမှုဆောင်များ Tele-meeting တွင် ဆွေးနွေးညှိနှိုင်းချက်များအရ COVID-19 ကပ်ရောဂါကာလအတွင်း တက္ကသိုလ်ကျောင်းသား/သူများ ပညာသင်ယူမှုအခွင့်အလမ်းများ မဆုံးရှုံးစေရန် ရည်ရွယ်၍ Online Teaching and Learning စနစ်ဖြင့် သင်ကြားသင်ယူမှုလုပ်ငန်းများ အစားထိုးအကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်သည်ဟု ဆုံးဖြတ်ခဲ့ကြပါတယ်။

အသိပေးချက်များတွင် တက္ကသိုလ်၊ ကောလိပ်များအနေဖြင့် Internet Capacity/Connectivity ဆရာ/ဆရာမမျာ၊ ကျောင်းသား/သူများအကြား အလွယ်တကူချိတ်ဆက်နိုင်မည့် email များပြုစုထားခြင်း၊ အတန်းလိုက် ဘာသာရပ်များအလိုက် Facebook Grouping များဖွဲ့စည်းထားခြင်း၊ ကျောင်းစီမံခန့်ခွဲရေးအဖွဲ့ သင်တန်းရေးရာဌာနနှင့် သင်ကြားရေးဌာနများအတွင်း Network ဆောင်ရွက်ထားခြင်း၊ ဘာသာရပ်အလိုက် Online Teaching and Learning Curriculum Content များကြိုတင်အစီအစဉ်များပါဝင်ပါက ကြိုတင်စီမံထားခြင်းများကို စီမံဆောင်ရွက်ထားကြရန် စသည့်အချက်များပါဝင်ပါတယ်။

Credit: Internet Journal

 

Latest Post News Tips Read 1438 times